Knowledge

မိဘတိုငျးသိထားသင့ျတဲ့ ကလေးတှရေဲ့ဘဝမှာ အရေးပါအဆုံးကာလ (၈)ခု

ကလေးတွေရဲ့ အမူအရာအမျိုးမျိုးကို မိဘတွေ သိထားရင် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အသက် ၄ နှစ်အရွယ် ကလေးက ဂျီကျနေတာကို မိဘတွေက စိတ်အနှောင့်အယှက် ဖြစ်ရပေမယ့် ကလေးအတွက်တော့ ပုံမှန်ပါပဲ။ အဲဒါကြောင့် ကလေးတွေရဲ့ဘဝမှာ အရေးကြီးတဲ့ အသက်အပိုင်းအခြားတွေ အကြောင်းကို ဖော်ပြပေးပါမယ်နော်။

၁။ မွေးကင်းစအရွယ်ကနေ ၃ လအရွယ်အထိ

ဒီအရွယ်မှာတော့ ငိုတာက ကလေးတွေရဲ့ ဆက်သွယ်ရေးနည်းလမ်း တစ်ခုပါ။ ကလေးငိုသံ အမျိုးမျိုးကနေ ဗိုက်ဆာနေတာလား၊ နေမကောင်းတာလား ဆိုတာကို မိဘတွေက သိနိုင်ကြပါတယ်။ မွေးကင်းစကလေးတွေက မိဘတွေရဲ့အသံကို ခံစားနိုင်စွမ်း ရှိကြပါတယ်။

အဲဒါကြောင့် မွေးကင်းစကလေးတွေကို နူးနူးညံ့ညံ့ ညင်ညင်သာသာနဲ့ ရင်းရင်းနှီးနှီး ပြုစုပေးဖို့ အရေးကြီးပါတယ်။ ကလေးကို သီချင်းဆိုပြမယ်ဆိုရင် မျက်နှာချင်းဆိုင် ဆိုပြတာ၊ ပုခက်လွှဲရရင်လည်း စောင်နဲ့ပတ်ပြီး လွှဲတာက ကလေးတွေအတွက် လုံခြုံတယ်လို့ ခံစားရစေပါတယ်။ ဒါ့အပြင် ကလေးတွေကို ချီပေးထားတာက သူတို့အတွက် စိတ်ချရတဲ့နေရာ၊ စိတ်ချရတဲ့သူလို့ ခံစားမိစေပါတယ်။

၂။ အသက် ၄ လမှ ၆ လအရွယ်အထိ

သင့်ကလေးက တခစ်ခစ်ရယ်တာ၊ အသံပေးတာတွေကို လုပ်တတ်နေပါပြီ။ အဲဒါကြောင့် ကလေးကို ပျော်စေဖို့၊ ရယ်စေဖို့ ဖန်တီးပေးရင် အကောင်းဆုံးပါပဲ။ အသက် ၄ လကျော်ရင် ကလေးတွေက သူ့ဘေးနားမှာ ရှိတဲ့သူတွေကို သတိထားတတ်နေပါပြီ။ အမြဲတွေ့နေကျလူတွေ၊ ပစ္စည်းတွေကို ရင်းနှီးနေပါပြီ။ အဲဒါကြောင့် ဒီအရွယ်မှာ သင့်ကလေးကို တခြားကလေးတွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးလို့ ရနေပါပြီ။

၃။ အသက် ၇ လမှ ၁၂လ အရွယ်အထိ

ဒီအရွယ်မှာတော့ ကလေးတွေက အခြားသူတွေထက် အမေကို ပိုပြီး ခင်တွယ်လာပါတယ်။ လူစိမ်းတွေဆိုရင် ကြောက်နေတတ်ပါတယ်။ မိဘတွေ အပြင်သွားရင် ငိုနေတတ်ပါတယ်။ မိဘတွေက အပြင်သွားပြီးရင် အမြဲပြန်လာကြောင်း ကလေးတွေ စိတ်ချရစေဖို့ အပြင်သွားခါနီးမှာ ခဏလောက် သွားချင်ယောင်ဆောင်ပြီး ပြန်လာပါ။ ပြီးမှ ကလေးကို စိတ်ချရတဲ့နေရာမှာ ထားပြီး စိတ်ချလက်ချ အပြင်သွားလို့ရပါတယ်။

