News

မုန်တိုင်းကြောင့် စစ်တွေမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် သေဆုံးသူများ ရှိလာပြီး စစ်တွေ တစ်မြို့လုံးနီးပါးထိခိုက်သွား

မုန်တိုင်းကြောင့် စစ်တွေမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် သေဆုံးသူများ ရှိလာပြီး စစ်တွေ တစ်မြို့လုံးနီးပါးထိခိုက်သွား

ယမန်နေ့ မေလ (၁၄) ရက်က တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့ပေါ်တွင် သေဆုံးသူ အနည်းဆုံး (၃) ဦးအထိ ရှိပြီး စစ်တွေမြို့ အနီးဝန်းကျင် ကျေးရွာများတွင် သေဆုံးသူများရှိကြောင်း လတ်တလောရရှိသည့် အချက်အလက်များကို ကိုးကား၍ ဒေသခံများက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ နေ့လယ် (၁) နာရီအချိန် စစ်တွေမြို့ခံတစ်ဦးနှင့်ပေါ် ပြူလာနယူးစ်၏ ဆက်သွယ်မေးမြန်းမှုအရ စစ်တွေမြို့ အာကျိတ်တော်ကုန်းပေါ်ရှိ အဓိဌာန်ကျောင်းတွင် မှန်များ ကွဲပျက်ပြိုကျရာမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး စစ်တွေမြို့အတွင်း၌လည်း သွပ်ပြားမှန်ခြင်း ၊ သစ်ပင်နှင့် သစ်ကိုင်းပိ၍ အနည်းဆုံး (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” သွပ်ပြားထိတာတို့ သစ်ပင်ပိတာတို့ပေါ့ဗျာ။ လေထဲမှာ ပျံလာတာလေ။ အမိုးသွားပြင်ရင်းနဲ့ လူပါပါသွားတာပေါ့ ။အဲဒါမျိုး အသေအပျောက်တွေ ရှိတယ်။ နှစ်ယောက် သုံးယောက်လောက်ပေါ့” ဟု ၎င်းက ပြောသည်။ယမန်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းကြောင့် စစ်တွေ တစ်မြို့လုံးနီးပါး ထိသွားပြီး ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ကြောင်းစစ်တွေမြို့မှ သတင်းရင်းမြစ်က ပြောသည်။

မုန်တိုင်းဖြတ်သန်းချိန် မုန်တိုင်း ဒီရေဝင်ရောက်မှုကြောင့် စစ်တွေမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင်လည်း ရေနစ်မြုပ်ကာ လူသေဆုံးမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။စစ်တွေမြို့ အနောက်စံပြ ရပ်ကွက်နှင့် အနီးစပ်ဆုံးနေပါဝင်သည့် အနိမ့်ပိုင်း ကျေးရွာများနှင့် စစ်တွေမြို့နယ်အတွင်းရှိ အုန်တောကြီးကျေးရွာတွင် ဒေသခံ ဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပေါ်ပြူလာနယူးစ်၏ သတင်းရင်းမြစ်က ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

စစ်တွေမြို့ဒေသခံ ဦးအောင်သန်းဝေက ပေါ်ပြူလာနယူးစ်သို့ ယ​​နေ့နေ့လယ် (၁) နာရီခွဲဝန်းကျင် ပြောကြားချက်အရ စစ်တွေမြို့ပေါ် (၃၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) လုံး အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး အစိုးရရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများပါ ပျက်စီးခဲ့ကြောင်း သိရသည်။

