Knowledge

အလြန္အစြမ္းထက္လို႕ ျခေသၤ့႐ုပ္ထုပါးစပ္ထဲမွာ ျမက္ပင္ ေပါက္ေနတာမ်ားေတြ႕ရင္ အျမန္ ႏႈတ္ယူပါ

ေရွးေဟာင္း ဘုရားေက်ာင္းေဆာင္ေတြနားက ျခေသၤ့႐ုပ္ထုပါးစပ္ထဲမွာ ျမတ္ပင္ ေပါက္ေနတာမ်ားေတြ႕ရင္ အျမန္ ႏႈတ္ယူပါ …

အေဆာင္ေကာင္းဆိုတာ

ေရွးေဟာင္းဘုရားေတြ ေရာက္တဲ့အခါ ဘုရားေက်ာင္းေဆာင္ေတြရဲ့ အနားက ျခေသၤ့႐ုပ္ထုေတြကို ေသခ်ာၾကည့္ၾကပါ

ပါးစပ္ထဲ ျမတ္ပင္ ေပါက္ေနတာမ်ားေတြ႕ခဲ့ရင္ အျမန္ ႏႈတ္ယူပါ အလြန္ကို အစြမ္းရွိပါတယ္ႏႈတ္မွာငုံၿပီး စကားေျပာ ေျပာသမၽွေအာင္

ပါတယ္

ေနာက္တစ္ခုက ဘယ္ေညာင္ပင္ပဲျဖစ္ေစ ေညာင္ပင္ႀကီးေအာက္ ေညာင္ပင္အငယ္ေပါက္စေလး ေတြ႕တာနဲ႔အခ်ိန္ မဆိုင္းပါနဲ႔ ခ်က္ခ်င္းႏႈတ္ယူပါ ဘုရားေညာင္ေရအိုးေရနဲ႔ေသြးၿပီး ၾကည့္ရင္ အျမင္ဓာတ္ရပါတယ္

ေပါက္ပင္တစ္ပင္ရဲ့ အေရွ႕ဘက္တည့္တည့္ က်ီေပါင္းမ်ားေတြ႕ပါက အျမန္ ဖ်တ္ယူပါ မိမိေမြးေန႔တိုင္း ေသြးေသာက္ပါ ပီယ ေအာင္ပါတယ္

အိမ္ေျမႇာင္အၿမီး ၂ခြ

ပီယ သိဒၶိ

အိမ္ေျမႇာင္အၿမီး ၂ခြ ရွိေသာအိမ္ဟာ လဘ္လာဘ အလြန္ပြင့္ပါတယ္ ဒါအျပင္ အဆိပ္ရွိသတၱဝါမ်ားလည္း မလာၾကပါ ဖဲလည္းနိုင္ပါတယ္

ျပစ္ခ်က္တခုက ကိုယ့္စိတ္ကို ထိန္းရခက္တာပါပဲ အေဆာင္အေနနဲ႔ေဆာင္မယ္ဆိုပါက ပံ့သကူ အေသကို အေျခာက္လွမ္း အပ္ခ်ည္မၽွင္ ရပင္နဲ႔ အသက္ေအာင့္၍ ပက္ပါ ၿပီးရင္ေဆာင္ထား႐ုံပါပဲ

သစ္ကြင္း

သစ္ကြင္းဆိုတိုင္း ေကာင္းက်ိဳး ေပးသည္ဟု မထင္ပါနဲ႔

ဆူူးပါေသာ အပင္ နဲ႔ခါးေသာအပင္တို႔မွရေသာ သစ္ကြင္းမ်ားကို အိမ္မွာ ခ်ိတ္ဆြဲမိပါက မြဲျပာက်႐ုံမက လုူပါ ဒုကၡေတြ႕နိုင္ပါတယ္

ဒါေၾကာင့္ ေသခ်ာစီစစ္ဖို႔လိုအပ္ပါတယ္ ဒါမွသာ ရန္အႏၲရာယ္မ်ား နည္း၍ လာဘ္လာဘမ်ားပြင့္လန္းမွာ ျဖစ္ပါတယ္