၄။ အသက် ၁ နှစ်မှာ ၂ နှစ်အရွယ်အထိ

အသက် ၁ နှစ်ကျော်ရင် ကလေးတွေကို အပြင်လောကနဲ့ များများထိတွေ့ ပေးသင့်ပါတယ်။ ဒါပေမယ့် အခြားကလေးတွေနဲ့ ကစားရင်တော့ အရုပ်ကို မျှဝေကစားရကြောင်း သူတို့နားမလည်သေးပါဘူး။ အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးတွေက အရမ်းကို ဂျီကျတတ်လာပါတယ်။ အဲဒါကြောင့် ကလေးကို မရိုက်ဘဲ၊ မအော်ဘဲ စည်းကမ်းချမှတ်ပေးထားဖို့ အရေးကြီးပါတယ်။

၅။ အသက် ၃ နှစ်

အသက်၃ နှစ်ဆိုရင် သင့်ကလေးက အခြားကလေးတွေနဲ့ စတင်ပြီး ဆော့တတ်နေပါပြီ။ အရုပ်တွေကိုလည်း ဝေမျှကစားတတ်နေပါပြီ။ သင့်ကလေးက အခြားကလေးတွေနဲ့ မကစားတတ်ရင်လည်း ကစားတတ်ဖို့၊ ကလေးအချင်းချင်း ပေါင်းသင်းတတ်ဖို့ တိုက်တွန်းသင့်ပါတယ်။ ဒီအရွယ်မှာတော့ ဂျီကျတာက နည်းလာပါပြီ။ အသက် ၃ နှစ်အရွယ် ကလေးတွေက အမှောင်ကြောက်တာ၊ အသံအကျယ်ကြီးတွေကို ကြောက်တာတွေကို စတင်ခံစားလာရပါတယ်။

၆။ အသက် ၄ နှစ်မှ ၅ နှစ်အရွယ်အထိ

အသက် ၄ နှစ်ကျော် အရွယ်ကလေးတွေက ချမှတ်ပေးထားတဲ့ စည်းကမ်းတွေကို လိုက်နာတတ်နေပါပြီ။ ဒါပေမယ့် ဘာက မှားလဲ၊ မှန်လဲဆိုတာကိုတော့ နားမလည်သေးပါဘူး။ သူတို့သဘောအတိုင်း လုပ်ချင်ကြပါတယ်။ အဲဒါကြောင့် အင်္ကျီတို့၊ ဖိနပ်တို့အရောင် ရွေးတာမျိုးဆိုရင် သူတို့စိတ်ကြိုက် ရွေးချယ်ခွင့် ပေးသင့်ပါတယ်။

အသက် ၄ နှစ်ဆိုရင် စိတ်အတက်အကျမြန်ပြီး ရန်လိုလာတတ်ပါတယ်။ မောင်နှမတွေနဲ့လည်း ခဏခဏ ရန်ဖြစ်လာတတ်ပါတယ်။ အသက် ၅ နှစ်မှာ မိဘတွေက ယဉ်ကျေးတဲ့ အမူအရာတွေ၊ တာဝန်ယူတတ်တဲ့ အကျင့်တွေကို သင်ကြားပေးလို့ ရနေပါပြီ။

၇။ အသက် ၆ နှစ်မှ ၁၂ နှစ်အရွယ်အထိ

ဒီအသက်အရွယ်မှာ သူတို့အတွက် သူငယ်ချင်းက အရေးပါပါတယ်။ ကလေးတွေက အသက် ၆ နှစ်ကျော်လာရင် မနာလိုတာကို နားလည်လာပါပြီ။ လူအများနဲ့လုပ်ဆောင်ရတာကိုလည်း သဘောကျလာကြပါတယ်။ အဲဒါကြောင့် အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေအတွက် ကိုယ့်ကိုယ့်ကိုယ် စည်းကမ်းချမှတ်တတ်အောင်၊ လူကြီးတွေကို လေးစားတတ်အောင် သင်ကြားပေးနိုင်ပါတယ်။