” စစ်တွေမြို့က လုံးဝမြို့ပျက်ကြီးလို ဖြစ်သွားတာပေါ့။ ပြည်ထောင်စု အစိုးရအဆင့်လောက်နဲ့ မရတော့ဘူး။ နိုင်ငံတကာ အကူအညီမပါရင် ပြန်လည်ထူထောင်ရေးက မလွယ်လောက်ဘူးဗျ။ ‌စစ်တွေမြို့မှာ ရပ်ကွက်ပေါင်း (၃၃) ရပ်ကွက်၊ ကျေးရွာ (၃၀) ပေါ့နော် ၊အဲဒါ မပျက်စီးတဲ့ နေရာကို မရှိလောက်ဘူး။ မြို့ပေါ်မှာ မပျက်စီးတဲ့အိမ်ကို မရှိဘူး။ အနည်းနဲ့အများ အကုန်ပျက်စီးတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက ကနဦး စစ်ဆေးတွေ့ရှိမှုများကို အခြေခံကာ ထုတ်ပြန်လာသည့် စာရင်းအချက်အလက်များအရ မုန်တိုင်းကြောင့် သေဆုံးသူ (၃) ဦး ရှိပြီး လူနေအိမ် (၈၆၄) လုံး၊ သာသနိကအဆောက်အဦ (၁၁) လုံး ၊ ဘုန်းတော်ကြီးကျောင်း (၁၆) ကျောင်း၊ စာသင်ကျောင်း (၆၄) ကျောင်း၊ ဆေးရုံဆေးခန်း (၁၄) ခု၊ ဆက်သွယ်ရေး တာဝါတိုင် (၇) ခု၊ လမ်းမီးတိုင် (၇၁) တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ (၃၈) လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြေပြင် သတင်းအချက်အလက်များအရ အဆိုပါ အရေအတွက်များထက် ပိုမိုများပြားနေနိုင်ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် အသေးစိတ် စာရင်းအချက်အလက်များ သတင်းအချက်အလက်များကို အတည်ပြုရန် ခက်ခဲနေဆဲပင်ဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့ အစိုးရရုံး အနီးတဝိုက် ပေ ၅၀ ပတ်ဝန်းတွင်သာ ဖုန်းလိုင်းမိနေပြီး အခြားနေရာများတွင် ပြတ်တောက်နေဆဲ အခြေအနေဖြစ်ကြောင်း သိရသည်။
” အဲနား ပေ (၅၀) ပတ်လည်လောက်ပဲ ဖုန်းပြောလို့ရတာ။ အင်တာနက်တွေ ဘာတွေ မရဘူး” ဟု ဦးအောင်သန်းဝေက ပြောသည်။

မိုခါ ဆိုင်ကလုန်းသည် စစ်တွေမြို့အနီးမှ တစ်နာရီ ပေ ၁၂၅ မိုင်အထက်ဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ချင်းပြည်နယ် ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့ကို ဖြတ်ကျော် ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi code

မုန္တိုင္းေၾကာင့္ စစ္ေတြၿမိဳ႕ႏွင့္ အနီးတဝိုက္ေက်း႐ြာမ်ားတြင္ ေသဆုံးသူမ်ား ရွိလာၿပီး စစ္ေတြ တစ္ၿမိဳ႕လုံးနီးပါးထိခိုက္သြား

ယမန္ေန႔ ေမလ (၁၄) ရက္က တိုက္ခတ္ခဲ့သည့္ အင္အားျပင္း ဆိုင္ကလုန္းမုန္တိုင္း မိုခါေၾကာင့္ စစ္ေတြၿမိဳ႕ေပၚတြင္ ေသဆုံးသူ အနည္းဆုံး (၃) ဦးအထိ ရွိၿပီး စစ္ေတြၿမိဳ႕ အနီးဝန္းက်င္ ေက်း႐ြာမ်ားတြင္ ေသဆုံးသူမ်ားရွိေၾကာင္း လတ္တေလာရရွိသည့္ အခ်က္အလက္မ်ားကို ကိုးကား၍ ေဒသခံမ်ားက ေပၚျပဴလာနယူးစ္သို႔ ေျပာသည္။

