ကမ္ဘာကျော်တဲ့ ကျောက်စိမ်းတွေ ထွက်ရာ ဖားကန့်မှာ ဘယ်မှော်တွေက သိန်းထောင်ချီတန် ကျောက်တွေထွက်ပြီး ဘယ်မှော်တွေကတော့ ထမင်းစားကျောက်လောက်ပဲ ထွက်တတ်သလဲ…?
မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ကျောက်စိမ်းထွက်တဲ့နေရာ (၄)နေရာရှိပါတယ်။ (1)ဖားကန့်ရတနာမြေ (2)လုံးခင်းကဖားကန့်ရတနာမြေ (3)ခန္တီးရတနာမြေ (4)စစ်ကိုင်းနဲ့ကချင်ပြည်နယ်ကြားမှာရှိတဲ့ မော်လူး မော်ဟန် စသည်တို့ဖြစ်ပါတယ်။
အားလုံးထဲမှာ ဖားကန့်ရဲ့ကျောက်စိမ်းတိုက်ကအကြီးဆုံးပါ။ ကမ္ဘာကျော်ပါတယ်။ မော်လူး မော်ဟန်မှာလည်း အထိုက် အလျောက်ရှိပြီး ခန္တီးမှာတော့ တော်တော်များများရှိပါတယ်။
ခန္တီး/ လုံးခင်းနဲ့ ဖားကန့်ဒေသရဲ့ ကျောက်ကြောအတူတူပါပဲ။ အလျားလိုက် အလျားလိုက် အထပ်လိုက်သွာပါတယ်။ မော်လူး မော်ဟန်ကြ တော့ ပုံမှန်အားဖြင့် အလွှာက အလျားလိုက် အထပ်လိုက်မဟုတ်ဘဲ ဒေါင်လိုက် သွားပါတယ်။
ဘာနဲ့တူလဲဆိုတော့ နွေရာသီပက်ကြားအပ်ထဲ ကုလားပဲ ဂျူံ တို့ မှောက်ကျထားသလို ပုံစံမျိုးဖြစ်ပါတယ်။ ဘယ်မှော်မှာမဆို အများအားဖြင့် ကျောက်ကြောရဲ့ အ ပေါ်ဆုံးအလွာမှာ မြေမှန်ဆိုပြီးရှိပါတယ်။
မြေမှန်ရဲ့အောက်မှာ ကြက်သွေးနက်ဖြစ်ရင်ဖြစ်မယ် အမဲကြောဖြစ်ရင်ဖြစ်မယ် ။
အဲဒီ ကြက်သွေးနဲ့ အမဲကြောကြားမှာ သံချေးခွံ(ကြက်ခိုး)ဆိုတာရှိပါတယ်။ အဲ့အောက်မှာ တစ်ချို့ကျ ကြက်သွေး အရင် လာ တယ်။ တစ်ချို့ကြ မြင်းချေးကြောလာတယ်။ ချောင်း ကြော ရိုးတွေမှာက မုံထု ခွံ (ရေမုံထု လို့လည်းခေါ်တယ်) ရှိတယ် ။
ရေတစ်ပိုင်းကုန်းတစ်ပိုင်း ရေ ခွံရှိတယ်။ ငုတ်မှော်တွေက တော့ လက်ရှိသိပ်မရှိတော့ပါဘူး။ လက်ရှိလုပ်နေကြတာက ကံစီးအထက်ပိုင်းမှာဆို အောင်ဘာလေ/စ နေ / ပါးမား / ခေါင်းကွဲတို့ရှိမယ်။
အဲ့ဘက်မှာ မြေမှန်ပုံစံထဲက နေပေါ်လိသားတွေထွက်တာများတယ်။ ပါးမားမှော် က နာမည်ကြီးပါတယ်။ ယူရို 19 သန်းတန်တာထွက်ဖူးပါတယ်။ ပါးမားမှော်က ချွန်ပါရင် ပိုလန်ပါတယ်။
