လိပ်ခေါင်းရောဂါသည် ဝမ်းချုပ်နေစဉ် အရွယ်အစားကြီးမားပြီး မာကျောသည့် မစင်ကိုစွန့်သည့်အခါ စအိုဝကို လိုသည်ထက်ပို၍ ကျယ်စေခြင်း၊ အလေးမသည့်အခါ စအိုကြွက်သားကို
အဆမတန် ကျုံ့လိုက်ဆန့်လိုက် လုပ်ရခြင်း စသည့်အဓိက အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်သည်။
စအိုတဝိုက်ရှိ သွေးပြန်ကြောများကို ပျက်စီးစေကာ သွေးပိတ်ဆို့မှု (Blood clot) ကြောင့် သွေးများတနေရာတွင် စုစည်းပြီး လိပ်ခေါင်းကို အစပျိုးစေခြင်း ဖြစ်ပါသည်။
လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် ထိုအကြောင်းအရင်းနှစ်ခုကို အထောက်အကူပြုသည့် တခြား အကြောင်းရင်းများမှာ အဝလွန်ခြင်းနှင့် ဆက်တိုက် လုပ်ရှားမှုမရှိပဲ ကြာကြာထိုင်ခြင်း၊
အမျိုးသမီးများ ကိုယ်ဝန် လရင့်လာသောအခါ ဝမ်းချုပ်ခြင်းကို မထိန်းချုပ်နိုင်မှု မရှိခြင်း။ အူသိမ်မှ အစာအာဟာရကို အသည်းသို့ သယ်ဆောင်ပေးသော
သွေးပြန်ကြောများ၏ သွေးဖိအားနည်းခြင်း (Portal hypertension) နှင့် အသည်းရောဂါ အမျိုးမျိုးတို့ကြောင့်လည်း
လိပ်ခေါင်းရောဂါ ဖြစ်ပွားစေရန် အထောက်အကူပြုသည့် အကြောင်းရင်းများ ဖြစ်သည်
ရောဂါလက္ခဏာများ လိပ်ခေါင်းရောဂါ၏ အဓိကလက္ခဏာမှာ သွေးယိုစီးခြင်း။
စအိုဝ၌ ယားယံခြင်း၊ တခါတရံ နာကျင်ကိုက်ခဲခြင်းများ ရှိနိုင်ပါသည်။ နာကျင်ခြင်း ရှိမရှိမှာ သွေးပြန်ကြောရောင်ပြီး သွေး
ပိတ်ဆို့မှု အနည်းအများအပေါ် မူတည်ပါသည်။ စအိုအတွင်းဘက်ကို လက်အိပ်စွပ်ပြီး စမ်းသပ်ကြည့်ပါက ပျော့ပြောင်းဖေါင်းပွနေသည်ကို တွေ့ရပေမည်။
လိပ်ခေါင်းရောဂါ၏ ပထမအဆင့်တွင် နာကျင်ခြင်းမရှိပဲ လိပ်ခေါင်းသည်လည်း အပြင်သို့မထွက်ပါ ဝမ်းသွားပြီးနောက် သွေးထွက်ခြင်း ရှိနိုင်ပါသည်။
ဒုတိယအဆင့်တွင် ပထမအဆင့် လက္ခဏာများအပြင် မစင်စွန့်စဉ် လိပ်ခေါင်းထွက်လာပြီး အလိုလျောက် ပြန်ဝင်သွားနိုင်ပါသည်။ တတိယအဆင့်တွင် လိပ်ခေါင်း အပြင်သို့ အမြဲကျနေနိုင်ပြီး ဖိအားပေး၍ ပြန်သွင်းနိုင်ပါသည်။
နာကျင်ခြင်းကို တတိယအဆင့်တွင် အများဆုံး ဖြစ်စေပါသည်။
Public Health in Myanmar
လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်
လိပ်ခေါင်းရောဂါဟာ အဖြစ်များကြတဲ့ ရောဂါတစ်ခုပါ။ မကြာခဏလည်း ဆေးနည်းမေးလာကြတယ်။ ခေတ်မှီဆေးဝါးများ ရှိပြီးဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့်
သဘာဝဆေးနည်းဖြင့် ကုသလိုသူများအတွက် ဆေးကျမ်းများထဲမှ တိကျခိုင်မာတဲ့ ဆေးနည်းကောင်းများကို ညွန်ပေးလိုက်ပါတယ်။
