Knowledge

FB သုံးတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ် ကုန်ရကျိုး နပ်နေတာပါ.

ဖတ်ကြည့်မှ……သိမှာမို့…..ဖတ်ကြည့်နော့။ဖတ်စေချင်လွန်းလို့ပါ။လင်မယား စုံတွဲတစ်တွဲ

ပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်..။

အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်။အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်..။

အဲဒီအချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်..။

အဲ့ဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောကျ်ားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်

ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်..။မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်..။

အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်။အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ… သမီး ထင်တယ်..။

အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”။ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေးလိုက်တယ်..။

အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်။“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး

ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ..။ဆရာမက ပြန်ပြောလိုက်တယ် ….“အဖြေမှန်ပါတယ်ကွယ်…”သင်္ဘော နစ်မြှုပ်သွားပါတယ်။

ယောကျ်ားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်..။

နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောကျ်ားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့…သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ရှင်းတော့မှသူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်..။

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ

မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ..။အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ်။

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်..။

ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…သမီးလေးအတွက်ကြောင့် ဒီပင်လယ်ရေနက်အောက်မှာ..နင်တစ် ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”ပုံပြင်ပြောလို့ပြီးသွားပါပြီ…

အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်..။ဆရာမကသိတယ်။သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်..ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး။

ပိုက်ဆံရှင်းချိန်မှာပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ..၊သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး သူက ဒီသူငယ်ချင်

း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ။အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး..။

သူက တာဝန်သိတတ်လို့ပါ။ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာသူမှားနေလို့မဟုတ်ဘူး…ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်းသိနေလို့ပါ..။

မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခုပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး။မင်းကို သူငယ် ချင်း အစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ..။

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့မဟုတ်ပါဘူး…ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ..၊