ငတိုးတစ္ေယာက္ ခ်မ္းသာရမယ္ဆိုၿပီး ဖားကန႔္ေမွာ္ထဲကို တက္လာခဲ့လိုက္တာ ႏွစ္ေတြလည္း အေတာ္ၾကာခဲ့ၿပီ။
ေက်ာက္ေလးေတြလည္း ရပါရဲ႕။သုံးလိုက္ျဖဳန္းလိုက္နဲ႔ သူေဌးျဖစ္ဖို႔က အိပ္မက္က ေဝးေလ ေဝးေလျဖစ္ေနတယ္။
ဖားကန႔္မွာ အေနၾကာလာေတာ့ ေမွာ္ၾကာငတိုးဆိုတဲ့ ဂုဏ္တစ္ခုေတာ့ပိုင္လာခဲ့တယ္
ေမွာ္ၾကာလည္းျဖစ္လာေတာ့ မေကာင္းတာေတြေရာ ေကာင္းတာေတြပါ အစုံလုပ္တတ္ေနၿပီ။
ေက်ာက္ဂ်င္းထည့္ျခင္း အႏုပညာေပါ့။
ဒီေန႔လည္း ေလာပန္းတစ္ေယာက္ကို ေက်ာက္ျပမယ္ဆိုၿပီးခ်ိန္းထားတာ
ေက်ာက္ကမရွိေတာ့ ေျမစာပုံကေန သူမ်ားေတြ မလိုခ်င္လို႔ လႊင့္ပစ္ထားတဲ့ ေက်ာက္မ်ိဳးတစ္လုံးေကာက္လာခဲ့လိုက္တယ္။
ေလာပန္းကို ဂ်င္းထည့္မယ္ေပါ့။
ဂ်င္းကလည္း မထည့္လို႔မရဘူး။
မနက္ျဖန္ဆို ခ်စ္သူမ်ားေန႔။သူပိုးပန္းေနတဲ့ေကာင္မေလးကို လက္ေဆာင္ေပးခ်င္ေနတာ။
ပိုက္ဆံကမရွိေတာ့ ေလာပန္းကို ေက်ာက္လိမ္ေရာင္းဖို႔ႀကံရတာေပါ့။
ေလာပန္းဆီေရာက္တဲ့အခါမွာေတာ့ လမ္းေဘးေျမစာပုံက ေကာက္လာတဲ့ ေက်ာက္ကို ထုတ္ျပလိုက္တယ္။
ေလာပန္းလည္း ေက်ာက္ကိုၾကည့္ၿပီး ဘယ္ေလာက္ထားေရာင္းမွာလဲလို႔ ငတိုးကို ေမးလိုက္တယ္။
ငတိုးကလည္း “ေလာပန္း အဲ့ေက်ာက္က က်ေနာ္ ဝယ္ထားတာ ၇သိန္းနဲ႔ ဒါေၾကာင့္ လပ္ကီးနည္းနည္း ပိုေပးၿပီးယူလိုက္ပါ”လို႔ ေျပာလိုက္တယ္။
ေလာပန္းလည္း ငတိုးေျပာတဲ့ အတိုင္း လပ္ကီး ၁သိန္းထည့္ေပးၿပီး ၈သိန္းနဲ႔ ယူလိုက္ပါတယ္။
ငတိုးလည္း ေငြရွစ္သိန္းရတာနဲ႔ ဖားကန႔္က ပစၥည္းေကာင္းေတြေရာင္းတဲ့ဆိုင္ကို ေျပးတာေပါ့။
သူပိုးပန္းေနတဲ့ ေကာင္မေလးေတြအတြက္ ေဈးႀကီးတဲ့ အေကာင္းဆုံး ပစၥည္းေတြကို ဝယ္ၿပီး အိမ္ကိုျပန္ခဲ့ေတာ့တယ္။
ေနာက္ေန႔မနက္ ေစာေစာမွာပဲ ပိုးေၾကးပစၥည္းေတြယူၿပီး သူပိုးပန္းေနတဲ့ေကာင္မေလးရဲ႕ ထမင္းဆိုင္သြားပါၿပီ။
ငတိုးဆိုင္ကို ေရာက္လိုက္တာနဲ႔ျမင္လိုက္ရတာက မဂၤလာပြဲ သူပိုးေၾကးပန္းေၾကးေပးၿပီး ခ်စ္ေရးဆို အေျဖေတာင္းမဲ့ေကာင္မေလးရဲ႕ မဂၤလာပြဲ။
