News

ယနေ့ စနေနေ့(၃၀.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၃၀ ၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3300 – 3330
ဥရောပယူရို 3500 – 3560

ဗြိတိသျှစတာလင်ပေါင် 4060 – 4120
သြစတြေးလျဒေါ်လာ 2115 – 2160

ဂျပန်ယန်း 22.40 – 22.90

တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 40.15 – 40.90
စင်ကာပူဒေါ်လာ 2370 – 2430

မလေးရှားရင်းဂစ် 700 – 715
တရုတ်ယွမ် 445 – 470
ထိုင်းဘတ် 91.50 – 93.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3430,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3200,000 ကျပ်ခန့် ရှိနေသည်။ (ကမ္ဘာ့ရွှေဈေး ကျသော်လည်း မြန်မာ့ရွှေဈေး ဆက်လက် ခိုင်မာနေသည်)

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3423,000 – 3425,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ရွှေဈေးသည် အမြင့်ဆုံး ကျပ် 39 သိန်းကျော်အထိ ရောက်ခဲ့ပြီးနောက် ယခု ကျပ် 35 သိန်းအောက် ပြန်ကျလာသော်လည်း ကျပ် 34 သိန်းအောက် ထပ်မဆင်းဘဲ ခိုင်မာလျက်ရှိသည်

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2178,300 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1849 ဒေါ်လာခန့် ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ၆ လကျော်အတွင်း အနိမ့်ဆုံး ဖြစ်နေသည်။