ဆီးချိုဘယ်နေရမှန်း မသိအောင်ဖြစ်သွားတဲ့ ကြက်သံပုရာပေါင်း
အခုတလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကြက်သံပုရာပေါင်း အကြောင်းကို မဖတ်ရသေးတဲ့သူများအတွက် ကျန်းမာရေး
သတင်းများစာမျက်နှာမှ ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှ အသက် ၅၅ နှစ်ရှိ လူတစ်ယောက်ဟာ ဆီးချိုရောဂါဖြစ်နေတဲ့အတွက် ဆရာဝန်ကြီးပေးတဲ့ ဆီးချိုရောဂါဆေးကို သောက်နေတာ ၂ နှစ်လောက် ရှိသွားပါပြီ။
အသက် ၅၇ နှစ်လောက်မှာ မလေးရှားက အမျိုးတွေဆီ အလည်အပတ်သွားတဲ့အခါ သူ့မှာ ဆီးချိုရောဂါရှိနေမှန်းသိခဲ့လို့ သူ့ညီက ကြက်သံပုရာပေါင်းကိုလုပ်ပြီး တိုက်ကျွေးပေးခဲ့တယ်။
ကြက်သံပုရာပေါင်းဟာ ဆီးချိုရောဂါ ၂၅ နှစ်လောက် ဖြစ်နေတဲ့သူတွေတောင် ပျောက်တယ်ဆိုတာ သိခဲ့ရလို့ သူလည်း ယုံကြည်စွာ သောက်ခဲ့တယ်။
ဒီဆေးနည်းဟာ ထိုင်ဝမ်ကျွန်းမှာ နေထိုင်နေကြတဲ့ ဟော့ပ်ကင် ( Hokkien ) လူမျိုးတို့ရဲ့ ရိုးရာဆေးနည်းလို့ သိရပါတယ်။
မလေးရှားမှာရှိနေစဉ် ၄ ကြိမ်တိုင်တိုင် သောက်ခဲ့ပါတယ်။ (ကြက်တစ်ကောင်ပေါင်းလျှင် ၅ ရက်ခန့် စားယူရတဲ့အတွက် တစ်လနီးပါးကြာအောင် သောက်ခဲ့တယ်)။
ထိုင်ဝမ်ကို ပြန်ရောက်လို့ ဆရာဝန်ကြီးက ဆေးစစ်ကြည့်လိုက်တော့ ဆီးချိုရောဂါဟာ အတက်အကျလည်း မရှိတော့ဘူး။
ဆေးသောက်စရာလည်း မလိုတော့ဘူးလို့ ပြောပါတယ်။နောက်ပိုင်းမှာ ဆီးချိုတိုင်းကိရိယာလေးနဲ့ အမြဲတိုင်းကြည့်တော့လည်း ဆီးချိုရောဂါဟာ အတက်အကျလုံးဝမရှိတော့ပါဘူး။
ဒါ့ကြောင့် ကြက်သံပုရာပေါင်းကိုလည်း တစ်လတစ်ကြိမ်ခန့်သာ သောက်ပါတော့တယ်။
အခုဆိုရင် သူဟာ အသက် ၇၁ နှစ်ရှိပါပြီ။ သူ့သားသမီးများရှိရာ ကနေဒါနဲ့ ယူအက်စ်တို့မှာ သွားလာနေထိုင်ရင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နေပါတယ်။
ကြက်သံပုရာပေါင်း ပြုလုပ်နည်း
(၁) အိမ်ကြက်တစ်ကောင်ကို ခြေဖြတ်၊ ခေါင်းဖြတ်ပြီး အတွင်းကလီစာများကို ဖယ်ထုတ်ပါ။
(၂) ရေစင်အောင် ဆေးကြောပြီး ပေါင်းအိုးထဲကို ထည့်ပါ။ (ပုံထဲကအတိုင်း ကြည်ပြီး ပြုလုပ်နိုင်ပါတယ်)
(၃) သံပုရာသီး ၄ လုံးခန့်ကို ၄ စိပ်ခွဲပြီး အစေ့များမဖယ်ပဲ ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
(၄) ရေမြုပ်ရုံလေးထည့်ပြီး မီးလျှော့ကာ ၁ နာရီခန့် ပေါင်းပါ။
၎င်းကြက်သံပုရာပေါင်းကို အရည်ကိုလည်း သောက်ပါ။ ကြက်သားအဖတ်ကိုလည်း စားပေးပါ။ သံပုရာသီးအစေ့နဲ့အခွံကြောင့် အရသာက ခါးနေမည်။ သို့သော် ရောဂါအတွက် ဆေးသောက်ရတာမို့ သည်းခံပြီး သောက်ပေးပါ။
ဆီးချိုဝေဒနာသည်များအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေနော်
Credit – စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Sukhita’s Notes – သုခိတာမှတ်စု
