အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် ပေါင်းတင်နည်း
အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် သဘာဝအတိုင်း အိမ်မှာ ပေါင်းတင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်နော်..
ဘယ်လိုနည်းလမ်းလေးတွေလည်းဆိုတော့…
ပူစီနံ
ဝက်ခြံပျောက်ကင်းဖို့ အကောင်းဆုံး မျက်နှာပေါင်းတင်နည်းကတော့ ပူစီနံအရွက်ပါပဲ။
ပူစီနံရွက်ဟာ အဆီပြန်တာကိုလည်း အထူးသက်သာစေတာမို့ ဝက်ခြံကင်းစင်ဖို့ ပူစီနံရွက်ကို အသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်း
၁။ ပူစီနံအရွက်
၂။ ပျားရည်
ပြုလုပ်နည်း
ပူစီနံရွက်တွေကို ကြိတ်လိုက်ပါ။
အဲဒီနောက် ပျားရည်ကို ရောထည့်ပါ။
မျက်နှာပေါ်လိမ်းပေးပြီး ခြောက်တဲ့ထိထားပါ။
ရေအေးနဲ့ မျက်နှာသစ်ပါ။
သခွားသီး
သခွားသီးဟာ ဝက်ခြံကြောင့် ဖြစ်တဲ့ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
ပါဝင်ပစ္စည်း
၁။ သခွားသီး
၂။ ဒိန်ချဉ် (ထည့်ချင်ထည့်လို့ရပါတယ်)
နည်းလမ်း
သခွားသီးကို ခြစ်ချပြီး အဖတ်နဲ့ အရည်ကို ခွဲကာ ရေခဲသေတ္တာထဲထည့်ထားပါ။
သခွားသီးဖတ်ကို ယူပြီး မျက်နှာပေါ်က အဖုရှိတဲ့နေရာမှာ လိမ်းပေးပါ။
သခွားသီးဖတ်ကို လိမ်းထားပေးပြီးလို့ နွေးလာပြီဆိုရင် နောက်ထပ် အေးနေတဲ့ သခွားသီးအရည်ထဲမှာ နစ်ပေးပါ။
အကယ်လို့ ဒိန်ချဉ်ထည့်မယ်ဆိုရင် ဒိန်ချဉ် နှစ်ဇွန်းထည့်ပေးပြီး သခွားသီးအဖတ်တွေနဲ့ ဒိန်ချဉ်နဲ့ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ ၂၅ မိနစ်ကနေ မိနစ် ၃၀ ကြားထားပြီး မျက်နှာသစ်ပါ။
======================
Zawgyi
ပူစီနံ
ပါဝင်ပစ္စည်း
၁။ ပူစီနံအရွက်
၂။ ပျားရည်
ပြုလုပ်နည်း
သခွားသီး
ပါဝင်ပစ္စည်း
၁။ သခွားသီး
နည်းလမ်း