၈။ အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ်အထိ

ဆယ်ကျော်သက်အရွယ်ကလေးတွေက သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ ပြီးတော့ ကိုယ့်ကိုယ့်ကိုယ် အားမလိုအားမရ ဖြစ်လာကြပါတယ်။ အဲဒါကြောင့် ရွယ်တူချင်းကြောင့်ရတဲ့ ဖိအားတွေကို ဘယ်လိုထိန်းချုပ်သင့်ကြောင်း ပြောပြပြီး သူတို့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်အောင် လမ်းဖွင့်ပေးပါ။

ဆယ်ကျော်သက်အရွယ်က မိဘတွေ နေရာတကာ ထိန်းချုပ်တာကို သဘောမကျဘဲ လွတ်လွတ်လပ်လပ် ပိုနေချင်ကြတာကြောင့် မိဘနဲ့ကလေးကြားမှာ ပွင့်လင်းရင်းနှီးဖို့က အရေးအကြီးဆုံးပါ။

Credit

 

ကေလးေတြရဲ႕ အမူအရာအမ်ိဳးမ်ိဳးကို မိဘေတြ သိထားရင္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။ အသက္ ၄ ႏွစ္အ႐ြယ္ ကေလးက ဂ်ီက်ေနတာကို မိဘေတြက စိတ္အေႏွာင့္အယွက္ ျဖစ္ရေပမယ့္ ကေလးအတြက္ေတာ့ ပုံမွန္ပါပဲ။ အဲဒါေၾကာင့္ ကေလးေတြရဲ႕ဘဝမွာ အေရးႀကီးတဲ့ အသက္အပိုင္းအျခားေတြ အေၾကာင္းကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေမြးကင္းစအ႐ြယ္ကေန ၃ လအ႐ြယ္အထိ

ဒီအ႐ြယ္မွာေတာ့ ငိုတာက ကေလးေတြရဲ႕ ဆက္သြယ္ေရးနည္းလမ္း တစ္ခုပါ။ ကေလးငိုသံ အမ်ိဳးမ်ိဳးကေန ဗိုက္ဆာေနတာလား၊ ေနမေကာင္းတာလား ဆိုတာကို မိဘေတြက သိႏိုင္ၾကပါတယ္။ ေမြးကင္းစကေလးေတြက မိဘေတြရဲ႕အသံကို ခံစားႏိုင္စြမ္း ရွိၾကပါတယ္။

အဲဒါေၾကာင့္ ေမြးကင္းစကေလးေတြကို ႏူးႏူးညံ့ညံ့ ညင္ညင္သာသာနဲ႔ ရင္းရင္းႏွီးႏွီး ျပဳစုေပးဖို႔ အေရးႀကီးပါတယ္။ ကေလးကို သီခ်င္းဆိုျပမယ္ဆိုရင္ မ်က္ႏွာခ်င္းဆိုင္ ဆိုျပတာ၊ ပုခက္လႊဲရရင္လည္း ေစာင္နဲ႔ပတ္ၿပီး လႊဲတာက ကေလးေတြအတြက္ လုံၿခဳံတယ္လို႔ ခံစားရေစပါတယ္။ ဒါ့အျပင္ ကေလးေတြကို ခ်ီေပးထားတာက သူတို႔အတြက္ စိတ္ခ်ရတဲ့ေနရာ၊ စိတ္ခ်ရတဲ့သူလို႔ ခံစားမိေစပါတယ္။

