ဒီဇင်ဘာ ၄၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့်
ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3460 – 3510
ဥရောပယူရို 3660 – 3750
ဗြိတိသျှစတာလင်ပေါင် 4150 – 4240
သြစတြေးလျဒေါ်လာ 2220 – 2270
ဂျပန်ယန်း 22.90 – 23.45
တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 39.60 – 40.90
စင်ကာပူဒေါ်လာ 2490 – 2560
မလေးရှားရင်းဂစ် 720 – 740
တရုတ်ယွမ် 460 – 475
ထိုင်းဘတ် 95.30 – 97.60
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3720,000 – 3730,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3520,000 ကျပ်ခန့် ရှိနေသည်
ပြီးခဲ့သော (စနေနေ့) ရွှေဈေးသည် ကျပ် 3710,000 – 3720,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် ကျပ် 3740,000 ခန့်အထိ မြင့်တက်လာသော်လည်း ညနေပိုင်းတွင် ကျပ် 3690,000 – 3700,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3281,900 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2086 ဒေါ်လာခန့် ဖြစ်သည်။
YGEA သည် ကောလာဟလ လွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု အသိပေး ထုတ်ပြန်ထားပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။