ငတိုးတစ္ေယာက္ အသည္းနင့္ေအာင္ကြဲၿပီေလ။
ငတိုးတစ္ေယာက္ ပစၥည္းေတြကိုလႊင့္ပစ္ၿပီး အသည္းကြဲတာကုဖို႔ အရက္ဆိုင္ကို လွမ္းၿပီေလ။
တစ္ပတ္ေလာက္ၾကာတယ္အရက္ဆိုင္မွာ မနက္ ညေန ထိုင္ေသာက္ၿပီး အသည္းကြဲေရာဂါ ကုေနတာ။
တစ္ညေန အိမ္ကိုျပန္တဲ့လမ္းမွာပဲ ငတိုးေရ ငတိုးေရလို႔ ေအာ္ေခၚၿပီး သူေက်ာက္လိမ္ေရာင္းခဲ့တဲ့ ေလာပန္းက ေနာက္ကေန ကားနဲ႔ လိုက္လာတယ္။
ငတိုးလည္း လန႔္ဖ်န႔္ၿပီး ေျပးပါေတာ့တယ္။မေျပးလို႔လည္းမရဘူး ေက်ာက္ဖိုးရွစ္သိန္းျပန္ေပးဖို႔ကလည္း ပိုက္ဆံမရွိ။အသည္းကကြဲ မူးမူးနဲ႔ ေရွ႕ကေန ေျခကုန္သုတ္ေျပး။
ေလာပန္းကလိုက္ ေနာက္ဆုံးမွာ ေလာပန္းက သူ႔ကို ေက်ာ္ၿပီး ကားနဲ႔ပိတ္ရပ္လိုက္မွ ဆက္မေျပးေတာ့တယ္။
ဆက္ေျပးဖို႔ကလည္း ေတာ္ေတာ္ေမာေနၿပီကိုး။
ေလာပန္းက ကားေပၚကဆင္းလာၿပီး ေဟ့ေကာင္ငတိုး မူးမူး႐ူး႐ူးနဲ႔ ဘာလို႔ေျပးေနတာလဲဆိုၿပီး ေမးရင္း ငတိုးလက္ထဲကို ပိုက္ဆံငါးသိန္းထည့္ေပးတယ္။
ငတိုးလည္းေၾကာင္သြားၿပီ။ေလာပန္းက ေက်ာက္ဖိုးလိုက္ေတာင္းတယ္ထင္ေနတာ။
မေတာင္းတဲ့ အျပင္ ပိုက္ဆံငါးသိန္း ေပးေနတဲ့ အတြက္ “ေလာပန္း ဘာလို႔ေပးတာလဲလို႔” ငတိုးကေမးလိုက္တယ္။
မင္းေရာင္းေပးတဲ့ ေက်ာက္ကို ျဖတ္လိုက္တာ ေအာင္သြားတယ္။
သိန္း ၁၂၀၀ နဲ႔ေရာင္းရတယ္။အဲ့တာမင္းကို လပ္ကီးေပးခ်င္လို႔ လိုက္ရွာေနတာ အခုမွေတြ႕လို႔ မရမကလိုက္ လိုက္ေပးရတယ္။
လပ္ကီး ၅သိန္းအျပင္ ေနာက္ထပ္ ၂သိန္း ေလာပန္းကေန ေသာက္ဖို႔စားဖို႔ဆိုၿပီး ထပ္ေပးတယ္။
ငတိုးတစ္ေယာက္ အသည္းကြဲေရာဂါ အျပင္ သူမ်ားကို ကလိန္ကက်စ္က်ၿပီး ေရာင္းလိုက္တဲ့ေက်ာက္က ေအာင္သြားအျဖစ္ကိုႀကဳံလိုက္ရပါေတာ့တယ္။
ေနာက္တစ္ခါဘယ္ေသာအခါမွ ကလိန္ကက်စ္မလုပ္ေတာ့ဘူးလို႔ ငတိုးတစ္ေယာက္ ေခါင္းငိုက္စိုက္နဲ႔ လမ္းေလ်ာက္ရင္း အိမ္ကိုျပန္ေရာက္လာပါေတာ့တယ္။
Credit – ေက်ာက္စိမ္:
Unicode