အောင်ဘာလီ စ နေ ခေါင်းကွဲတို့က အမြူပ်နဲနဲများတဲ့အပိုင်းတွေရှိပါတယ်။ လက်ရှိ ဖားကန့်ရဲ့ကျောက်ကြောက အ ရှေ့မြောက် အ နောက် တောင် အလျားအ နေနဲ့တော်တော်ရှည်ပြီး အနံကသိပ်မရှိပါဘူ..း။
လုံးခင်းဘက်ဆို လက်ရှိတူးနေတဲ့မှော်တွေက ကထန်/ ဆန်ခါ/ ဖဝါ/ မားဆား / ငိုပြင်း တို့ရှိပါမယ်။ မားဆားမှာ အရင်က ကျောက်စိမ်းအလုံးကြီးတွေထွက်ပါတယ်..။ အခုက ကထန် ဆန်ခါ ဖဝါ ငိုးပြင်း တွေ မှာလဲ ထွက်တယ်။ခါးကြောမှာ ခွံဖြူတွေထွက်တယ်။ တစ်ချို့မှာက အဝါအမဲစပ်တဲ့ မြင်း ချေးတွေထွက်တယ်။
အောက်ကြောမှာက အမဲကြောထွက် တယ်။ လုံးခင်းဘက်မှော်တွေကိုက အရူးမှော်လိုတောင် ခေါ်ကြပါတယ်။ အပြင်ဘက် အမြင်မှ ကောင်းတဲ့ လက္ခဏာ မန်းကောင်း တဲ့အလားအလာတွေ မရှိပေမယ့် ဖြတ်တဲ့အခါထူးထူး ခြားခြား တစ်အားအောင်သွားတာတွေရှိတတ်ပါတယ်။
အလုံး ကြီးသေး အစုံ ထွက်ပါတယ်။ ငိုးပြင်းမှာဆို ပေါ်လိသားတွေ လည်း ထွက်သေးတယ်။ ငှက်ပျောညွန့်ကာလာတွေပါတဲ့ ပေါ်လိသားတွေထွက်တယ်။ မှော်စီဆာနဲ့တော့ကာလာမတူဘူးပေါ့။
အားနည်းချက်အနေနဲ့က အသားမြင့်တဲ့ကျောက်တွေက ပြောင်းလဲမှု သိပ်မရှိပေမယ့် အသားလျော့တဲ့ ကျောက်.. တွေက ၁ လ ၂ လကြာလာတဲ့အခါ အဝါတွေ ဂျီးတွေ ဝင်လာတက်ပါတယ်။
လုံးခင်းဘက်မှော်တွေမှာ သတိထားရမှာက ငချိတ်ဘဲ ငချိတ်ဝင်လာရင် အပျက်များပါတယ်။ လုံးခင်းက နေဆက်ဆင်းလာရင် မှော်စီဆာမ ရောက်ခင်မှာ မ လောင်ကြီး မ လောင်သေး ရှိပါတယ်။
မ လောင်ကြီးက ကျောက်တွေက ကုဋေမှော် ငိုးပြင်း မှော် နဲ့ တူပါတယ်။ မ လောင်သေးက တော့ မှော်စီဆာနဲ့ ကပ်လာလို့ မှော်စီဆာ ကျောက်နဲ့တူလာပါတယ်။ အ ရှေ့နောက် မြောက်တောင်ဆက်ဆင်းလာရင်တော့ မ လောင်ပြီးတော့ မှော်စီဆာရောက်လာပါတယ်။
မှော်စီဆာက တော့ အများအားလုံးသိတဲ့အတိုင်း ကမ္ဘာ့အ ကောင်းဆုံး ပေါ်လိသား တွေ ထွက်ပါတယ်။ သူက အလုံးကြီး သိပ်မ ထွက် ဘူး။ အများဆုံး ကီလို၅၀/ ၆၀ /၇၀ ဆိုရင် တော်တော် ကြီး နေပြီ။ ကီလို 20 အောက်တွေက ပိုကောင်းပါတယ်။
