ပိုက်ဆံရှိလာရင် မလုပ်သင့်တဲ့အချက် ခြောက်ချက်
မင်း ပိုက်ဆံဘယ်လောက်ရှာနိုင်လဲ ဆိုတာအရေးမကြီးပါဘူး။ တစ်နှစ်မှာ (25)သိန်းလားသိန်း(100)လား၊ ဒါမှမဟုတ် သိန်း(1000)လား
ဒါပေမယ့် မင်းရှာလို့ရသမျှ ပိုက်ဆံအကုန် သုံးပစ်မယ်ဆို ဆင်းရဲတဲ့သူလိုပဲ မင်းငွေတွေက ထွက်နေမှာပါပဲ။
ဆင်းရဲ သားတွေက ရှာသမျှငွေ သုံးနေလို့ မချမ်းသာလာတာ။ မင်းလည်း ရှာသမျှငွေ အကုန်သုံးနေတယ်ဆိုရင်တော့ မင်း ဘယ်လောက်ပဲ ရရ မင်းလည်း ဆင်းရဲနေဦးမှာပဲ။
ဟုတ်ပြီ။ ဒီတော့ ကျနော် ပြောချင်တာက လူကြီးမင်းတို့မှာ ပိုက်ဆံရှိလာရင် မလုပ်သင့်တဲ့ အချက်ငါးချက် ပါ။ အရေးကြီးတာက မင်းဘယ်ဆံဘယ်လောက် ရှာနိုင်တာလဲ မဟုတ်ဘူး။ ဘယ်လောက်စုမိနေပြီလဲ ဆိုတာပါပဲ။
၁။လောင်းကစားလုပ်တာထီလက်မှတ်ဝယ်တာတွေမလုပ်ပါနဲ့။
တချို့က ငွေကိုပွားချင်လို့ လောင်းကစား လုပ်ကြတယ်။ ဖဲတွေ၊ ကာစီနိုတွေ စော့ကြတယ်။တချို့ကလည်း အခုခေတ်မှာOn
line ပေါ်က လောင်းရတဲ့ Shan Koe Meeလို လောင်းကစားတွေ လုပ်ကြတယ်။
ကျနော်သိတဲ့သူတစ်ယောက်ဆိုသူ့အလုပ်က ဝင်ငွေကောင်းပေမယ့် On line မှာ လောင်းကစားလုပ်ပါတယ်။ အစကရှုံးပါတယ်။ နောက်လဲ မနိုင်ပါဘူး။ သိန်း(70)ကျော်ရှုံးသွားတယ်။ သူအတော်နောင်တရနေပုံပါပဲ။
“ငါကွာ ရှုံးလို့ နောက်တစ်ခါနိုင်မှာပဲ ဆိုပြီး “အော”ရင်း နဲ့ အကောင့်ထဲ ငွေကုန်မှပဲ ရပ်တော့တယ်”ဆိုပြီး နှမြောတသသ နဲ့ ပြောပါတယ်။
အဲ့တော့ မှတ်ထားပါ အပြင်မှာကော ၊ On line မှာကော ဘယ်မှာမှ လောင်းကစားမလုပ်ပါနဲ့။ မြန်မာစကားပုံတစ်ခုရှိပါတယ် လောင်းကစားသမားဆိုတာ”နှဲသမား ပါးစပ်လိုပဲ ၊ ပိန် လိုက် ဖေါင်းလိုက်”နဲ့တဲ့။
နောက်ပြီး လောင်းကစားလုပ်လို့ နိူင်လာလို့လဲ သင်ချမ်းသာသွားမယ် မထင်ပါနဲ့။ အလွယ်တကူ ရလာတဲ့ပိုက်ဆံကို ဘယ်သူမှ တန်ဖိုးမထားတတ်ကြဘူး။မလိုအပ်တာတွေ ဖြုန်းရင်းနဲ့ပဲ ကုန်သွားမှာပါ။
၂။ထီတွေချဲလ်တွေမထိုးပါနဲ့။
ထီတွေ ဆိုတာ လူညံ့တွေ အတွက်။ သူတို့ထင်တာက ပိုက်ဆံရှိဖို့ ချမ်းသာဖို့ဆိုတာ ကံကောင်းဖို့ လိုတယ်လို့ ထင်ပြီး ငါ
ကံကောင်းရင်တော့ ချမ်းသာလာမယ်ဆိုပြီး ကံကိုစမ်းပြီး ထီထိုးပါတယ်။
သင် သိပါသလား။ သင့်မှာ ထီပေါက်ဖို့ ဘယ်လောက်အခွင့်ရေးရှိလဲ သင်တွက်ကြည့်မိဖူးလား။ သင့်ရဲ့ထီပေါက်နိုင်ချေကို စဉ်းစားကြည့်။ နိုင်ငံတစ်ခုမှာဆို လူ (၁၈)သန်းမှာ တစ်ယောက်ပဲ ရှိတယ်။နိုင်ငံအများပြားမှာဆို တစ်ချို့နိုင်ငံမှာဆို လူ
သန်း(၁၂၀)မှာ တစ်ယောက်ပဲ ရှိတယ်။ဒါကသင့် ရဲ့ ထီပေါက်ဖို့ အခွင့်ရေးပဲ။ ပိုဆိုးတာကထီထိုးတဲ့အခါ ၊လောင်းကစားလုပ်တဲ့အခါခင်ဗျားကို ခင်ဗျားကို ဘာပြောလဲ။ခင်ဗျားရဲ့ စိတ်ကို ခင်ဗျားဘာပြောလဲ။ အဲ့တာတွေကြောင့် ကျနော် ချမ်းသာလာတာ။ငွေကြေးအောင်မြင်မှုဆိုတာ အဲ့လိုကံစမ်းပြီးရလာတာ မဟုတ်ဘူး။အဲ့လောက် မရိုးရှင်းဘူး။
ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ လူတစ်ယောက် အသက်(20)မှာ ဝန်ထမ်းဖြစ်ပြီး အသက်(30)ထိလစာထုတ်ပြီးတိုင်း ထီ ပုံမှန်ထိုးခဲ့တယ်။ တစ်လ(10000)။ တစ်နှစ်(120000) ကုန်မယ်။
ဆယ်နှစ်ဆိုတော့ (12)သိန်းကုန်ခဲ့ပြီ။ ကံကောင်းတဲ့တစ်နေ့ ငါထီပေါက်ရင် ချမ်းသာမှာပဲ ဆိုပြီး အမြဲထိုးခဲ့တယ်။ စဉ်းစားကြည့်ပါ ။ ဆယ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ထီထိုးမယ့်အစား လုပ်ငန်းတစ်ခုခုကို သင့်အဲ့လောက် ဇွဲရှိရှိလုပ်ခဲ့ရင်အခုချိန် သင့်လုပ်ငန်းက ဝင်ငွေများစွာ ရနေလောက်ပီ။
ထီပေါက်ပြီး ချမ်းသာသွားတာ ဘယ်နှယောက်ရှိလို့လဲ။သိန်း(10000)ပေါက်တာ ချမ်းသာတာ မဟုတ်ဘူး။ပိုက်ဆံပဲ ခဏ ရှိသွားတာ။ လိုချင်တာ လျောက်ဝယ်။နှစ်အနည်းငယ်ကြာရင် ကုန်သွား။ နဂို ဘဝပြန်ရောက်။
ဒါပါပဲ။ အမှန်က ထီထိုးမယ့် ပိုက်ဆံတွေကို ငွေကြေးအကြောင်းလေ့လာတဲ့ နေရာမှာ သုံးရမှာ။ ငွေကြေးရဲ့ အလုပ်လုပ်ပုံကို
လေ့လာသင့်တယ်။ ဒါကြောင့် သင့်မှာပိုက်ဆံရှိလာရင် ထီမထိုးပါနဲ့ ၊ လောင်းကစားလုံးဝမလုပ်မိပါစေနဲ့။
၃။သင်မကြိုက်တာတွေမဝယ်ပါနဲ့။
ကျနော် ပြောတာ တစ်မျိုး မထင်ပါနဲ့။ကျနော် ကောင်းတဲ့ပစ္စည်းတွေ ကြိုက်တယ်။ကျနော် ကြိုက်လို့ ကျနော်ဝယ်တာ။အဲ့အရာတွေရရင်ပဲ အဲ့အရာတွေ ရှိရင်ပဲ ကျနော် ပျော်တယ်။
အဲ့ကနေ ပျော်ရွှင်မှုရတယ်။ ဒါပေမယ့် လူအများစုကပိုက်ဆံသုံးတဲ့အခါ သူတို့ဝယ်စရာမလိုတဲ့ သူတို့မကြိုက်တာ ဖြစ်ရင်တောင်မှ တ ခြားသူတွေ အထင်ကြီးဖို့အတွက် ဝယ်ကြတယ်။ ဘာကြောင့်လဲ။
ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုနည်းလို့။ သူတို့အတွက်က အထောက်ထားလိုတယ်။သူတို့ သဘောကျဖို့ထက် အခြားသူတွေ အထင်ကြီးဖို့ အတွက် ဝယ်လိုက်ကြတယ်။ ခင်ဗျား သဘောကျတာ ဝယ်ပါ။
တခြားသူတွေအတွက် မဝယ်ပါနဲ့။ ခင်ဗျားအတွက်ပဲ ခင်ဗျား ဝယ်ပါ။ Jay-Z ပြောသလို”ခင်ဗျား ပစ္စည်းတစ်ခုကို နှစ်ခါဝယ်ဖို့ မတတ်နိုင်ရင် ခင်ဗျား အဲ့အရာကို မဝယ်နိုင်သေးဘူး”။
၄။ဦးနှောက်ကိုပျက်စီးစေမယ့်အရာတွေမဝယ်ပါနဲ့။
သင့်ကို ကျန်းမာရေး မကောင်းအောင် လုပ်ပေးမယ့်အရာတွေ ပေါ့။ ဆေးလိပ် ၊ အရက် ၊ မူးယစ်ဆေးဝါးတွေ ပါ။အရက်မသောက်နဲ့ ၊ ဆေးမချနဲ့ ၊ ဆေးလိပ်မသောက်နဲ့။
လူမှုရေး ဖိအားတွေကြောင့်ပဲ ဖြစ်ဖြစ်၊မိုက်လို့ပဲ ဖြစ်ဖြစ်၊ သင့် သူငယ်ချင်းတွေ အတင်းတိုက်လို့ပဲ ဖြစ်ဖြစ် ၊ မကောင်းတတ်လို့ မိတ်ဖြစ်ဆွေဖြစ် နည်းနည်းပါးပါး သောက်တာတို့ ဘာတို့လာမပြောနဲ့။ သင် သောက်ချင်လို့ သောက်လာတာပါ။ခင်ဗျား သောက်သင့်တယ် ထင်လို့ တိုက်ကြတာပါ။
ကျနော့်မှာလည်း အရက်သောက်တဲ့မိတ်ဆွေတွေ အများကြီးပါ။ အစက အတင်းတိုက်ကြပေမယ့် ကျနော်မသောက်တတ်မှန်း သိတော့ မတိုက်ကြတော့ပါဘူး။
သင့်ရဲ့ ဦးနှောက်က ထက်နေရမှာ။ သင်သာ အောင်မြင်ချင်တယ် ဆိုရင်ပေါ့။ ကောင်းမွန်တဲ့ အချိန်တွေ ရဖို့ဆိုတာ အရက်သောက်ဖို့ မလိုပါဘူး။ ဘဝမှာ မြင့်မားတဲ့ အရာတွေကို စွဲလန်းပါ။ ဆေး၊ အရက်တို့တော့ မစွဲပါစေနဲ့။
၅။ကိုယ်မကျွမ်းကျင်တဲ့လုပ်ငန်းမှာမရင်းနှီးပါနဲ့။
သင့် သူငယ်ချင်း ပြောလို့ ဆိုပြီး မရင်းနှီးသင့်ဘူး။သူ အောင်မြင်နေလို့လည်း သင် လိုက်မလုပ်သင့်ဘူး။ဒါမှမဟုတ် အရောင်းဝန်ထမ်းတစ်ချို့ကပဲ ဖြစ်ဖြစ်ပွဲစားတွေကပဲ ဖြစ်ဖြစ် ပြောလို့ ရင်းနှီးမမြှပ်နှံသင့်ဘူး။
တစ်စုံတစ်ယောက်က ပိုက်ဆံအများကြီး ရှာနိုင်တာမြင်တာနဲ့ မရင်းနှီးမမြှပ်နှံသင့်ပါဘူး။ သင် နားလည်ကျွမ်းကျင်တဲ့ နေရာမှာပဲ ရင်းနှီး မြှပ်နှံပါ။ သင်ဘာသိလည်း။ ကိုယ်သိတာကိုပဲ လေ့လာပါ ၊ရှာဖွေပါ၊ သင် ရင်းနှီးမမြှပ်နှံခင်ပေါ့။
၆။သူငယ်ချင်းတွေကိုပိုက်ဆံမချေးပါနဲ့။
ကျနော်လည်း အဲ့လို ခဏ ခဏ ဖြစ်ဖူးတယ်။တစ်စုံတစ်ယောက်က ပိုက်ဆံအတွက် ရုန်းကန်နေရရင် အဲ့ဒီလူက ရုန်းကန်နေရတဲ့ အကြောင်းပြချက် တစ်ခု ရှိနေလို့ပဲ။ သူတို့ ငွေရေး ကြေးရေး ပြဿနာတက်နေတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဖြစ်နိုင်တာက သူတို့ အမြဲ ပိုက်ဆံ ပြဿနာ ရှိနေတာပဲ ဖြစ်တယ်။
သူတို့မှာ ရှိတဲ့ အကျင့်တစ်ခုကြောင့်ပဲ ဖြစ်ဖြစ်၊ဒါမှမဟုတ် သူတို့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်အမှားတွေ ကြောင့်ပဲ ဖြစ်ဖြစ် ပေါ့
အကယ်၍အရေးပေါ် ကိစ္စကြောင့် သင် သင့်မိတ်ဆွေတွေကိုကူညီလိုက်တယ် ဆိုရင် သူတို့ဆီက ပိုက်ဆံပြန်ရဖို့ မ မျှော်လင့်ပါနဲ့တော့။
ပြဿနာက သင်ကသင့် သူငယ်ချင်းကို ပိုက်ဆံချေးလိုက်မယ်ဆိုရင်ကျနော်လည်း အဲ့လိုဖြစ်ဖူးတယ် ၊ သင့် သူငယ်ချင်းကို ပိုက်ဆံချေးလိုက်တဲ့အခါ၊သူတို့ဖက်ကပြန်မပေးနိုင်တဲ့အခါ သူတို့အပြစ်မကင်းသလို ဖြစ်ပြီးအဲ့အပြစ်တွေက သူတို့ကို
ရိုက်ခတ်နေမှာပဲ။
အဲ့တော့ခင်ဗျား ပိုက်ဆံလည်း ဆုံးရှုံးမယ်။သူငယ်ချင်းတစ်ယောက်လည်း မိတ်ပျက်မယ်။ကူညီလိုက်ပါ။ သူ့ပြဿနာတွေကို ကူညီပေးလိုက်ပါ။သူ့မှာ ဆေးစွဲနေရင်၊ လောင်းကစားလုပ် နေရင်ပြဿနာကို အစကနေ ဖြေရှင်းရမယ် မဟုတ်လား။
အကယ်၍ သင့်သူငယ်ချင်း အကူညီလိုနေတဲ့အရာကို သင်သိရင် သင်ကလည်း ကူညီနိုင်တယ်ငွေကြေးအရလည်း
ကူညီနိုင်တယ် ဆိုရင်သူ့ကို ဒီအတိုင်းငွေပေးလိုက်ပါ။ ဒါပေမယ့်သင့်ငွေ ပြန်ရဖို့တော့ မ မျှော်လင့်ထားပါနဲ့။
မူရင်းရေးသားသူများအားလေးစားစွာဖြင့် creditပေးပါသည်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်