ငတိုးတစ်ယောက် ချမ်းသာရမယ်ဆိုပြီး ဖားကန့်မှော်ထဲကို တက်လာခဲ့လိုက်တာ နှစ်တွေလည်း အတော်ကြာခဲ့ပြီ။
ကျောက်လေးတွေလည်း ရပါရဲ့။သုံးလိုက်ဖြုန်းလိုက်နဲ့ သူဌေးဖြစ်ဖို့က အိပ်မက်က ဝေးလေ ဝေးလေဖြစ်နေတယ်။
ဖားကန့်မှာ အနေကြာလာတော့ မှော်ကြာငတိုးဆိုတဲ့ ဂုဏ်တစ်ခုတော့ပိုင်လာခဲ့တယ်
မှော်ကြာလည်းဖြစ်လာတော့ မကောင်းတာတွေရော ကောင်းတာတွေပါ အစုံလုပ်တတ်နေပြီ။
ကျောက်ဂျင်းထည့်ခြင်း အနုပညာပေါ့။
ဒီနေ့လည်း လောပန်းတစ်ယောက်ကို ကျောက်ပြမယ်ဆိုပြီးချိန်းထားတာ
ကျောက်ကမရှိတော့ မြေစာပုံကနေ သူများတွေ မလိုချင်လို့ လွှင့်ပစ်ထားတဲ့ ကျောက်မျိုးတစ်လုံးကောက်လာခဲ့လိုက်တယ်။
လောပန်းကို ဂျင်းထည့်မယ်ပေါ့။
ဂျင်းကလည်း မထည့်လို့မရဘူး။
မနက်ဖြန်ဆို ချစ်သူများနေ့။သူပိုးပန်းနေတဲ့ကောင်မလေးကို လက်ဆောင်ပေးချင်နေတာ။
ပိုက်ဆံကမရှိတော့ လောပန်းကို ကျောက်လိမ်ရောင်းဖို့ကြံရတာပေါ့။
လောပန်းဆီရောက်တဲ့အခါမှာတော့ လမ်းဘေးမြေစာပုံက ကောက်လာတဲ့ ကျောက်ကို ထုတ်ပြလိုက်တယ်။
လောပန်းလည်း ကျောက်ကိုကြည့်ပြီး ဘယ်လောက်ထားရောင်းမှာလဲလို့ ငတိုးကို မေးလိုက်တယ်။
ငတိုးကလည်း “လောပန်း အဲ့ကျောက်က ကျနော် ဝယ်ထားတာ ၇သိန်းနဲ့ ဒါကြောင့် လပ်ကီးနည်းနည်း ပိုပေးပြီးယူလိုက်ပါ”လို့ ပြောလိုက်တယ်။
လောပန်းလည်း ငတိုးပြောတဲ့ အတိုင်း လပ်ကီး ၁သိန်းထည့်ပေးပြီး ၈သိန်းနဲ့ ယူလိုက်ပါတယ်။
ငတိုးလည်း ငွေရှစ်သိန်းရတာနဲ့ ဖားကန့်က ပစ္စည်းကောင်းတွေရောင်းတဲ့ဆိုင်ကို ပြေးတာပေါ့။
သူပိုးပန်းနေတဲ့ ကောင်မလေးတွေအတွက် ဈေးကြီးတဲ့ အကောင်းဆုံး ပစ္စည်းတွေကို ဝယ်ပြီး အိမ်ကိုပြန်ခဲ့တော့တယ်။
နောက်နေ့မနက် စောစောမှာပဲ ပိုးကြေးပစ္စည်းတွေယူပြီး သူပိုးပန်းနေတဲ့ကောင်မလေးရဲ့ ထမင်းဆိုင်သွားပါပြီ။
ငတိုးဆိုင်ကို ရောက်လိုက်တာနဲ့မြင်လိုက်ရတာက မင်္ဂလာပွဲ သူပိုးကြေးပန်းကြေးပေးပြီး ချစ်ရေးဆို အဖြေတောင်းမဲ့ကောင်မလေးရဲ့ မင်္ဂလာပွဲ။
