Health Care


ငါးရက်အတွင်း ပွေး၊ ညှင်း ၊ တင်းတိတ် ၊ ဝက်ခြံကို ကြက်သွန်နီဖြင့် သက်သာပျောက်ကင်းစေတဲ့နည်း

ပွေး၊ ညှင်း၊ တင်းတိတ်၊ က်ခြံ ဖု မပေါက်ဖူးတဲ့သူမရှိပါဘူး။ ပေါက်ဖူးတဲ့သူတွေပါပဲ။

စိုးရိတ်စရာ ရောဂါ အနာ မဟုတ်ပေမယ့် မျက်နှာ ပေါ်မှာ အပေါက်များတဲ့ ရောဂါဖြစ်လို့ အလှပျက်၊ မျက်နှာ ပြရခက်ပါတယ်။

ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ လိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ ကလည်း အလွန် လွယ်ကူပါတယ်။

ဆေးနည်းမှာ

ကြွက်သွန်နီ ဥသေးသေးတစ်လုံးကို အခွံနွှာပြီး ညက်နေအောင်ထောင်းပါ။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီး တစ်လုံါ်ကို အရည်ညစ်ချလို့ ရောဖျော်ပါ။

သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ ညပိုင်းမှာ မျက်နှာကို ရေနွေး နဲ့သန့်စင်ပြီး သနပ်ခါး အမြစ်လိမ်းပြီး အိမ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့် မျက်နှာ ဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေ ရှိစွာ လှပနေပါလိမ့်မယ်နော်…