ဆီးခ်ိဳဘယ္ေနရမွန္း မသိေအာင္ျဖစ္သြားတဲ့ ၾကက္သံပုရာေပါင္း
အခုတေလာ အြန္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ၾကက္သံပုရာေပါင္း အေၾကာင္းကို မဖတ္ရေသးတဲ့သူမ်ားအတြက္ က်န္းမာေရးသတင္းမ်ားစာမ်က္ႏွာမွ ျပန္လည္ေရးသားမွ်ေဝေပးလိုက္ပါတယ္။
ထိုင္ဝမ္ႏိုင္ငံမွ အသက္ ၅၅ ႏွစ္ရွိ လူတစ္ေယာက္ဟာ ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့အတြက္ ဆရာဝန္ႀကီးေပးတဲ့ ဆီးခ်ိဳေရာဂါေဆးကို ေသာက္ေနတာ ၂ ႏွစ္ေလာက္ ရွိသြားပါၿပီ။
အသက္ ၅၇ ႏွစ္ေလာက္မွာ မေလးရွားက အမ်ိဳးေတြဆီ အလည္အပတ္သြားတဲ့အခါ သူ႔မွာ ဆီးခ်ိဳေရာဂါရွိေနမွန္းသိခဲ့လို႔ သူ႔ညီက ၾကက္သံပုရာေပါင္းကိုလုပ္ၿပီး တိုက္ေကြၽးေပးခဲ့တယ္။
ၾကက္သံပုရာေပါင္းဟာ ဆီးခ်ိဳေရာဂါ ၂၅ ႏွစ္ေလာက္ ျဖစ္ေနတဲ့သူေတြေတာင္ ေပ်ာက္တယ္ဆိုတာ သိခဲ့ရလို႔ သူလည္း ယုံၾကည္စြာ ေသာက္ခဲ့တယ္။
ဒီေဆးနည္းဟာ ထိုင္ဝမ္ကြၽန္းမွာ ေနထိုင္ေနၾကတဲ့ ေဟာ့ပ္ကင္ ( Hokkien ) လူမ်ိဳးတို႔ရဲ႕ ႐ိုးရာေဆးနည္းလို႔ သိရပါတယ္။
မေလးရွားမွာရွိေနစဥ္ ၄ ႀကိမ္တိုင္တိုင္ ေသာက္ခဲ့ပါတယ္။ (ၾကက္တစ္ေကာင္ေပါင္းလွ်င္ ၅ ရက္ခန႔္ စားယူရတဲ့အတြက္ တစ္လနီးပါးၾကာေအာင္ ေသာက္ခဲ့တယ္)။
ထိုင္ဝမ္ကို ျပန္ေရာက္လို႔ ဆရာဝန္ႀကီးက ေဆးစစ္ၾကည့္လိုက္ေတာ့ ဆီးခ်ိဳေရာဂါဟာ အတက္အက်လည္း မရွိေတာ့ဘူး။
ေဆးေသာက္စရာလည္း မလိုေတာ့ဘူးလို႔ ေျပာပါတယ္။ေနာက္ပိုင္းမွာ ဆီးခ်ိဳတိုင္းကိရိယာေလးနဲ႔ အၿမဲတိုင္းၾကည့္ေတာ့လည္း ဆီးခ်ိဳေရာဂါဟာ အတက္အက်လုံးဝမရွိေတာ့ပါဘူး။
ဒါ့ေၾကာင့္ ၾကက္သံပုရာေပါင္းကိုလည္း တစ္လတစ္ႀကိမ္ခန႔္သာ ေသာက္ပါေတာ့တယ္။
အခုဆိုရင္ သူဟာ အသက္ ၇၁ ႏွစ္ရွိပါၿပီ။ သူ႔သားသမီးမ်ားရွိရာ ကေနဒါနဲ႔ ယူအက္စ္တို႔မွာ သြားလာေနထိုင္ရင္း က်န္းမာေပ်ာ္႐ႊင္စြာ ေနထိုင္ေနပါတယ္။
ၾကက္သံပုရာေပါင္း ျပဳလုပ္နည္း
(၁) အိမ္ၾကက္တစ္ေကာင္ကို ေျချဖတ္၊ ေခါင္းျဖတ္ၿပီး အတြင္းကလီစာမ်ားကို ဖယ္ထုတ္ပါ။
(၂) ေရစင္ေအာင္ ေဆးေၾကာၿပီး ေပါင္းအိုးထဲကို ထည့္ပါ။ (ပုံထဲကအတိုင္း ၾကည္ၿပီး ျပဳလုပ္ႏိုင္ပါတယ္)
(၃) သံပုရာသီး ၄ လုံးခန႔္ကို ၄ စိပ္ခြဲၿပီး အေစ့မ်ားမဖယ္ပဲ ထည့္ပါ။ ဆားအနည္းငယ္ ထည့္ပါ။
(၄) ေရျမဳပ္႐ုံေလးထည့္ၿပီး မီးေလွ်ာ့ကာ ၁ နာရီခန႔္ ေပါင္းပါ။
၎ၾကက္သံပုရာေပါင္းကို အရည္ကိုလည္း ေသာက္ပါ။ ၾကက္သားအဖတ္ကိုလည္း စားေပးပါ။ သံပုရာသီးအေစ့နဲ႔အခြံေၾကာင့္ အရသာက ခါးေနမည္။ သို႔ေသာ္ ေရာဂါအတြက္ ေဆးေသာက္ရတာမို႔ သည္းခံၿပီး ေသာက္ေပးပါ။
ဆီးခ်ိဳေဝဒနာသည္မ်ားအားလုံး ေရာဂါကင္းေဝးၿပီး က်န္းမာေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ၾကပါေစေနာ္။
Credit – ေစာႏြဲ႕ေနဆိုင္ (ပူတာအို)
ကိုးကား ။ ။ Sukhita’s Notes – သုခိတာမွတ္စု