ေက်ာက္လိပ္

ေက်ာက္လိပ္ ဆို တာ လိပ္ပုံစံ အေသခ်ာ မတူပါ အနည္းငယ္တူ႐ုံမၽွနဲ႔ပင္ စြမ္းပါတယ္ ေက်ာက္ေရကန္ေလးနဲ႔ထားေပးရတယ္

အနားမွာ ေပါက္ေပါက္ပြင့္ေကၽြးရပါတယ္ အိမ္အဝင္ တံခါးဘက္ကို ေခါင္းလွည့္ရပါတယ္ ဒါဆို လဘ္လာဘ အလြန္ပြင့္ပါတယ္

ေက်ာက္လိပ္ရွိပါလၽွက္ မြဲေတေနပါက ေခါင္းကိုေျပာင္းျပန္ထားမိေသာေၾကာင့္ပါ

လက္ဝဲႏြယ္ပင္အစြမ္း

မည္သည့္ႏြယ္ပင္ျဖစ္ေစ လက္ဝဲဘက္ပက္၍ ရစ္တက္ေနေသာ ႏြယ္ပင္တို႔သည္ မ်ားစြာ အသုံးထည့္ပါသည္ ေတာင္တန္းေဒသ မ်ားတြင္ မ်ားစြာေတြ႕ရ တက္သလို မဲဇာေတာ တြင္လည္း ေတြ႕ခဲ့ဖူးပါသည္

လက္ဝဲႏြယ္ပင္သည္

အမ်ိဳးသားမ်ား ေဆာင္ထားသင့္ပါ၏ အခ်စ္ေရး အလြန္းစန္းပြင့္ေသာ အေဆာင္တစ္ခုပါ အမ်္ိူးသမီးမ်ားေဆာင္ပါက သိပ္မစြမ္းပါ ရ ရွိခဲ့ပါက အေမႊးနံ့သာမ်ားပတ္ဖ်န္း၍ ေဆာင္ထားနိုင္ပါတယ္ စီးပြားလာဘ္လာဘလည္း တိုးတက္ပါတယ္

သပိတ္လြယ္ငွတ္

သပိတ္လြယ္ငွတ္ကို ျမင္ဖူးသူ ရွားၾကလိမ့္မယ္လို႔ထင္မိပါတယ္ ကၽြန္ေတာ္ တခါပဲျမင္ဖူးခဲ့တာပါ သူက ထူးဆန္းတာက သာမန္သစ္ပင္ေတြေပၚကို မအိပ္တက္တာပါပဲ

သူအိပ္တဲ့သစ္ပင္ကိုေတြ႕ခဲ့ရင္ေတာ့ ကံထူးတာပါပဲ အဲဒီအပင္ရဲ့အသားကိုမိမိလက္သူႂကြယ္ခန႔္ တိုင္း၍ျဖတ္ အိမ္မွာ ဘုရားထု ကိုးကြယ္ပါ ျမန္စြာႀကီးပြားပါလိမ့္မယ္

ဒိထက္နည္းသိခ်င္ရင္ သူ႔ကိုအမိဖမ္း ႀကိဳးခပ္တိုတိုပဲထားၿပီး ေျမျပင္ေပၚ ထား သူၾကာၾကာေနတဲ့ေနရာရဲ့ေအာက္မွာ ရတနာပစၥည္း ရွိတယ္လို႔ မွတ္သားဖူးပါတယ္

ဖဲေမွာ္

သရဲတေစၧေတြနဲ႔ မလုပ္ရပါဘုူူူး ဒါေပမယ့္ ငရဲေတာ့ႀကီးလွတယ္ဗ်ာ ဗဟုသုတ အေနနဲ႔ မွတ္ခ်င္မွတ္ထားေပါ့

ေႁမြအေသးတစ္ေကာင္က ဖားတေကာင္ကို ၿမိဳေနခ်ိန္ ၿပီးခါနီးမွာ ေႁမြေခါင္းကို ဓားနဲ႔ျဖတ္ရမွာပါ ေႁမြလည္းေသ ဖားလည္းေသေပါ့

အဲဒီအေနအထားအတ္ိုင္း မပုပ္ပဲ ျမန္ျမန္ေျခာက္သြားေအာင္ ျပဳလုပ္ၿပီး ေဆာင္ထား႐ုံပါပဲ မသာဖဲဝိုင္းမရိုက္ရပါ