ဘလတ်ချိတ်လည်း ထွက်တယ်။ မန်းမဲက နေ အရည် ကျောက် .ထွက်တယ်။ ဒါပေမယ့် မှော်စီဆာမှာ အပွင့်တွေမရှိသ လောက်ရှားတယ်။ ပေါ်လိသားမှာ အားသာတယ်။ မြေ မှန်မှာလည်း မြေမှန် ပေါ်လိသားရှိတယ်။ ချစားတွေနဲ့ ဖြတ် လိုက်တဲ့အခါ ကန် စွန်းပန်းကြား ပေါ်လိသားတွေလည်းရှိတယ်။
မြေမှန်ရဲ့အောက်မှာ မြေမှန်နဲ့အပြာ ကြောအစပ်မှာ ပြာဝါစပ် သံချေးခွံတွေရှိတတ်တယ်။ အဲ့အောက်မှာ အပြာ ကြောရှိတယ်။ ပေါ်လိထဲမှာ အပြာကြောပေါ်လိတွေက တော် တော် သန့် တယ်။ သံဘရက်ရှ် နဲ့ဆေးလည်းအ ဆေးခံတယ်။ အဲ့အောက်က အမဲကြောပေါ်လိတွေက ကာလာရှိပြီး သံဘရက်တွေ အချဉ်တွေနဲ့ဆေးတဲ့အခါ ဖြူဖြူကြီးတွေဖြစ်သွားတတ် တယ်။
မန်းမဲထဲမှာဆို ပဲပြင်တွေ ပဲကြိုးတွေရှိတယ်။ မှော်စီဆာ မှာက ပေါ်လိ/အသားဆန်းတွေမှာ အားသာချက် ရှိပြီး နဲနဲလေး အသားကျတဲ့ကျောက်တွေက တော့ ကြာလာ ရင် ခုန့်ကြာလုပုံစံတွေ ဝါ သွားတာတွေလည်းရှိတယ် နောက် မှ ပုံမှန်ပြန်ဖြစ်လာတာတွေ့ရတတ်တယ်။
မှော်စီဆာရဲ့အားသာချက်က အပြင်မှာ အနာတွေ့ ပေမယ့် ဖြတ်လိုက် တဲ့အခါ အနာမဝင်တက်ပါဘူး။ ပြီးတော့ မှတ်တက်တယ်။ နောက်တစ်ချက်က အပြင်မှာ ခွေးရိုးမြင်ပေမယ့် အတွင်းထဲ ကာလာကြောဖြစ် သွားတတ်ပါတယ်။ မှော်စီဆာက နေ အောက်နဲနဲပြန်ဆင်းလာရင် မှော်ဝမ်းကြီး မှော်ဝမ်းလေးရှိတယ်။ အရည်မှာ နာမည်ကြီးပါတယ်။ အဓိက က တော့အပွင့်လိုင်းထွက်ပါတယ်။
လက်ကောက် သားတွေက တော့ အင်မတန်နည်းပါတယ်။ ထွက်လာရင်လည်း ပဲသားဆန်ဆန်တွေပဲ ထွက်ပါတယ်။ အားသာချက်က ပဲရည်ထုတ်တဲ့အခါမှာ မှတ်တက်ပါတယ်။ ခေါင်းကျောက်မှာဆို အကာဖြူပါရင် စိတ်ချရပါတယ်။ အကာဖြူ ..မပါလည်း အရည်အောက်မှာ ပဲပြင်စီးစီးလေးတွေထွက်ပါတယ်။
