News

ယနေ့ သောကြာနေ့(၂၉.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၂၉ ၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3250 – 3310
ဥရောပယူရို 3430 – 3490

ဗြိတိသျှစတာလင်ပေါင် 4040 – 4110
သြစတြေးလျဒေါ်လာ 2115 – 2160

ဂျပန်ယန်း 21.70 – 22.15

တောင်ကိုရီးယားဝမ် 2.40 – 2.48
အိန္ဒိယရူပီး 39.20 – 39.80
စင်ကာပူဒေါ်လာ 2360 – 2410

မလေးရှားရင်းဂစ် 695 – 710
တရုတ်ယွမ် 445 – 465
ထိုင်းဘတ် 89.70 – 91.30

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3395,000 – 3400,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3200,000 ကျပ်ခန့် ရှိနေသည်။ ကမ္ဘာ့ရွှေဈေး ကျသော်လည်း မြန်မာ့ရွှေကို ကျဈေးစောင့် ဝယ်သူများကြောင့် ပြည်တွင်းရွှေဈေး မကျဘဲ 34 သိန်းဝန်းကျင်တွင် အတက်အကျ လှုပ်ရှားနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3395,000 – 3400,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2196,000 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1864 ဒေါ်လာခန့် ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ၆ လကျော်အတွင်း အနိမ့်ဆုံး ဖြစ်နေသည်။