မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး
ထိုင်းနိုင်ငံတောင်ပိုင်း၊ သကွန်ပါနယ်မြေက မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူးခဲ့တယ်လို့ AAC အဖွဲ့က ထုတ်ပြန်ပါတယ်။ ထီကံထူးခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားဟာ လူငယ်တစ်ဦးဖြစ်ပြီး ခြောက်လုံးတူ နှစ်စောင်တွဲ ကံထူးခဲ့တာဖြစ်လို့ ထီဆုကြေးငွေထုတ်ယူဖို့အတွက် AAC အဖွဲ့ဆီ အကူအညီတောင်းခံခဲ့တာလို့ ဖော်ပြထားပါတယ်။
ထီဆုငွေ ကူညီထုတ်ပေးနိုင်ဖို့ AAC-ဒါရိုက်တာ ဦးခိုင်ကြီးကို တိုက်ရိုက်အဆက်အသွယ် အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ကံထူးရှင် ရွှေ့ပြောင်းလုပ်သားကို သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ AAC-မဟာမိတ်အဖွဲ့သားတွေက ဆုငွေကို နေ့ချင်း အခက်အခဲမရှိ ထုတ်ယူပေးပြီး ဖြစ်တယ်လို့သိရပြီး ကံထူးရှင် ၄၃ ဦးမြောက်ကို ကူညီနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းထီကံထူးပါက စိတ်ချရတဲ့ လူပုဂ္ဂိုလ် ပရဟိတ အသင်း တွေကို အကူညီတောင်းရာမှာ ဗွီဒီယိုဖုန်းနဲ့ ဆက်သွယ်ပြီး စိတ်ချယုံကြည်မှု ရှိမှ ကံထူးတဲ့ အကြောင်းကို ထုတ်ပြောအကူညီတောင်းဖို့လည်း AAC-မဟာမိတ်အဖွဲ့ သားတွေက တိုက်တွန်းထားပါတယ်။
ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားတစ္ဦး ထိုင္းထီ ဘတ္ ၁၂ သန္း ကံထူး
ထိုင္းႏိုင္ငံေတာင္ပိုင္း၊ သကြန္ပါနယ္ေျမက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား တစ္ဦး ထိုင္းထီ ဘတ္ ၁၂ သန္း ကံထူးခဲ့တယ္လို႔ AAC အဖြဲ႕က ထုတ္ျပန္ပါတယ္။ ထီကံထူးခဲ့တဲ့ ေ႐ႊ႕ေျပာင္းလုပ္သားဟာ လူငယ္တစ္ဦးျဖစ္ၿပီး ေျခာက္လုံးတူ ႏွစ္ေစာင္တြဲ ကံထူးခဲ့တာျဖစ္လို႔ ထီဆုေၾကးေငြထုတ္ယူဖို႔အတြက္ AAC အဖြဲ႕ဆီ အကူအညီေတာင္းခံခဲ့တာလို႔ ေဖာ္ျပထားပါတယ္။
ထီဆုေငြ ကူညီထုတ္ေပးႏိုင္ဖို႔ AAC-ဒါ႐ိုက္တာ ဦးခိုင္ႀကီးကို တိုက္႐ိုက္အဆက္အသြယ္ အကူအညီ ေတာင္းခံခဲ့တာျဖစ္ၿပီး ကံထူးရွင္ ေ႐ႊ႕ေျပာင္းလုပ္သားကို သြားေရာက္ေခၚေဆာင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ AAC-မဟာမိတ္အဖြဲ႕သားေတြက ဆုေငြကို ေန႔ခ်င္း အခက္အခဲမရွိ ထုတ္ယူေပးၿပီး ျဖစ္တယ္လို႔သိရၿပီး ကံထူးရွင္ ၄၃ ဦးေျမာက္ကို ကူညီႏိုင္ခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္။
ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ထိုင္းထီကံထူးပါက စိတ္ခ်ရတဲ့ လူပုဂၢိဳလ္ ပရဟိတ အသင္း ေတြကို အကူညီေတာင္းရာမွာ ဗြီဒီယိုဖုန္းနဲ႔ ဆက္သြယ္ၿပီး စိတ္ခ်ယုံၾကည္မႈ ရွိမွ ကံထူးတဲ့ အေၾကာင္းကို ထုတ္ေျပာအကူညီေတာင္းဖို႔လည္း AAC-မဟာမိတ္အဖြဲ႕ သားေတြက တိုက္တြန္းထားပါတယ္။