အလုံးကြီးမ ထွက်ဘူး ကီလို ၄၀/ ၅၀/ ၁၀၀ ပဲ ထွက်ပါတယ်။ ဖားကန့်အနေနဲ့ပြောမယ်ဆို ဥရုချောင်းရဲ့ဟိုဘက်ခြမ်း ဒီဘက် ခြမ်းရှိပါတယ်။ အခုပြောနေတာက ဥရုချောင်းရဲ့ မြောက်ဘက် အ ကြောင်း ပြော နေခြင်းဖြစ်ပါတယ်။ မှော်ဝမ်းကြီး/လေး ပြီးရင် ဗလခ /တောင်ပြို /မော်မှော်လျန်ရှိပါတယ်။
မှော်မောင်းလျန်က အသားဆန်း/ ပန်းကြား /အပွင့်/ ပေါ်လိသား /ဘလက်ချိတ် /လန့်ဆွေး စသည်ဖြင့် လိုင်းစုံ ထွက်ပါတယ်။ မြင်းချေးနာမည်ကြီးပါတယ်။ တော်တော်လေး အဖြတ် ခံတဲ့ထဲမှာ ပါပါတယ်။ ခေါင်းကျောက်ဆို မျိုးကောင်းပြီး အောင် တာများပါတယ်။
မှော်မောင်းလျန်က နေ ဆက်ဆင်းလာရင် (လက်ရှိတူးနေတဲ့နေရာတွေ) ရှရောခ/ မန / ရှိပါတယ်။ ဟိုးအရင်ကတည်းက နာမည်ကြီးပါတယ်။ Aလိုင်း Bလိုင်းတို့… ရှရောခက နေ ပေါ်လိအရည်စွဲတွေထွက်ပါတယ်။ အပွင့်လိုင်း အသားဆန်းတွေလည်းထွက်ပါတယ်။ ရှရောခ ကျောက်တွေလည်းသိပ်မကြီးပါဘူး။
အဲ့က နေဆင်းလာရင် မန /မျောက်ဖြူရှိပါတယ်။ မနမှော်မှာက တော့ အလုံး ကြီး ကီလို ၁၀၀ /၂၀၀/ ၃၀၀ တွေထွက်ပါတယ်။ အသားဆန်းလည်းထွက်ပါတယ်။ မန အောက်မှာ မျောက်ဖြူ / စဗျစ်ခူးရှိပါတယ်။ ကီလို ၃၀၀ /၅၀၀ /၈၀၀ တွေထွက်ပါတယ် လက်ရှိလည်းတူးနေကြပါတယ်။
အောက်ကိုဆက်သွားရင် မက်လင်ဂျောင်မှော် ရောက်ပါတယ်။ မက်လင်ချောင်မှော်က မှတ်တက်တယ် အလုံးကြီးထွားတယ်။အဖြတ်ခံတယ်။ အမဲကြောမှာဆို မက်လင်ချောင်က ကျောက်ချောတယ်။ အနာသိပ်မဝင်ဘူး။ပြီးတဲ့ရာသီတုန်းက ဇာတ်လိုက်ပါ။ တန် ၂၀၀ ၃၀၀ တွေထွက်သွားတာတာလည်း မက်လင်ဂျောင်ပါပဲ။
သူ့အောက်မှာက မမုံ ။ မမုံနဲ့မက်လင်ဂျောင်က တော့ ကျောက်ကြောတစ်ကြောထဲဖြစ်ပါတယ်။ မက်လင်ချောင်က အမဲကြောတွေများပြီး မမုံက ဖာကပ်မှာ ကြက်သွေးနဲ့ဆုံးပါတယ်။ မမုံရဲ့မြေမှန်ပေ 100/200 အောက်မှာ ပေါ်လိသားထွက်တဲ့ကျောက်ကြောတစ်ကြောရှိပါတယ်။
အဲ့တစ်ကြောအောက်မှာ ကြက်သွေး/ ခွံနီတွေရှိပါတယ်။ပုတီးထုတ်တဲ့ပဲတွေ မမုံဘက်ကထွက်ပါတယ်။ ကီလို ၃ ၄ ရာက နေ တန် (၂၀)ထိ ထွက်ပါတယ်။ ဥရုချောင်းရဲ့မြောက်ဘက်ခြမ်းမှာ လက်ရှိတူးနေတာဆိုရင် မမုံ ပြီးလို့အောက်ဆက်ဆင်းလာရင် တာမခန်ရောက်သွားပါတယ်။
တာမခန်မှာမြေမှန် ထွက်တယ်။ ရေခွံထွက်တယ်။ တာမခန်လည်းအလုံးသေးသွားပါတယ်။ အရင်ကနာမည်ကြီးပါတယ်။ ဥရုချောင်းရဲ့ တောင်ဘက်မှာဆိုရင် ဖားကန့်နဲ့မျက်နှာချင်းဆိုင် နမ့်မဖြစ်။ နမ့်မဖြစ် နဲနဲအလွန်မှာဆို ဂျန်ခက်မှော် ဆိုတာရှိပါတယ်။ ဂျန်ခက်မှော်ရဲ့ ကျောက်ကြောပုံစံအရက မှော်စီဆာနဲ့တူပါပေမယ့် ခေါင်းကျောက်မှာက အဖြတ်မခံပါဘူး။
ဖြတ်လိုက်ရင်ရူံးတာများပါတယ်။ အာ့ကြောင့် လုပ်ကွက်ရှိပြီး တူးတဲ့သူ သိပ်မရှိတာပါ။ ဂျန်ခတ်မှော်ရဲ့ ဒီဘက် ဖားကန့်ဆိုင်းတောင် သွားတဲ့နားမှာတော့ မှော်ဆိုတာမရှိတော့ပဲ ကျောက်သွေး ရွာတို့ရှိပါတယ်။ ဆိုင်းတောင်ရွာတို့ရဲ့အေ နောက်မှာက မှော်တွေပဲရှိပါတယ်။ ဘစံချောက်မှော်ရှိပါတယ်။
ဘစံချောက်မှော်မှာ အဓိက က တော့ ကြက်သွေးဖြစ်ပါတယ်။ အမဲကြော မရှိသ လောက်ရှားပါတယ်။ထူးခြားချက်က ဒေါ်လာ လေးငါးသောင်းတန်တဲ့ ကျောက်ကောင်းတွေ မရှိပေမယ့် အလွှာတိုင်း အလွှာတိုင်းမှာ ရောင်းစားလို့ရတဲ့ကျောက်တွေရှိပါတယ်။ အဲ့ တာ ကြောင့် စ ဘော့ ဘစံချောက်မှော်ကို မုဆိုးမ မှော် လို့ လည်းခေါ်ကြပါတယ်။
ဘစံချောက်မှာ ကျင်းတူးတဲ့သူတွေ လိုက်တဲ့ကျောက်ကြောတစ်ကြောရှိတယ်။ အဲ့ဒါက ကန်းစွန်းပန်းတွေ ထွက်တဲ့ကြော အဲ့အောက်မှာ ပဲကြောတစ်ကြောရှိမယ်။ ဘစံချောက်ပြီးရင် စ ဘော့မှော် စ ဘော့မှော်ဟာ ဘစံချောက်နီးပါ ရှိတယ်။ကျောက်အလုံးကြီးတာ တန်ကျော်တဲ့ ကျောက်တွေ ထွက်တော့ ထွက်ပေမယ့် အလွန်ရှားပါတယ်။
စ ပေါ့ ရွာရဲ့နောက်ဘက်မှာ စိန်လုံကြောရှိမယ်။ စိန်လုံတောင်တန်းကလည်ကြက်သွေးကြောထွက်ပါတယ်။ မမုံ ရွာရဲ့အနောက်ဘက် ကပ်ရပ်က ကရင်ဂျောင် ။ ဖားကန့်မှာ ဂျောင်နှစ်ဂျောင်ဖြစ်တဲ့ ကရင်ဂျောင် မက်လင်ဂျောင် နာမည်ကြီးပါတယ်။ ကရင်ဂျောင်က မက်လင်ဂျောင်လောက် ကျောက်သိပ်မ ချောပါဘူး အလုံးနဲနဲသေးပြီး အနာများတယ်။
