မနက်၅နာရီလောက်မှာ ကျွန်တော် အိပ်နေတုန်း
ပေါက်ကွဲသံကြားလို့ ထကြည့်လိုက်သောအခါ…..
ဒီမနက် ကြုံရတဲ့ ကိစ္စကြီးက နိုးတာနောက်ကျရင် သေပီပဲ
ဖြစ်ပုံက မနက် ၅ နာရီလောက်မှာ အခန်းထဲမယ်အိပ်နေတုံး ဖောက် ဆိုတဲ့ အသံကြားပီး
ရုတ်တရက် ကိုယ်နိုးလာတယ်
ကိုယ်က တော်ရုံဆို အိပ်ပျော်နေတုံး အနားမှာ သီချင်း လာဖွင့်တာတောင် နိုးတဲ့သူမဟုတ်ဘူးရယ်
အခုက ထူးထူးဆန်းဆန်းကြီး လူကို တယောက်ယောက် လှုပ်နိုးလိုက်သလို နိုးလာတာ
( ကိုယ်ကတော့ ညကအိပ်ခါနီး ပုဌာန်းရွတ် မေတ္တာပို့ပီး အိပ်လိုက်မိတော့ နတ်ကောင်းနတ်မြတ်တွေက နှိုးပီး သတိပေးတာလို့ပဲ ယူဆတယ် )
စကားပြန်ဆက်ရရင် အဲ့ဒီလို ဖောက်ဆိုပီး အသံနောက်မှာ gas အိုးပွင့်သလို ရှူးဆိုပီး အသံတွေ စကြားရတယ်
ကိုယ်က အိပ်ချင်မူးတူးနဲ့ ဘာမှန်း မသိသေးဘူး
ဘေးမှာ အိပ်နေတဲ့ အေးချမ်းမွန်ကို အတင်းလှုပ်နိုးပီး ဘာသံလဲ မသိဘူးဟ လို့ မေးကြည့်တယ်
အေးချမ်းမွန်က အခန်းဝ ဘက်မှာ အိပ်နေတော့ အခန်းပြင်ကို ကြည့်လိုက်မိတာ … ဘယ်ဟုတ်မလဲ ညက အိမ်ရှေ့ခန်းမယ် အားသွင်းထားတဲ့powerbank က ထပေါက်ပီး မီးခိုးတွေ ထွက်နေတာကို မြင်ရတော့တာပဲ
အဲ့ချိန်မှ လင်မယား ၂ ယောက်လုံး ထပြေး , သူက အိမ် ပြူတင်းပေါက်တွေ ထဖွင့် , ကိုယ်က powerbank ကို ဆွဲဖြုတ်ပီး အိမ်အလယ်ခန်းရောက်အောင် ကန်ထုတ်လိုက်ရတယ် , အာ့အချိန် powerbank က အထဲကနေ မီးပွားစ လေးတွေပါ ထထွက်နေပီ
မကန်ထုတ်လို့လည်း မရဘူးရယ် , powerbank အားသွင်းထားတဲ့နားမှာ battery အိုးတွေရော အရင် covid ကာလတုံးက ဝယ်ထားတဲ့ တခါသုံး အောက်စီဂျင်ဘူးတွေရော အစုံရှိနေတာ , မီးပွားလေး စင်တာနဲ့ အကုန် ထပေါက်ပီပဲ
Powerbank ကို အလယ်ခန်းထိ ကန်ထုတ်ပီးတာတောင် မီးခိုးတွေ ဆက်ထွက်နေတုံးပဲ
ဒါမို့ပထမ ရေခွက်နဲ့ ရေလောင်းချသေးတယ် , နောက်မှ တွေးမိပီး မီးသတ်ဆေးဘူးကို ပြေးယူ ဖြန်းရတာပဲ
တအိမ်လုံး မီးသတ်ဆေးဘူး ငွေ့တွေ powerbank က အငွေ့တွေ ပေါင်းပီး မီးခိုးလုံးတွေက လူတောင် မမြင်ရတော့အောင် ပြည့်သွားတာ
ဒါမို့ အိမ်တံခါးတွေ အကုန်ဖွင့်ပီး ဝရန်တာမှာ ထွက်ထိုင်နေရတယ် , မနက် ၆ နာရီခွဲလောက် မှာ မီးခိုးတွေကုန်မှ အိမ်ထဲ ပြန်ဝင်ရတယ်
ပြန်တွေးကြည့်ရင်အတော်ကြောက်စရာ ကောင်းသလို လင်မယား ၂ ယောက်လုံး အိပ်နေရင်း မီးခိုးမွှန်ပီး သေသွားနိုင်တဲ့ ဖြစ်ရပ်မျိုးပဲ
တကယ့်သေရေး ရှင်ရေးဆို စုထားတဲ့ ရွှေငွေ laptop ဖုန်း စာရွက်စာတမ်း ဘာမှ ယူလို့မမှီပါဘူး
လူချည်း အလွတ် အရင်ထွက်ပြေးရတာပါ Fri တို့လည်း powerbank တို့ ဖုန်းတို့ကို ညအိပ်တုံး
အားသွင်းထားရင် မပေါ့ကြပါနဲ့ , အားသွင်းကြိုးတွေ ခေါင်းတွေကိုလည်း quality ကောင်းတာလေး ရွေးသုံးကြပါ
အိမ်မှာလည်း မီးသတ်ဆေးဘူးတွေ ဆောင်ထားကြပါ , တဘူးမှ ၂ သောင်းဝန်းကျင်ပဲ ရှိပါတယ် ,
ခုလို powerbank ထပေါက်ပီး မီးလောင်ရင် ရေလောင်းလို့မရပါဘူး မီးသတ်ဆေးဘူးနဲ့မှ မီးငြိမ်းတာပါ
ဘုရားတရားလည်း မမေ့ကြပါနဲ့