မြန်မာလဆန်းရက်ရောက်တိုင်း ရှောက်ရွက်စားပေးသင့်တဲ့အကြောင်းအရင်း
မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။
ရှောက်ရွက် ကိုကြက်သွန်ဖြူ ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်တဲ့အပြင်
ကမ္ဘာပေါ်မှ ာအဖြစ်များပြီး အပျောက်နည်းတဲ့ ကင်ဆာရောဂါ ကိုလည်းကာကွယ်ပေး ပါတယ်။
ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပြီး
တစ်ပတ်ကို ၃/၄ ကြိမ်စားရုံနဲ့ ကြိုတင်ကာ ကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ရှောက်ရွက်မှာ
စိတ်ဖိစီးမှုကိုလျှော့ ချနိုင်တဲ့ Astsiri အဆီဓာတ် တစ်မျိုးပါဝင်ပြီး ရှောက်ရွက်အနံ့က စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုး ထုတ်လုပ်အောင်
နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများအထူးစားသုံးသင့်ပါတယ်။
ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျ ဆင်းနေရင်
ရှောက်ရွက်ကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်ခင်းသောက်ရင် ကိုယ်ခံအားကိုတိုးမြှင့်စေပါတယ်။
အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊ စလင်းဘော်ဒီဖြစ်ပြီး
လူတကာတွေလည်ပြန််ငေးရလောက်အောင်ဖြစ်ချင် ရင်တော့ပုလင်းလွတ် တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊
သကြားစားပွဲတင်ဇွန်း သုံးဇွန်း နဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊
လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။
ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန် မှန်သောက် သွားပေးရင်
တစ်လနှစ်လ အတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး body လေးရလာပါလိမ့်မယ်။
ဒါ့အပြင်အသည်းအဆီဖုံး၊ နှလုံးအဆီပိတ် တာတွေ လည်းမဖြစ်တော့ပါဘူး။အချိန်မ ရလို့ မလုပ်ဖြစ်ခဲ့ ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။
အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်က ချခါနီး ခပ်သောက်ကြပါ။
အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ ထမင်းကြော်စားတဲ့နေ ရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက် ရွက်လေးကို ညှပ်ထည့်ပြီး
ကြော်စားကြပါလို့ တိုက်တွန်းလိုက် ရပါတယ် ။အားလုံးကျန်းမာကြပါစေ။