News

ကမ္ဘာ့ရွှေဈေး နှစ်ပတ်တာ အမြင့်ဆုံးကို ပြန်ရောက် ၊ ပြည်တွင်းရွှေဈေး အမြင့်တန်းမှာ ငြိမ်နေ…..

ရင်းနှီးမြှုပ်နှံသူတွေက ဗဟိုဘဏ်တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲကို စောင့်ကြည့်နေချိန်မှာ

အမေရိကန်ဒေါ်လာ အဝယ် ပျော့ပြီး ရွှေကို ဘက်ပြောင်း ပြန်ဝယ်လာတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက နှစ်ပတ်အတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၁၉၂၀ ဒေါ်လာ ရှိနေတာကြောင့် ဒီလ

(သြဂုတ်) ၁၀ ရက်နောက်ပိုင်း အမြင့်ဆုံး ပြန်ရောက်လာပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁၉၄၈.၉၀ ဒေါ်လာ ဖြစ်လာပါတယ်။

အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေက နှစ်ပတ်လည် အစည်းအဝေးကို အခု သြဂုတ် ၂၄ ကနေ ၂၆ အထိ ကျင်းပဖို့ ရှိနေပြီး အဲဒီဆွေးနွေးပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ အရင်အပတ်တွေတုန်းက တစ်အောင်စကို ၁၉၀၀ ဒေါ်လာဈေးတန်းအောက်အထိ ကျခဲ့ပြီး ဒီအပတ်မှာ ပြန်လည် ဦးမော့ မြင့်တက်လာတာပါ။ ကမ္ဘာ့ရွှေဈေး အကျကြမ်းချိန်မှာ ပြည်တွင်းရွှေဈေးနှုန်းက တစ်ကျပ်သားကို သိန်း ၄၀ နားအထိ မြင့်တက်ခဲ့ပါတယ်။

အခုလည်း ကမ္ဘာ့ရွှေဈေး ပြန်တက်လာချိန်မှာ ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၈ သိန်းပတ်လည်မှာ ဆက်ရှိနေပြီး ဒီလကုန်နဲ့ ရှေ့ဆန်းပိုင်းအထိ ရွှေဈေးကို ဆက်လက် အတက်မှန်းတယ် လို့ သိရပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်