(၁) နှမ်းမဲစေ့နှင့် ပင်စိမ်းစေ့တို့ကို လက်တစ်ဆုပ်ခန့်စီ ဆတူကြိတ်ပြီး ထန်းလျက်နဲ့ ကျို၍ မန်ကျည်းစေ့ခန့်အလုံးလေးများ လုံးထားပါ။
(၂) ခြောက်အောင် နေလှန်းပြီး ၄င်းဆေးလုံးကို နံနက်တစ်လုံး၊ ညတစ်လုံးစီ စားပေးပါ။ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများကိုပျောက်ကင်းစေပါတယ်။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊
အသားဝါများကိုုလည်း သက်သာပျောက််ကင်းစေပါတယ်။
(၃) အပြင်လိပ်ခေါင်းအတွက် ထိကရုံးပင်၏ ပဥ္စငါးပါးကိုကြိတ်ပြီး အဝတ်သန့်သန့်ဖြင့်ထုတ်ကာ ထွက်လာသောလိပ်ခေါင်းနေရာကို မကြာခဏ ကြက်ပူထိုးပေးပါ။
(၄) အင်္ကောလရွက်ကို ပြာချပြီး ၄င်းပြာ ၁ ပဲသား၊ ငရုတ်ကောင်း ၂၅ စေ့၊ ဒုတ္ထာမီးဖောက် ၃ ပဲသား၊ ကျောက်ဆေးဒန်း ၁ ပဲသားတို့ကို ရောစပ်၍ ကျောက်ဆုံဖြင့် ညက်နေအောင်ထောင်း၊
နှမ်းဆီနှင့် ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင် ထပ်ထောင်းပြီး လိပ်ခေါင်းနေရာကို တစ်နေ့ ၂ကြိမ် လိမ်းပေးပါ။အထက်ပါနည်းများဟာ သဘာဝနည်းများဖြစ်တဲ့အတွက် စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါမယ်။
လူသားတိုင်း ကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ ့နေဆိုင်(ပူတာအို)
ကိုးကား – အစွမ်းထက် သဘာဝဆေးနည်းမျာ
လူ ၁၀၀မွာ ၉၀ ေလာက္ျဖစ္တတ္တဲ့ လိပ္ေခါင္းေရာဂါအတြက္ ေဆးေကာင္းတစ္လက္
လိပ္ေခါင္းေရာဂါသည္ ၀မ္းခ်ဳပ္ေနစဥ္ အရြယ္အစားႀကီးမားၿပီး မာေက်ာသည့္ မစင္ကိုစြန္႔သည့္အခါ စအို၀ကို လိုသည္ထက္ပုိ၍ က်ယ္ေစျခင္း၊
အေလးမသည့္အခါ စအိုၾကြက္သားကို အဆမတန္ က်ံဳ႔လိုက္ဆန္႔လိုက္ လုပ္ရျခင္း စသည့္အဓိက အေၾကာင္းအရင္း ႏွစ္ခုေၾကာင့္ ျဖစ္သည္။
စအိုတ၀ိုက္ရွိ ေသြးျပန္ေၾကာမ်ားကို ပ်က္စီးေစကာ ေသြးပိတ္ဆို႔မႈ (Blood clot) ေၾကာင့္ ေသြးမ်ားတေနရာတြင္ စုစည္းၿပီး လိပ္ေခါင္းကို အစပ်ိဳးေစျခင္း ျဖစ္ပါသည္။
လိပ္ေခါင္းေရာဂါ ျဖစ္ေစႏိုင္သည့္ ထိုအေၾကာင္းအရင္းႏွစ္ခုကို အေထာက္အကူျပဳသည့္ တျခား အေၾကာင္းရင္းမ်ားမွာ အ၀လြန္ျခင္းႏွင့္ ဆက္တိုက္ လုပ္ရွားမႈမရွိပဲ ၾကာၾကာထိုင္ျခင္း၊
အမ်ိဳးသမီးမ်ား ကိုယ္၀န္ လရင့္လာေသာအခါ ၀မ္းခ်ဳပ္ျခင္းကို မထိန္းခ်ဳပ္ႏိုင္မႈ မရွိျခင္း။ အူသိမ္မွ အစာအာဟာရကို အသည္းသို႔ သယ္ေဆာင္ေပးေသာ ေသြးျပန္ေၾကာမ်ား၏
ေသြးဖိအားနည္းျခင္း (Portal hypertension) ႏွင့္ အသည္းေရာဂါ အမ်ိဳးမ်ိဳးတို႔ေၾကာင့္လည္း လိပ္ေခါင္းေရာဂါ ျဖစ္ပြားေစရန္ အေထာက္အကူျပဳသည္႕
အေၾကာင္းရင္းမ်ား ျဖစ္သည္။ ေရာဂါလကၡဏာမ်ား လိပ္ေခါင္းေရာဂါ၏ အဓိကလကၡဏာမွာ ေသြးယိုစီးျခင္း။