ယေန႔ ေန႔လယ္ (၁) နာရီအခ်ိန္ စစ္ေတြၿမိဳ႕ခံတစ္ဦးႏွင့္ေပၚ ျပဴလာနယူးစ္၏ ဆက္သြယ္ေမးျမန္းမႈအရ စစ္ေတြၿမိဳ႕ အာက်ိတ္ေတာ္ကုန္းေပၚရွိ အဓိဌာန္ေက်ာင္းတြင္ မွန္မ်ား ကြဲပ်က္ၿပိဳက်ရာမွ အမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့ၿပီး စစ္ေတြၿမိဳ႕အတြင္း၌လည္း သြပ္ျပားမွန္ျခင္း ၊ သစ္ပင္ႏွင့္ သစ္ကိုင္းပိ၍ အနည္းဆုံး (၂) ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

” သြပ္ျပားထိတာတို႔ သစ္ပင္ပိတာတို႔ေပါ့ဗ်ာ။ ေလထဲမွာ ပ်ံလာတာေလ။ အမိုးသြားျပင္ရင္းနဲ႔ လူပါပါသြားတာေပါ့ ။အဲဒါမ်ိဳး အေသအေပ်ာက္ေတြ ရွိတယ္။ ႏွစ္ေယာက္ သုံးေယာက္ေလာက္ေပါ့” ဟု ၎က ေျပာသည္။ယမန္ေန႔က တိုက္ခတ္ခဲ့သည့္ မိုခါဆိုင္ကလုန္းေၾကာင့္ စစ္ေတြ တစ္ၿမိဳ႕လုံးနီးပါး ထိသြားၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၉၉ ရာခိုင္ႏႈန္းေလာက္ ပ်က္စီးခဲ့ေၾကာင္းစစ္ေတြၿမိဳ႕မွ သတင္းရင္းျမစ္က ေျပာသည္။

မုန္တိုင္းျဖတ္သန္းခ်ိန္ မုန္တိုင္း ဒီေရဝင္ေရာက္မႈေၾကာင့္ စစ္ေတြၿမိဳ႕ႏွင့္ အနီးဝန္းက်င္ေက်း႐ြာမ်ားတြင္လည္း ေရနစ္ျမဳပ္ကာ လူေသဆုံးမႈမ်ားရွိေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။စစ္ေတြၿမိဳ႕ အေနာက္စံျပ ရပ္ကြက္ႏွင့္ အနီးစပ္ဆုံးေနပါဝင္သည့္ အနိမ့္ပိုင္း ေက်း႐ြာမ်ားႏွင့္ စစ္ေတြၿမိဳ႕နယ္အတြင္းရွိ အုန္ေတာႀကီးေက်း႐ြာတြင္ ေဒသခံ ဆယ္ႏွင့္ခ်ီ ေသဆုံးခဲ့ေၾကာင္း ေပၚျပဴလာနယူးစ္၏ သတင္းရင္းျမစ္က ေျပာၾကားေသာ္လည္း သီးျခားအတည္ျပဳႏိုင္ျခင္း မရွိခဲ့ေပ။

စစ္ေတြၿမိဳ႕ေဒသခံ ဦးေအာင္သန္းေဝက ေပၚျပဴလာနယူးစ္သို႔ ယ​​ေန႔ေန႔လယ္ (၁) နာရီခြဲဝန္းက်င္ ေျပာၾကားခ်က္အရ စစ္ေတြၿမိဳ႕ေပၚ (၃၃) ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု (၃၀) လုံး အားလုံးနီးပါး ပ်က္စီးဆုံးရႈံးခဲ့ၿပီး အစိုးရ႐ုံးအပါအဝင္ ဌာနဆိုင္ရာ အေဆာက္အဦမ်ားပါ ပ်က္စီးခဲ့ေၾကာင္း သိရသည္။