ငတိုးတစ်ယောက် အသည်းနင့်အောင်ကွဲပြီလေ။
ငတိုးတစ်ယောက် ပစ္စည်းတွေကိုလွှင့်ပစ်ပြီး အသည်းကွဲတာကုဖို့ အရက်ဆိုင်ကို လှမ်းပြီလေ။
တစ်ပတ်လောက်ကြာတယ်အရက်ဆိုင်မှာ မနက် ညနေ ထိုင်သောက်ပြီး အသည်းကွဲရောဂါ ကုနေတာ။
တစ်ညနေ အိမ်ကိုပြန်တဲ့လမ်းမှာပဲ ငတိုးရေ ငတိုးရေလို့ အော်ခေါ်ပြီး သူကျောက်လိမ်ရောင်းခဲ့တဲ့ လောပန်းက နောက်ကနေ ကားနဲ့ လိုက်လာတယ်။
ငတိုးလည်း လန့်ဖျန့်ပြီး ပြေးပါတော့တယ်။မပြေးလို့လည်းမရဘူး ကျောက်ဖိုးရှစ်သိန်းပြန်ပေးဖို့ကလည်း ပိုက်ဆံမရှိ။အသည်းကကွဲ မူးမူးနဲ့ ရှေ့ကနေ ခြေကုန်သုတ်ပြေး။
လောပန်းကလိုက် နောက်ဆုံးမှာ လောပန်းက သူ့ကို ကျော်ပြီး ကားနဲ့ပိတ်ရပ်လိုက်မှ ဆက်မပြေးတော့တယ်။
ဆက်ပြေးဖို့ကလည်း တော်တော်မောနေပြီကိုး။
လောပန်းက ကားပေါ်ကဆင်းလာပြီး ဟေ့ကောင်ငတိုး မူးမူးရူးရူးနဲ့ ဘာလို့ပြေးနေတာလဲဆိုပြီး မေးရင်း ငတိုးလက်ထဲကို ပိုက်ဆံငါးသိန်းထည့်ပေးတယ်။
ငတိုးလည်းကြောင်သွားပြီ။လောပန်းက ကျောက်ဖိုးလိုက်တောင်းတယ်ထင်နေတာ။
မတောင်းတဲ့ အပြင် ပိုက်ဆံငါးသိန်း ပေးနေတဲ့ အတွက် “လောပန်း ဘာလို့ပေးတာလဲလို့” ငတိုးကမေးလိုက်တယ်။
မင်းရောင်းပေးတဲ့ ကျောက်ကို ဖြတ်လိုက်တာ အောင်သွားတယ်။
သိန်း ၁၂၀၀ နဲ့ရောင်းရတယ်။အဲ့တာမင်းကို လပ်ကီးပေးချင်လို့ လိုက်ရှာနေတာ အခုမှတွေ့လို့ မရမကလိုက် လိုက်ပေးရတယ်။
လပ်ကီး ၅သိန်းအပြင် နောက်ထပ် ၂သိန်း လောပန်းကနေ သောက်ဖို့စားဖို့ဆိုပြီး ထပ်ပေးတယ်။
ငတိုးတစ်ယောက် အသည်းကွဲရောဂါ အပြင် သူများကို ကလိန်ကကျစ်ကျပြီး ရောင်းလိုက်တဲ့ကျောက်က အောင်သွားအဖြစ်ကိုကြုံလိုက်ရပါတော့တယ်။
နောက်တစ်ခါဘယ်သောအခါမှ ကလိန်ကကျစ်မလုပ်တော့ဘူးလို့ ငတိုးတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ လမ်းလျောက်ရင်း အိမ်ကိုပြန်ရောက်လာပါတော့တယ်။
Credit – ကျောက်စိမ်: