ငါးခေါင်းဟင်း ကြိုက်တတ်သူများ သတိထားကြပါ
ဒီနေ့ညနေ ဆေးခန်းတစ်ခုမှာ ညည်းစီစီဖြစ်နေလျက်နဲ့ လူနာ ကြည့်ပေးဖြစ်တော့
လာပြတဲ့ လူနာရဲ့ စကားနဲ့တင် မျက်လုံးတောင် ပြူးတယ်
လူနာ အဘ အသက်က ၇၀ ကျော်ပေါ့သူ့သမီးက လသားကလေး ပိုက်လို့ ဆေးခန်းလာပြတယ်
ဘာဖြစ်တာလဲ အဘဆိုတော့စအိုမှာ အပ်ချည်ကြိုး စမ်းမိလို့တဲ့
အန် ….အပ်ချည်ကြိုးစလေးနဲ့ အပ်နဲ့ စမ်းမိတာ တဲ့ အပ်နဲ့ စူးမိတာလားဆိုတော့လည်း မဟုတ်ဘူး
အဘက လေဖြတ်ထားသလားဆိုတော့ ကြာပြီ ဖြတ်ထားတာ ခုက လမ်းတောင် သူ့ဘာသာ
လျှောက်နေတာဖင်တရွတ်တိုက်ဆွဲ သွားမိလို့လားဆိုတော့လည်း မဟုတ်ပါဘူးတဲ့
အဘက ပေါက်ကရ ကောက်စား ကောက်ဝါးတတ်တာမျိုး ရှိသလား ဆိုတော့လည်း အဲ့ဒီ့လိုမဟုတ်ဘူးတဲ့
လူနာအဘက ဝင်ပြောတယ် သူက ငါးခေါင်း သိပ်ကြိုက်တာ သွားမကောင်းတော့ ငါးခေါင်းဟင်းကို စုပ် စုပ်ပြီး စားတယ်ပေါ့လေ
အဲ့တော့ ဒီမနက် အိမ်သာတက်တော့ အပ်ချည်ကြိုးစမ်းမိပြီး ဆွဲထုတ်တော့ အထဲမှာ အပ်စိုက်နေသတဲ့
ငါးမျှားချိတ်ကို မျိုချမိတယ် ထင်တယ်တဲ့
မျိုချတာကို အူလမ်းကြောင်းတောက်လျှောက် မပေါက်မပြုပဲ စအိုကျမှ လာချိတ်ရသလား ဖြစ်နိုင်မဖြစ်နိုင်တွေးရင်း ပုဆိုးလှန်
စအိုဝချောင်းကြည့်တော့ အပ်ချည်စကို တွေ့ရပါ့
စအိုဝလက်နဲ့ မရဲတရဲ စမ်းကြည့်တော့(မရဲတရဲ ဆိုတာက လက်ကို အပ်ဆူးမှာ စိုးလို့)
စအိုဝ ရသလောက်ဖြဲကြည့်တော့ အပ်စ အပ်န တွေ့တယ်
အဲ့ဒါနဲ့ artery forceps နဲ့ အပ်ကိုကိုင် ရသလောက် အပ် အသွားအလာအရ ဆွဲထုတ်ကြည့်တော့ လူနာက နာလို့ မခံနိုင်ဘူး
ခါးရိုးထုံဆေးနဲ့ ထုတ်ဖို့ လိုမယ်ထင်တယ်ဆိုတော့ ပိုက်ဆံ တတ်နိုင်မယ့်ပုံ မပေါ်တာနဲ့
ခေါင်းမူးနေတာ ဘေးချိတ် စအိုဝကို ထုံဆေး ရွှပ်ဆို ထိုးထည့်ပြီး အပ်ကို
ငါးမျှားချိတ်အပ်ရဲ့ ပုံစံကို ဆေးခန်းအကူကေလးမကို မေးပြီး သူ့လားရာအတိုင်း ပြန်နှုတ်ထုတ် စိုက် နေတဲ့
စအိုနံရံအသားကို အောက်ကိုဖိချ တော့မှ အပ်ကထွက်လာတော်မူတယ်
လူနာသမီးကို နောက်ကို လူကြီးတွေကို အစားအစာ သေချာဂရုစိုက် ကျွေးဖို့ မှာလိုက်တယ်
ထူးထူးဆန်းဆန်း စအိုဝကျမှာ ငါးမျှားချိတ်က အသားထဲ စိုက်ဝင် နေတာ
စအိုလမ်းကြောင်းအတိုင်းစမ်းကြည့်ရင် ဖြောင့်နေတဲ့ အပ် အပိုင်းပဲ စမ်းလို့ရတယ်
ကောက်နေတဲ့ အပ်အပိုင်းအကုန်က စအိုနံရံအသားထဲမှာ စိုက်ဝင်လို့
ထူးထူးဆန်းဆန်းမို့ အပ်ထုတ်တာလေး video ရိုက်ခိုင်းတာကို ဆေးခန်းကေလးမက မမီလိုက်ဘူး
ဓာတ်ပုံတွေပဲ ရလိုက်တယ်
အစားစားရင်း အန္တရာယ် ဖြစ်နိုင်တာမို့ သတိထားကြဖို့ပါ