တျခားဝိုင္း ႀကိဳက္သလိုရိုက္ နိုင္ပါလိမ့္မယ္ နိုင္သမၽွရဲ့ ၃ပုံတပုံကို အျမဲတမ္း လမ္း၄ခြ ေနရာမွာ စြန႔္ပစ္ရမွာပါ…။ဗဟုသုတ အလို႔ငွာ တင္လိုက္ပါတယ္…။

ေနမင္းသူရ

unicode

အလွန်အစွမ်းထက်လို့ ခြင်္သေ့ရုပ်ထုပါးစပ်ထဲမှာ မြတ်ပင် ပေါက်နေတာများတွေ့ရင် အမြန် နှုတ်ယူပါ

ရှေးဟောင်း ဘုရားကျောင်းဆောင်တွေနားက ခြင်္သေ့ရုပ်ထုပါးစပ်ထဲမှာ မြတ်ပင် ပေါက်နေတာများတွေ့ရင် အမြန် နှုတ်ယူပါ …

အဆောင်ကောင်းဆိုတာ

ရှေးဟောင်းဘုရားတွေ ရောက်တဲ့အခါ ဘုရားကျောင်းဆောင်တွေရဲ့ အနားက ခြင်္သေ့ရုပ်ထုတွေကို သေချာကြည့်ကြပါ

ပါးစပ်ထဲ မြတ်ပင် ပေါက်နေတာများတွေ့ခဲ့ရင် အမြန် နှုတ်ယူပါ အလွန်ကို အစွမ်းရှိပါတယ်နှုတ်မှာငုံပြီး စကားပြော ပြောသမျှအောင်ပါတယ်

နောက်တစ်ခုက ဘယ်ညောင်ပင်ပဲဖြစ်စေ ညောင်ပင်ကြီးအောက် ညောင်ပင်အငယ်ပေါက်စလေး တွေ့တာနဲ့အချိန် မဆိုင်းပါနဲ့ ချက်ချင်းနှုတ်ယူပါ ဘုရားညောင်ရေအိုးရေနဲ့သွေးပြီး ကြည့်ရင် အမြင်ဓာတ်ရပါတယ်

ပေါက်ပင်တစ်ပင်ရဲ့ အရှေ့ဘက်တည့်တည့် ကျီပေါင်းများတွေ့ပါက အမြန် ဖျတ်ယူပါ မိမိမွေးနေ့တိုင်း သွေးသောက်ပါ ပီယ အောင်ပါတယ်

အိမ်မြှောင်အမြီး ၂ခွ

ပီယ သိဒ္ဓိ

အိမ်မြှောင်အမြီး ၂ခွ ရှိသောအိမ်ဟာ လဘ်လာဘ အလွန်ပွင့်ပါတယ် ဒါအပြင် အဆိပ်ရှိသတ္တဝါများလည်း မလာကြပါ ဖဲလည်းနိုင်ပါတယ်

ပြစ်ချက်တခုက ကိုယ့်စိတ်ကို ထိန်းရခက်တာပါပဲ အဆောင်အနေနဲ့ဆောင်မယ်ဆိုပါက ပံ့သကူ အသေကို အခြောက်လှမ်း အပ်ချည်မျှင် ရပင်နဲ့ အသက်အောင့်၍ ပက်ပါ ပြီးရင်ဆောင်ထားရုံပါပဲ

သစ်ကွင်း

သစ်ကွင်းဆိုတိုင်း ကောင်းကျိုး ပေးသည်ဟု မထင်ပါနဲ့

ဆူူးပါသော အပင် နဲ့ခါးသောအပင်တို့မှရသော သစ်ကွင်းများကို အိမ်မှာ ချိတ်ဆွဲမိပါက မွဲပြာကျရုံမက လုူပါ ဒုက္ခတွေ့နိုင်ပါတယ်

ဒါကြောင့် သေချာစီစစ်ဖို့လိုအပ်ပါတယ် ဒါမှသာ ရန်အန္တရာယ်များ နည်း၍ လာဘ်လာဘများပွင့်လန်းမှာ ဖြစ်ပါတယ်

ကျောက်လိပ်

ကျောက်လိပ် ဆို တာ လိပ်ပုံစံ အသေချာ မတူပါ အနည်းငယ်တူရုံမျှနဲ့ပင် စွမ်းပါတယ် ကျောက်ရေကန်လေးနဲ့ထားပေးရတယ်