ဒါပေမယ့် ကရင်ဂျောင်ကျောက်တွေက အဖြတ်ခံတဲ့ထဲ အောင်တတ်တဲ့ထဲမှာပါ ပါတယ်။ ကြားမှာနာမည်မကြီးတဲ့မှော်တွေ ရှိပါသေးတယ်။ ကရင်ဂျောင် ပြီးရင်တော့ တောင်းကော့ရှိမယ် တောင်းကော့က အမြင့်ကြီးပေါ်မှာဖြစ်တဲ့အတွက် ကျောက် သိပ်မထွက်ပါဘူး။
ကရင်ဂျောင် တောင်းကော့အောက်ဆင်းလာရင်တော့ မှော် လကင်။ မှော်လကင်ကလည်း အောက်ကြောရောက် ရင် တော်တော်လေး အဖြတ်ခံပါတယ်။ အရင်က တော်တော်စည်ခဲ့ပါတယ်။ မှော်လကင် ပြီးရင် နမ့်မှော်။ နမ့်မှော်က ကျောက်တွေ နာမည်ကြီးပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် တူးမယ့် ဧရိယာအကျယ်ကြီးတွေ တော့ မရှိတော့ပါဘူး။
ဆိုင်းတောင်ဘက်က လူတွေ နမ့်မှော် စ ဘော့ကျောက်နဲ့တော်တော်လေး ရစားကြပါတယ်။ နမ့်မှော်ကပ်ရပ်မှာ တန်အများကြီးရှိတဲ့ ပအို့က နေပြတိုက် လုပ်ထားတဲ့ တန်(၃၀၀၀) ကျောက်ကြီးအဲ့မှာရှိပါတယ်။ အဲ့တာပြီးရင်တော့ ဥရုချောင်းရဲ့ ဒီဘက်ဆုံး သွားပါတယ်။
ဆိုင်းတောင်က နေဆက်သွားရင် ဝှေ့ခါမှော်။ မင်းသားကြီးဝှေ့ခါမှော်က ဖားကန့်နဲ့မော်လူး မော်ဟန် သွားတဲ့ကြားမှာ သီးသန့်ကြီး တည်ရှိနေတာပါ။ ဝှေ့ခါမှော်က ပြောရခက်ပါတယ်။ အားလုံးတစ်ကြောထဲလိုလိုဖြစ်နေတာပါ။ ဝှေ့ခါမှော် နာမည်ကြီးပါတယ်
ဒီနှစ်ထဲမှာပဲ နွံကန်ပြိုကျလို့ လူတွေလည်းအများကြီးသေထားတာပါ။ သူကအနာတော့များတယ်။ ဖ ယောင်းချောခွံ /ချွန်/ကန်စွန်း /အရည်ကျောက် /ပေါ်လိသား/ အမဲကြော/ အသားဆန်း / ကြက်သွေး / မြင်းချေး /ပုတီးပန်းပု အား လုံး ထွက်ပါတယ်။
အလုံးကြီး အလုံးသေးအစုံ ထွက်ပါတယ်။ မြင်းချေး/ အမဲမှာ အကာလေးတွေပါလာရင် အရည် ရော အသားရော အရမ်းကောင်းပါတယ်။ ဝှေ့ခါကျောက်ကအ ပေါ်မှာ ဖျော့ဖျော့လေးတွေ ဖြစ်ပေမယ့် အတွင်းထဲ ပိုလန်တတ်တဲ့သ ဘောရှိပါတယ်။ ဝှေ့ခါက တောင်အမြင့်မှာ ရှိပါတယ်။
