Knowledge
မိတ်ဆွေတို့ရဲ့ ဈေးဆိုင် ရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း
ဈေး ရောင်းကောင်းချင်သော မိတ်ဆွေများ ဒီအဆောင်လုပ်ပြီးရင်တော့
လက်မလည်အောင် ရောင်းရပြီလို့သာ မှတ်လိုက်တော့နော်
အစိမ်းရောင် အရက်ပုလင်း ( အစိမ်းရောင် အရက်ပုလင်း လှလှလေးတွေ ရှိတတ်ပါတယ်) ပုလင်းအလွတ်ထဲ ရေထည့်ပါ။
ကျောက်စရစ်ခဲ (၉) ခဲ ထည့်ပါ။
နှင်းဆီပန်း အနီရောင် တစ်ပွင့် ထည့်ပါ။ ဆိုင် ကောင်တာပေါ်မှာ တင်ထားကြည့်လိုက်ပါ။
နှင်းဆီပန်းကတော့ နေ့တိုင်း လဲပေးရပါတယ်။
သေချာပေါက် ဈေးဆိုင်များအတွက် အကောင်းဆုံးသော ပုလင်းယတြာလေး ဖြစ်ပါတယ်။
မုချ ဈေးရောင်းကောင်း စေပါတယ်။ မိမိရဲ့ဆိုင်မှာ လူစည်ကားစေပါတယ်။ ကိုယ်တိုင်တော့ ဈေးဆိုင် ဖွင့်မထားဘူး။
ဒါပေမယ့် ကိုယ့်အမျိုးတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ ဈေးရောင်းနေတယ်ဆိုရင်တော့ ဈေးရောင်းကောင်းအောင် ဒီယတြာလေး ပေးလိုက်ပါ။ ဘယ်သူပဲ လုပ်လုပ် အဆင်ပြေပါတယ်။
ကိုယ်တိုင် လုပ်လို့ ရပါတယ်။ လွယ်လွယ်လေးပါ။ ဈေးဆိုင်တွေလည်း လုပ်လို့ ရပါတယ်။ ကုမ္ပဏီ တွေမှာလည်း လုပ်လို့ ရပါတယ်။
သေချာပေါက် သိသာပါလိမ့်မယ်။
ဒါကြောင့် လုပ်ဖြစ်အောင် လုပ်ပါ။ မိတ်ဆွေ ရဲရဲသာ Share လို့ ရပါတယ်ဗျာ။