အနားမှာ ပေါက်ပေါက်ပွင့်ကျွေးရပါတယ် အိမ်အဝင် တံခါးဘက်ကို ခေါင်းလှည့်ရပါတယ် ဒါဆို လဘ်လာဘ အလွန်ပွင့်ပါတယ်

ကျောက်လိပ်ရှိပါလျှက် မွဲတေနေပါက ခေါင်းကိုပြောင်းပြန်ထားမိသောကြောင့်ပါ

လက်ဝဲနွယ်ပင်အစွမ်း

မည်သည့်နွယ်ပင်ဖြစ်စေ လက်ဝဲဘက်ပက်၍ ရစ်တက်နေသော နွယ်ပင်တို့သည် များစွာ အသုံးထည့်ပါသည် တောင်တန်းဒေသ များတွင် များစွာတွေ့ရ တက်သလို မဲဇာတော တွင်လည်း တွေ့ခဲ့ဖူးပါသည်

လက်ဝဲနွယ်ပင်သည်

အမျိုးသားများ ဆောင်ထားသင့်ပါ၏ အချစ်ရေး အလွန်းစန်းပွင့်သော အဆောင်တစ်ခုပါ အမျိူးသမီးများဆောင်ပါက သိပ်မစွမ်းပါ ရ ရှိခဲ့ပါက အမွှေးနံ့သာများပတ်ဖျန်း၍ ဆောင်ထားနိုင်ပါတယ် စီးပွားလာဘ်လာဘလည်း တိုးတက်ပါတယ်

သပိတ်လွယ်ငှတ်

သပိတ်လွယ်ငှတ်ကို မြင်ဖူးသူ ရှားကြလိမ့်မယ်လို့ထင်မိပါတယ် ကျွန်တော် တခါပဲမြင်ဖူးခဲ့တာပါ သူက ထူးဆန်းတာက သာမန်သစ်ပင်တွေပေါ်ကို မအိပ်တက်တာပါပဲ

သူအိပ်တဲ့သစ်ပင်ကိုတွေ့ခဲ့ရင်တော့ ကံထူးတာပါပဲ အဲဒီအပင်ရဲ့အသားကိုမိမိလက်သူကြွယ်ခန့် တိုင်း၍ဖြတ် အိမ်မှာ ဘုရားထု ကိုးကွယ်ပါ မြန်စွာကြီးပွားပါလိမ့်မယ်

ဒိထက်နည်းသိချင်ရင် သူ့ကိုအမိဖမ်း ကြိုးခပ်တိုတိုပဲထားပြီး မြေပြင်ပေါ် ထား သူကြာကြာနေတဲ့နေရာရဲ့အောက်မှာ ရတနာပစ္စည်း ရှိတယ်လို့ မှတ်သားဖူးပါတယ်

ဖဲမှော်

သရဲတစ္ဆေတွေနဲ့ မလုပ်ရပါဘုူူူး ဒါပေမယ့် ငရဲတော့ကြီးလှတယ်ဗျာ ဗဟုသုတ အနေနဲ့ မှတ်ချင်မှတ်ထားပေါ့

မြွေအသေးတစ်ကောင်က ဖားတကောင်ကို မြိုနေချိန် ပြီးခါနီးမှာ မြွေခေါင်းကို ဓားနဲ့ဖြတ်ရမှာပါ မြွေလည်းသေ ဖားလည်းသေပေါ့

အဲဒီအနေအထားအတိုင်း မပုပ်ပဲ မြန်မြန်ခြောက်သွားအောင် ပြုလုပ်ပြီး ဆောင်ထားရုံပါပဲ မသာဖဲဝိုင်းမရိုက်ရပါ

တခြားဝိုင်း ကြိုက်သလိုရိုက် နိုင်ပါလိမ့်မယ် နိုင်သမျှရဲ့ ၃ပုံတပုံကို အမြဲတမ်း လမ်း၄ခွ နေရာမှာ စွန့်ပစ်ရမှာပါ…။ဗဟုသုတ အလို့ငှာ တင်လိုက်ပါတယ်…။

နေမင်းသူရ