ဝှေ့ခါက နေဆင်းသွားရင် ချောင်းရိုးတွေရှိပါတယ်။ မကာပြင်တို့ မှော်ဂလုံတို့ ရှိပါတယ်။ သူတို့မှာက မြေမှန် ပုံ စံ တွေ ရေ ခွံပုံစံတွေထွက်ပါတယ်။ အဲ့မှော်တွေက ရှေး ရှင် ဘုရင်တွေ ခေတ်ကတူးထားတဲ့ ကျင်းတွေ တောင်ရှိ တယ်။
အဲ့ ရွာဘက်ချောင်းရိုးတွေမှာ မုံတွေနဲ့တူးတဲ့အခါ ရှေးခေတ် က အရည်ပါ မပါသိရ အောင် မီးဖုတ်လို့ ကျောက်ပူတဲ့အခါမှ တူနဲ့ရိုက်ခွဲကြည့်ကြပြီး ရိုက်ခွဲကြည့်လို့မှအရည်မပါရင် အဲ့မှာပဲပစ်လိုက်ကြပါတယ်။ အရာတွေကျန်နေ သေးပါတယ်။ အရင်ခေတ်က ပန်းကြားတွေအဆင့်တောင်မယူပါဘူး။
အသားကျောက်လည်းတော်ရုံ မမြင့်ရင် မယူကြပါဘူး။ စျေးကြီးကြီး ကျောက်ကြီးတွေထွက်တာက ဝှေ့ခါ/ လုံးခင်း /ကထန် /ငိုးပြင်း /ဆန်ခါ /မက်လင်ဂျောင် တွေမှာ အများအားဖြင့် ထွက်ပါတယ်။ အဲ့ဘက်မှာ ပေါ်လိသား အရည်စွဲတွေလည်းထွက်ပါတယ်။
၇ တန် ၈တန် ရှိတဲ့အလုံးကြီးတွေထွက် ပါတယ်။ ကျောက်က ကံကောင်းရင် ဘယ်ဟာဖြစ်ဖြစ် အောင်မယ်ဆိုတာမဟုတ်ပါဘူး အမဲတုံးကို ဖြတ်ရင် အမဲတွေပဲ ထွက်မှာပါ မ အောင်နိူင်ပါဘူး။ ကံ ဥာဏ် ဝိရိယ တွေလိုပါတယ်။
ဗဟုသုတ တွေလိုပါတယ်။ မှော်အ ကြောင်း ကျောက်ကြော တွေအ ကြောင်း လေ့လာ မှတ် သားဖို့လိုပါတယ်။ ကျောက်စိမ်းကလည်း ဘာသာဗေဒတခုရဲ့ သ ဘောတရားပါပဲ။ နားလည်မှဖြစ်မှာပါ။မှော်စီဆာဆို မန်းမပါလည်း အောင်တတ်တယ်။
ခွေးရိုး ပါ ရင် ကျောက်စိမ်း ပိုရင့်တယ်ဆိုတာမျိုးသိထားရပါမယ်။ ကျောက်ကို လောဘနဲ့ကြည့်ရင်မှားတတ်ပါတယ်။ သေချာကြည့်ဖို့လိုပါတယ်။ လေ့လာတာများရင် သမ္ဘာရင့်ပြီးဘယ်ကျောက်က အောင်နိုင် မ အောင်နိုင် စိတ်ထဲက နေ နည်းနည်းရိပ်မိပြီး သိနိုင်ပါလိမ့်မယ်။
ငါသိပြီ ငါတတ်ပြီဆိုပြီး လေ့လာတာကို ရပ်မ နေ စေချင်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ ဒီ နေ့ တော့ ဒီ လောက် ပါ ဘဲနောက် နေ့ တွေ မှာ ..အ ခွင့် သင့် သ လို့ပြော ပြ ပေး သွား ပါ မယ်
မူရင်း Kyaw ThuRa(Myanmar ThuRa CEO) ရေးသားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်