စအို၀၌ ယားယံျခင္း၊ တခါတရံ နာက်င္ကိုက္ခဲျခင္းမ်ား ရွိႏုိင္ပါသည္။ နာက်င္ျခင္း ရွိမရွိမွာ ေသြးျပန္ေၾကာေရာင္ၿပီး ေသြးပိတ္ဆို႔မႈ အနည္းအမ်ားအေပၚ မူတည္ပါသည္။
စအိုအတြင္းဘက္ကို လက္အိပ္စြပ္ၿပီး စမ္းသပ္ၾကည့္ပါက ေပ်ာ့ေျပာင္းေဖါင္းပြေနသည္ကို ေတြ႔ရေပမည္။ လိပ္ေခါင္းေရာဂါ၏
ပထမအဆင့္တြင္ နာက်င္ျခင္းမရွိပဲ လိပ္ေခါင္းသည္လည္း အျပင္သို႔မထြက္ပါ ၀မ္းသြားၿပီးေနာက္ ေသြးထြက္ျခင္း ရွိႏိုင္ပါသည္။
ဒုတိယအဆင့္တြင္ ပထမအဆင့္ လကၡဏာမ်ားအျပင္ မစင္စြန္႔စဥ္ လိပ္ေခါင္းထြက္လာၿပီး အလိုေလ်ာက္ ျပန္၀င္သြားႏိုင္ပါသည္။
တတိယအဆင့္တြင္ လိပ္ေခါင္း အျပင္သို႔ အျမဲက်ေနႏိုင္ၿပီး ဖိအားေပး၍ ျပန္သြင္းႏိုင္ပါသည္။ နာက်င္ျခင္းကို တတိယအဆင့္တြင္ အမ်ားဆံုး ျဖစ္ေစပါသည္။
Public Health in Myanmar
လိပ္ေခါင္းေရာဂါအတြက္ ေဆးေကာင္းတစ္လက္
လိပ္ေခါင္းေရာဂါဟာ အျဖစ္မ်ားၾကတဲ့ ေရာဂါတစ္ခုပါ။ မၾကာခဏလည္း ေဆးနည္းေမးလာၾကတယ္။ ေခတ္မွီေဆး၀ါးမ်ား ရွိျပီးျဖစ္ေသာ္လည္း အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ သဘာ၀ေဆးနည္းျဖင့္ ကုသလိုသူမ်ားအတြက္ ေဆးက်မ္းမ်ားထဲမွ တိက်ခိုင္မာတဲ့ ေဆးနည္းေကာင္းမ်ားကို ညြန္ေပးလိုက္ပါတယ္။
(၁) ႏွမ္းမဲေစ့ႏွင့္ ပင္စိမ္းေစ့တို့ကို လက္တစ္ဆုပ္ခန့္စီ ဆတူႀကိတ္ျပီး ထန္းလ်က္နဲ႔ က်ိဳ၍ မန္က်ည္းေစ့ခန့္အလံုးေလးမ်ား လံုးထားပါ။
(၂) ေျခာက္ေအာင္ ေနလွန္းျပီး ၄င္းေဆးလံုးကို နံနက္တစ္လံုး၊ ညတစ္လံုးစီ စားေပးပါ။ထိုသို႔စားေပးျခင္းျဖင့္ လိပ္ေခါင္းေရာဂါ၊ ျမင္းသရိုက္နာ ေရာဂါမ်ားကိုေပ်ာက္ကင္းေစပါတယ္။
ဆီးခ်ဳပ္၊ ဆီးေအာင့္၊ အသည္းေရာင္၊ အသားဝါမ်ားကိုုလည္း သက္သာေပ်ာက္္ကင္းေစပါတယ္။
(၃) အျပင္လိပ္ေခါင္းအတြက္ ထိကရံုးပင္၏ ပဥၥငါးပါးကိုၾကိတ္ျပီး အ၀တ္သန့္သန့္ျဖင့္ထုတ္ကာ ထြက္လာေသာလိပ္ေခါင္းေနရာကို မၾကာခဏ ၾကက္ပူထိုးေပးပါ။
(၄) အေကၤာလရြက္ကို ျပာခ်ျပီး ၄င္းျပာ ၁ ပဲသား၊ ငရုတ္ေကာင္း ၂၅ ေစ့၊ ဒုတၳာမီးေဖာက္ ၃ ပဲသား၊ ေက်ာက္ေဆးဒန္း ၁ ပဲသားတို့ကို ေရာစပ္၍ ေက်ာက္ဆံုျဖင့္ ညက္ေနေအာင္ေထာင္း၊
ႏွမ္းဆီႏွင့္ ပ်ားဖေယာင္းတို့ကို သင့္ေတာ္ရံုထည့္၍ ညက္ေနေအာင္ ထပ္ေထာင္းျပီး လိပ္ေခါင္းေနရာကို တစ္ေန့ ၂ၾကိမ္ လိမ္းေပးပါ။အထက္ပါနည္းမ်ားဟာ သဘာ၀နည္းမ်ားျဖစ္တဲ့အတြက္ စိတ္ရွည္ရွည္ေလးေတာ့ လုပ္ေပးရပါမယ္။
လူသားတိုင္း က်န္းမာစြာျဖင့္ အသက္ရွည္ႏိုင္ၾကပါေစ။
ေစာႏြဲ ့ေနဆိုင္(ပူတာအို)
ကိုးကား – အစြမ္းထက္ သဘာ၀ေဆးနည္းမ်ား