” စစ္ေတြၿမိဳ႕က လုံးဝၿမိဳ႕ပ်က္ႀကီးလို ျဖစ္သြားတာေပါ့။ ျပည္ေထာင္စု အစိုးရအဆင့္ေလာက္နဲ႔ မရေတာ့ဘူး။ ႏိုင္ငံတကာ အကူအညီမပါရင္ ျပန္လည္ထူေထာင္ေရးက မလြယ္ေလာက္ဘူးဗ်။ ‌စစ္ေတြၿမိဳ႕မွာ ရပ္ကြက္ေပါင္း (၃၃) ရပ္ကြက္၊ ေက်း႐ြာ (၃၀) ေပါ့ေနာ္ ၊အဲဒါ မပ်က္စီးတဲ့ ေနရာကို မရွိေလာက္ဘူး။ ၿမိဳ႕ေပၚမွာ မပ်က္စီးတဲ့အိမ္ကို မရွိဘူး။ အနည္းနဲ႔အမ်ား အကုန္ပ်က္စီးတယ္” ဟု ၎က ဆိုသည္။

အစိုးရက ကနဦး စစ္ေဆးေတြ႕ရွိမႈမ်ားကို အေျခခံကာ ထုတ္ျပန္လာသည့္ စာရင္းအခ်က္အလက္မ်ားအရ မုန္တိုင္းေၾကာင့္ ေသဆုံးသူ (၃) ဦး ရွိၿပီး လူေနအိမ္ (၈၆၄) လုံး၊ သာသနိကအေဆာက္အဦ (၁၁) လုံး ၊ ဘုန္းေတာ္ႀကီးေက်ာင္း (၁၆) ေက်ာင္း၊ စာသင္ေက်ာင္း (၆၄) ေက်ာင္း၊ ေဆး႐ုံေဆးခန္း (၁၄) ခု၊ ဆက္သြယ္ေရး တာဝါတိုင္ (၇) ခု၊ လမ္းမီးတိုင္ (၇၁) တိုင္၊ ဌာနဆိုင္ရာ အေဆာက္အဦ (၃၈) လုံးပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ေျမျပင္ သတင္းအခ်က္အလက္မ်ားအရ အဆိုပါ အေရအတြက္မ်ားထက္ ပိုမိုမ်ားျပားေနႏိုင္ၿပီး ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္ေနျခင္းႏွင့္ အင္တာနက္လိုင္းမ်ား ျပတ္ေတာက္ေနသည့္အတြက္ အေသးစိတ္ စာရင္းအခ်က္အလက္မ်ား သတင္းအခ်က္အလက္မ်ားကို အတည္ျပဳရန္ ခက္ခဲေနဆဲပင္ျဖစ္သည္။

လက္ရွိတြင္ စစ္ေတြၿမိဳ႕ အစိုးရ႐ုံး အနီးတဝိုက္ ေပ ၅၀ ပတ္ဝန္းတြင္သာ ဖုန္းလိုင္းမိေနၿပီး အျခားေနရာမ်ားတြင္ ျပတ္ေတာက္ေနဆဲ အေျခအေနျဖစ္ေၾကာင္း သိရသည္။
” အဲနား ေပ (၅၀) ပတ္လည္ေလာက္ပဲ ဖုန္းေျပာလို႔ရတာ။ အင္တာနက္ေတြ ဘာေတြ မရဘူး” ဟု ဦးေအာင္သန္းေဝက ေျပာသည္။

မိုခါ ဆိုင္ကလုန္းသည္ စစ္ေတြၿမိဳ႕အနီးမွ တစ္နာရီ ေပ ၁၂၅ မိုင္အထက္ျဖင့္ တိုက္ခတ္ခဲ့ျခင္း ျဖစ္ၿပီး ခ်င္းျပည္နယ္ ၊ မေကြး၊ စစ္ကိုင္း ၊ ရွမ္းႏွင့္ ကခ်င္ျပည္နယ္တို႔ကို ျဖတ္ေက်ာ္ ဝင္ေရာက္ကာ အားေပ်ာ့ ပ်က္ျပယ္မည္ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။