ရှာမှရှားသော ငွေဗွေ
အရင်တခါ post တင်ဖူးတာက စီးပွားဗွေ
ယခု post က ရှာမှရှားသော ငွေဗွေ
စီးပွားဗွေ က တနင်္ဂနွေဂြိုဟ်ခုံ လက်သူကြွယ်အောက်
ငွေဗွေ က တနင်္လာဂြိုဟ်ခုံ တွင် ပေါ်ထွန်းသည်
ယခု ဗွေကား ဗွေဘုရင် ဟုခေါ်ဆိုရမည့် ခရုပတ်ဗွေ တနင်္လာဂြိုဟ်ခုံတွင် ပါရှိလာသည်
တနင်္လာဂြိုဟ်ခုံ ၏ သဘောသဘာဝ အရ ငွေနာမ် ထွန်းသည်
တဖန် အေးစက်ခြင်း တည်ငြိမ်ခြင်း သတ္တိရှိခြင်း တို့ကိုဆောင်သော
စစ်သည်တော် ဟု တင်စားသည့် တနင်္လာ သဘောသဘာဝအရ
ယောင်္ကျားလေးဖြစ်လျှင် စစ်ဗိုလ်ချုပ်ထိဖြစ်နိုင်သည် ။
ဒီနေ့မနက် fb မှ fri တယောက်က သူ့ဘဝ ရှေ့ရေးအတွက် အကြံဉာဏ်တောင်းခံလာသည်
ဘွဲ့ရပြီးပါက company ၊ bank ဝန်ထမ်းလုပ်ရမည်လား
အိမ်က စတိုးဆိုင်ကိုပဲ ကွပ်ကဲရမည်လား မေးလာသည်
အမှန်အတိုင်း ပြောရလျင် သူ့လက္ခဏာ ကို ကျွန်တော်အားမရပါ
ကံလမ်းကြောင်းကလဲ အထက်ထိမတက် အောင်မြင်ရေးလမ်းကြောင်းလည်း ရှာမတွေ့ တော့
ဝန်ထမ်းလုပ်စေချင်သည့် စိတ် ဖြစ်ပေါ်လာမိသည်
သူ မှ ရုတ်တရက် အဲဒါ ဘာဗွေလေးလည်းဟု မေးမှ zoom ချဲ့လိုက်မှ ငွေဗွေ လေးကိုသွားတွေ့မိပါသည်
ငွေဗွေ ပါသူကား သူများနဲ့ ဈေးယှဉ်ရောင်းလျင် သူက သာပါမည်
အပြိုင်အဆိုင် တွေက သူကို မမှီ
ပြိုင်လာလျင်လည်း လဲပြိုကုန်မည်
ကျွန်တော် အကြံဉာဏ် ပိုင်နိုင်စွာပေးလိုက်ပါသည်
စတိုးဆိုင်သာ ကွပ်ကဲ
လုံးဝ ဝန်ထမ်း မလုပ်နဲ့ ဟု ပြောလိုက်ပါသည်
နောက် ထူးခြားမှုတချက် သူ့လက်ကောက်ဝတ် အရစ် လေးခု ပါနေခြင်းဖြစ်သည်
သုံးခုပါလျင်ပင် ပြီးပြည့်စုံသူ ဖြစ်နိုင်မှတော့
လေးခု ဆိုလျင်ကား အတိုင်းထက်အလွန်
😃
မုန်းမာန်
ရှာမှရှားသော ငှဗှေေ
ယခု post က ရှာမှရှားသော ငှဗှေေ
စီးပှားဗှေ က တနငျ်ဂနှဂွေိုဟျခုံ လကျသူကွှယျအောကျ