၂။ အသက္ ၄ လမွ ၆ လအ႐ြယ္အထိ

သင့္ကေလးက တခစ္ခစ္ရယ္တာ၊ အသံေပးတာေတြကို လုပ္တတ္ေနပါၿပီ။ အဲဒါေၾကာင့္ ကေလးကို ေပ်ာ္ေစဖို႔၊ ရယ္ေစဖို႔ ဖန္တီးေပးရင္ အေကာင္းဆုံးပါပဲ။ အသက္ ၄ လေက်ာ္ရင္ ကေလးေတြက သူ႔ေဘးနားမွာ ရွိတဲ့သူေတြကို သတိထားတတ္ေနပါၿပီ။ အၿမဲေတြ႕ေနက်လူေတြ၊ ပစၥည္းေတြကို ရင္းႏွီးေနပါၿပီ။ အဲဒါေၾကာင့္ ဒီအ႐ြယ္မွာ သင့္ကေလးကို တျခားကေလးေတြ၊ လူႀကီးေတြနဲ႔ မိတ္ဆက္ေပးလို႔ ရေနပါၿပီ။

၃။ အသက္ ၇ လမွ ၁၂လ အ႐ြယ္အထိ

ဒီအ႐ြယ္မွာေတာ့ ကေလးေတြက အျခားသူေတြထက္ အေမကို ပိုၿပီး ခင္တြယ္လာပါတယ္။ လူစိမ္းေတြဆိုရင္ ေၾကာက္ေနတတ္ပါတယ္။ မိဘေတြ အျပင္သြားရင္ ငိုေနတတ္ပါတယ္။ မိဘေတြက အျပင္သြားၿပီးရင္ အၿမဲျပန္လာေၾကာင္း ကေလးေတြ စိတ္ခ်ရေစဖို႔ အျပင္သြားခါနီးမွာ ခဏေလာက္ သြားခ်င္ေယာင္ေဆာင္ၿပီး ျပန္လာပါ။ ၿပီးမွ ကေလးကို စိတ္ခ်ရတဲ့ေနရာမွာ ထားၿပီး စိတ္ခ်လက္ခ် အျပင္သြားလို႔ရပါတယ္။

၄။ အသက္ ၁ ႏွစ္မွာ ၂ ႏွစ္အ႐ြယ္အထိ

အသက္ ၁ ႏွစ္ေက်ာ္ရင္ ကေလးေတြကို အျပင္ေလာကနဲ႔ မ်ားမ်ားထိေတြ႕ ေပးသင့္ပါတယ္။ ဒါေပမယ့္ အျခားကေလးေတြနဲ႔ ကစားရင္ေတာ့ အ႐ုပ္ကို မွ်ေဝကစားရေၾကာင္း သူတို႔နားမလည္ေသးပါဘူး။ အသက္ ၁ ႏွစ္ကေန ၂ ႏွစ္အ႐ြယ္ကေလးေတြက အရမ္းကို ဂ်ီက်တတ္လာပါတယ္။ အဲဒါေၾကာင့္ ကေလးကို မ႐ိုက္ဘဲ၊ မေအာ္ဘဲ စည္းကမ္းခ်မွတ္ေပးထားဖို႔ အေရးႀကီးပါတယ္။

၅။ အသက္ ၃ ႏွစ္

အသက္၃ ႏွစ္ဆိုရင္ သင့္ကေလးက အျခားကေလးေတြနဲ႔ စတင္ၿပီး ေဆာ့တတ္ေနပါၿပီ။ အ႐ုပ္ေတြကိုလည္း ေဝမွ်ကစားတတ္ေနပါၿပီ။ သင့္ကေလးက အျခားကေလးေတြနဲ႔ မကစားတတ္ရင္လည္း ကစားတတ္ဖို႔၊ ကေလးအခ်င္းခ်င္း ေပါင္းသင္းတတ္ဖို႔ တိုက္တြန္းသင့္ပါတယ္။ ဒီအ႐ြယ္မွာေတာ့ ဂ်ီက်တာက နည္းလာပါၿပီ။ အသက္ ၃ ႏွစ္အ႐ြယ္ ကေလးေတြက အေမွာင္ေၾကာက္တာ၊ အသံအက်ယ္ႀကီးေတြကို ေၾကာက္တာေတြကို စတင္ခံစားလာရပါတယ္။

၆။ အသက္ ၄ ႏွစ္မွ ၅ ႏွစ္အ႐ြယ္အထိ

အသက္ ၄ ႏွစ္ေက်ာ္ အ႐ြယ္ကေလးေတြက ခ်မွတ္ေပးထားတဲ့ စည္းကမ္းေတြကို လိုက္နာတတ္ေနပါၿပီ။ ဒါေပမယ့္ ဘာက မွားလဲ၊ မွန္လဲဆိုတာကိုေတာ့ နားမလည္ေသးပါဘူး။ သူတို႔သေဘာအတိုင္း လုပ္ခ်င္ၾကပါတယ္။ အဲဒါေၾကာင့္ အက်ႌတို႔၊ ဖိနပ္တို႔အေရာင္ ေ႐ြးတာမ်ိဳးဆိုရင္ သူတို႔စိတ္ႀကိဳက္ ေ႐ြးခ်ယ္ခြင့္ ေပးသင့္ပါတယ္။

အသက္ ၄ ႏွစ္ဆိုရင္ စိတ္အတက္အက်ျမန္ၿပီး ရန္လိုလာတတ္ပါတယ္။ ေမာင္ႏွမေတြနဲ႔လည္း ခဏခဏ ရန္ျဖစ္လာတတ္ပါတယ္။ အသက္ ၅ ႏွစ္မွာ မိဘေတြက ယဥ္ေက်းတဲ့ အမူအရာေတြ၊ တာဝန္ယူတတ္တဲ့ အက်င့္ေတြကို သင္ၾကားေပးလို႔ ရေနပါၿပီ။

၇။ အသက္ ၆ ႏွစ္မွ ၁၂ ႏွစ္အ႐ြယ္အထိ

ဒီအသက္အ႐ြယ္မွာ သူတို႔အတြက္ သူငယ္ခ်င္းက အေရးပါပါတယ္။ ကေလးေတြက အသက္ ၆ ႏွစ္ေက်ာ္လာရင္ မနာလိုတာကို နားလည္လာပါၿပီ။ လူအမ်ားနဲ႔လုပ္ေဆာင္ရတာကိုလည္း သေဘာက်လာၾကပါတယ္။ အဲဒါေၾကာင့္ အသက္ ၆ ႏွစ္ကေန ၁၂ ႏွစ္အ႐ြယ္ ကေလးေတြအတြက္ ကိုယ့္ကိုယ့္ကိုယ္ စည္းကမ္းခ်မွတ္တတ္ေအာင္၊ လူႀကီးေတြကို ေလးစားတတ္ေအာင္ သင္ၾကားေပးႏိုင္ပါတယ္။

၈။ အသက္ ၁၃ ႏွစ္မွ ၁၈ ႏွစ္အ႐ြယ္အထိ

ဆယ္ေက်ာ္သက္အ႐ြယ္ကေလးေတြက သူတို႔ကိုယ္သူတို႔ အျခားသူေတြနဲ႔ ႏႈိင္းယွဥ္တတ္ၾကပါတယ္။ ၿပီးေတာ့ ကိုယ့္ကိုယ့္ကိုယ္ အားမလိုအားမရ ျဖစ္လာၾကပါတယ္။ အဲဒါေၾကာင့္ ႐ြယ္တူခ်င္းေၾကာင့္ရတဲ့ ဖိအားေတြကို ဘယ္လိုထိန္းခ်ဳပ္သင့္ေၾကာင္း ေျပာျပၿပီး သူတို႔ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာျပတတ္ေအာင္ လမ္းဖြင့္ေပးပါ။

ဆယ္ေက်ာ္သက္အ႐ြယ္က မိဘေတြ ေနရာတကာ ထိန္းခ်ဳပ္တာကို သေဘာမက်ဘဲ လြတ္လြတ္လပ္လပ္ ပိုေနခ်င္ၾကတာေၾကာင့္ မိဘနဲ႔ကေလးၾကားမွာ ပြင့္လင္းရင္းႏွီးဖို႔က အေရးအႀကီးဆုံးပါ။

Credit