Knowledge

မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ်အတွက် ခုနှစ်ရက်သားသမီးများအတွက် (၁) နှစ်စာ ဗေဒင်ဟောစာတမ်း

(၁) နှစ်စာ ဗေဒင်ဟောစာတမ်း

ပုပ္ပါးစောရဟန်းမင်းကို အကြောင်းပြုပြီးရေးထိုးသော သက္ကရာဇ် ၁၃၈၅ ခုနှစ် …သခင်ခရစ်တော်ကို အကြောင်းပြုပြီးရေးထိုး

သော သက္ကရာဇ် ၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်အတွင်း

တနင်္ဂနွေသားသမီးများသည်

ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်လတ္တံ့။

ငွေရေးကြေးရေး – အတိတ်ကံကို အကြောင်းပြု၍ ငွေကြေးအစုလိုက်အပုံလိုက်ရအံ့။

ထီထိုးကံစမ်းရန် – (၂) နှင့် (၆) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ

အချစ်ရေး – အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရလတ္တံ့။

အိမ်ထောင်ရေး – တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္ဂနွေသားသမီးများ ၊ နာမည်မှာ အိမ့် အောင် အေး အိ ဦး ပါတဲ့သူများ ၊ အုပ်ချုပ်ရေး ဥပဒေ ၊ အိမ်ခြံမြေ ၊ အကျိုးဆောင်အလုပ်နှင့် ပက်သက်သူများ ဝင်ရှုပ်အံ့။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို ရေမွှေး

လက်ဆောင်ပေးရင်း ဆုတောင်းပါ။

ပညာရေး – ပညာရေးကံတအားကောင်းနေအံ့။ထူးထူးချွန်ချွန် အောင်မြင်အံ့။

ကျန်းမာရေး – ဦးခေါင်း ၊ အာရုံကြော ၊ အဆုတ် ၊ အစာအိမ် နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်

မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။ မည့်သည့်နေ့တွင်မဆို မနက်(၆)နာရီ (၃၂) မိနစ်တိတိတွင် ဆွမ်းပူပူ(၃)ပန်းကန် ဆီ

အစိမ်းဆမ်း ၊ သစ်သီး(၆)လုံး ၊ ကိတ်မုန့်(၂)ချပ် သောက်တော်ရေ (၂)ခွက် ၊ ဖယောင်းတိုင် (၂) တိုင် ၊ မိမိနေအိမ်ဘုရားတွင်

လှူဒါန်းဆုတောင်းပါ

( အထူးအားဖြင့် – အတာစားသောနေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေသားသမီးများသည်

သင်္ကြန်မင်း (သို့) သိကြားမင်း (သို့) တနင်္ဂနွေဂြိုဟ်မင်း နှင့်တကွ ၊ နတ်ဒေဝတာများ ၊ မိမိအားစောင့်ရှောက်ကြကုန်သော မိမိနှင့်ပဌန်းဆက်ရှိကြကုန်သော နတ်ပုဂ္ဂုလ်များကို မေတ္တာပို့သဆုတောင်းပါ ….။

၁၃၈၅ ခုနှစ် တစ်နှစ်တာလုံးတွင်လည်း ဘာသာရေးပိုလုပ်ခြင်း ၊ ကောင်းမှုကုသလိုလ်များ ပိုမိုပြုလုပ်ခြင်း ၊ မေတ္တာများများပို့ခြင်း ၊ သည်းခံစိတ်မွေးခြင်း ၊ အစစအရာရာ သတိတရားလက်ကိုင်ထားပြီး ဖြတ်သန်းခြင်းအားဖြင့် …

၁၃၈၅ ခုနှစ်တစ်နှစ်တာလုံးတွင် အန္တရာယ်ကင်းဘေးရှင်း ၊ အခိုက်အညံ့ကင်းရှင်း ၊ ရောဂါဘယကင်းရှင်းပြီး ကောင်းကျိုး

ချမ်းသာများ ရရှိခံစားရကာ ကောင်းသောအပြောင်းအလဲများသည် ဧကံမုချဖြစ်လတ္တံ့။)

တနင်္လာသမီးများသည်

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။

ငွေရေးကြေးရေး – ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။ ငွေလိမ်ခံရတတ်။သတိထားသင့်။

ထီထိုးကံစမ်းရန် – (၁) နှင့် (၂) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

အချစ်ရေး – ချစ်ခြင်းမေတ္တာများ သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်။ မတည်မငြိမ်ဖြစ်အံ့။

အိမ်ထောင်ရေး – မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် စနေသားသမီးများ ၊ နာမည်တွင် တ ထ ဒ ဓ န ပါသောသူများ ၊ လူမျိုးခြား ဘာသာခြား ၊ မီးလျှပ်စစ် ၊ အထည်အလိပ် ၊ နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

ပညာရေး – ပညာရေးကံအလယ်အလတ်သာရှိအံ့။ မိမိရည်မှန်းထားသလောက်သာ အောင်မြင်အံ့။

ကျန်းမာရေး – နား ၊နှာခေါင်း ၊ ဒူး ၊ ကိုယ်ပူခြင်း ၊ ဖျားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အခက်အခဲကြီးကြီးမားမားရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … တနင်္လာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ (၄၀) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းပါ …။

အင်္ဂါသားသမီးများ

စီးပွားတက်အံ့။ ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။

ငွေရေးကြေးရေး – နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့။

ထီထိုးကံစမ်းရန် – (၃) နှင့် (၄) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

