Knowledge


သင့်ရဲ့ မျက်ခုံးမွှေးတွေကို နဂိုထက် နက်မှောင် ထူထဲလာစေမယ့် နည်းလမ်းများ

မျက်ခုံးမွှေးကလည်း သင့်မျက်နှာလှပစေဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ။ မျက်ခုံးထူထူလေးရှိတဲ့သူတစ်ယောက်က မိတ်ကပ်မလိမ်းရင်တောင် သူ့ရဲ့ မျက်ဝန်းတွေက ထင်ရှားပြီး လှပနေမှာပါ။ ဒါ့ကြောင့် မျက်ခုံးမွှေးပါးသူတွေအတွက် ထူထဲ နက်မှောင်လာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော် …

(၁) ကြက်သွန်နီရည်
ကြက်သွန်နီရည်ကတော့ ဆံပင်သန်စေသလို မျက်ခုံးမွှေးအတွက်လည်း အသုံးပြုလို့ရပါတယ်။ ကြက်သွန်နီရည်ကို မျက်ခုံးပေါ်မှာစွတ်ပါ ပြီးရင်တော့ ၅ မိနစ်လောက် နှိပ်ပေးပါ။ ပုံမှန်ပြုလုပ်ပေးရင် မျက်ခုံးမွှေးတွေ ထူထဲ ၊ရှည်လျားပြီး နက်မှောင်လာပါလိမ့်မယ်

(၂) နွားနို့
နွားနို့ကတော့ မျက်ခုံးမွှေးတွေ မကျွှတ်တော့အောင် အဓိက အားပြည့်ပေးတာပါ။ နွားနို့ကို နားကြပ်တံလေးတွေမှာစွပ်ပြီး မျက်ခုံးပေါ်သုပ်လိမ်းပေးရမှာပါ။ နွားနို့ခြောက်တဲ့အထိထားပေးပြီးမှ ရေပြန်ဆေးချရပါမယ်။

(၃) ကြက်ဥအနှစ်
ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးတွေ ရှည်လျား ထူထဲလာစေမယ့် ဗီတာမင်တွေ နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်နေပါတယ်။ အသုံးပြုပုံကတော့ – ကြက်ဥကို အနှစ်လေးထုတ်ပြီး မွှေပေးပါ၊ အမြုပ်အနေအထားရောက်ရင်တော့ မျက်ခုံးပေါ်သုတ်လိမ်းပေးလို့ရပါပြီ ။ မိနစ် ၂၀ လောက်ထိထားပေးပြီးမှ ရေဆေးချပါ။

(၄) Vaseline
Vaseline ကတော့ အသားအရေအတွက်သာမက မျက်ခုံးမွှေးတွေ ရှည်စေဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ Vaseline တစ်ခုတည်း သုတ်လိမ်းပေးလို့ရသလို ၊ သံလွင်ဆီ ၊ ရှားစောင်းလက်ပတ်ဆီ ၊ နွားနို့တို့နဲ့လည်း ရောစပ်ပြီး လိမ်းပေးလို့ရပါတယ်။

မျက်ခံးမွှေး သန်စေဖို့ ၊ ရှည်လျားထူထဲလာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေကတော့ပရိုတင်းဓာတ် ၊ ဗီတာမင်ဓာတ်နဲ့ အမိုင်နို အက်စစ်ဓာတ်( အစေ့အစံတွေ ၊ အသား၊ ဆယ်လ်မွန်ငါး ၊ အသီးအနှံ ၊ ဥအမျိုးမျိုး ၊ အစိမ်းရောင် ဟင်းသီး ဟင်းရွက်နဲ့ ကြက်သွန်နီ) တို့ကို များများစားပေးပါ။

zawgyi



(၁) ကြက်သွန်နီရည်

(၂) နွားနို့

(၃) ကြက်ဥအနှစ်

(၄) Vaseline