အချစ်ရေး – မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ဆေးရုံ ဆေးခန်းနှင့် ပက်သက်ရတတ်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ(၄)မိနစ်တိတိတွင် အနီရောင်ပန်း(၆)ပွင့် ၊ အုန်းသီးပါသောမုန့် (၆)ခု ၊ လက်ဖက်ရည် (၄)ခွက် ၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းပါ …။

ဗုဒ္ဓဟူးသားသမီးများ

စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။

ငွေရေးကြေးရေး – လွဲချော်ပြီးမှ အောင်မြင်အံ့ ။

ထီထိုးကံစမ်းရန် – (၁) နှင့် (၄) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

အချစ်ရေး – ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။

အိမ်ထောင်ရေး – အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲအံ့။ ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၆)နာရီ(၅)မိနစ် တိတိတွင် ပန်းအဝါ (၅)ပွင့် ပေါင်မုန့်(၅)ချပ် ၊ သစ်သီး(၆)လုံး ၊ ကိတ်မုန့်(၂)ချပ် ၊ ၊ သောက်တော်ရေ (၅)ခွက် ၊ ဖယောင်းတိုင် (၅) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းပါ …။

ကြာသပတေးသားသမီးများ

လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြြန်မန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။

ငွေရေးကြေးရေး – မိမိရည်မှန်းထားသလောက် အောင်မြင်အံ့ ။

ငွေရေးကြေးရေးအတွက် ယတြာလုပ်ချင်သပဆိုရင်တော့ လမ်းမှာတွေ့တဲ့ ဘုန်းကြီးတစ်ပါးကို မျက်နှာသုတ်ပဝါ အစိမ်းရောင် မကြာခဏ လှူပေးပါ ။ ကလေးများကို ကော်ရည်ခေါက်ဆွဲ မကြာခဏကျွေးပါ။

ထီထိုးကံစမ်းရန် – (၃) နှင့် (၅) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရအံ့။

အိမ်ထောင်ရေး – အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့်။

အချစ်ရေးအိမ်ထောင်ရေးတွင် ဗုဒ္ဒဟူးသားသမီးများ ၊ နာမည်တွင် ရ ယ လ ၀ ပါသောသူများ ၊ မြစ်နား ချောင်းနား ရေနားနီးသောသူများ ၊ အအေး ၊ အရက်ဘီယာ ၊ ရေသန့် ၊ အလှအပ ၊ အနုပညာ နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။(သတိထားရန်)

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။

ကျန်းမာရေး – ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရင်ဂေါင်း ၊ လက် ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၆)နာရီ(၇)မိနစ်တိတိတွင် နှင်းဆီ(၇)ပွင့် ၊ သစ်သီး (၆) လုံး ၊ ဆွမ်းပူပူ (၃)ပွဲ ဆီအစိမ်းဆမ်းပါ ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၇) တိုင် ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းပါ …။

သောကြာသားသမီးများ

စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ၊ အတိုက်အခံအခက်အခဲများ ၊ မနာလို ရန်လုပ်သူများကြားမှ မိမိ၏အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်မည့်နှစ်ဖြစ်အံ့။

ငွေရေးကြေးရေး – ငွေ မမြဲအံ့။ ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသောအလုပ်များ သတိထားပြီးလုပ်ပါ။

ထီထိုးကံစမ်းရန် – (၄) နှင့် (၅) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

အချစ်ရေး – ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။

အိမ်ထောင်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် အင်္ဂါသားသမီးများ ၊ နာမည်တွင် စ ဆ ဇ ဈ ည ပါသောသူများ ၊ဆေးရုံဆေးခန်း ၊ စစ်ဖက် ၊ စာသင် ၊ စကားပြော ၊ စက်မှုလက်မှု ၊ စားသောက်ကုန် ၊ စားသောက်ဆိုင်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

ပညာရေး – ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်းထားသလောက် အောင်မြင်လတ္တံ့။

ကျန်းမာရေး – ဆီး ၊ သွေး ၊ အစာမှား ၊ ဆေးမှား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. သောကြာနေ့ ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၁၀)မိနစ်တိတိတွင် နှင်းဆီ(၇)ပွင့်၊ ယို(၄)ပွဲ ၊ သောက်တော်ရေ (၄)ခွက် ၊ ဖယောင်းတိုင် (၄) တိုင် နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းပါ …။

စနေသားသမီးများ

အတိက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်လတ္တံ့။

အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။

ငွေရေးကြေးရေး – ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေကြေးများ ပြန်လည်ရရှိအံ့။ ပျက်မလိုဖြစ်နေတဲ့ ငွေကြေးကိစ္စများအောင်မြင်အံ့။

ထီထိုးကံစမ်းရန် – (၄) နှင့် (၆) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

အချစ်ရေး – မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ဘာအကြောင်းပဲရှိရှိ ပြုလုပ်ရန် ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက် (၅)နာရီ (၂၀)မိနစ်တိတိတွင် အဖြူရောင်ပန်း(၂)ပွင့် ၊ ပန်းအဝါ (၅)ပွင့် ၊ အုန်းသီးပါသောမုန့် (၆)ခု ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၁) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းပါ …။

အထူးယတြာ။ ။ စနေနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

အကျွန်ုပ်၏ကောင်းသောဟောချက်များ သွေးထွက်အောင်မှန်ကန်၍ ၊ မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)