Knowledge

မိခင်တစ်ဦးပြောပြခဲ့တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ပိုက်ဆံစုနည်း (လူတိုင်းလုပ်နိုင်တဲ့နည်းမို့ မျှဝေပေးလိုက်ပါတယ်)

မိခင်တစ်ဦးပြောပြခဲ့တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ပိုက်ဆံစုနည်း(လူတိုင်းလုပ်နိုင်တဲ့နည်းမို့ မျှဝေပေးလိုက်ပါတယ်)

ကျွန်တော်တို့ အများစု အတွက် ပိုက်ဆံစုခြင်းဆိုတာ စွမ်းဆောင်ဖို့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်နေနိုင်ပါတယ်။

ဟုတ်ပါတယ်…ပိုက်ဆံစု ဖို့တော့ လူတိုင်း ကြိုးစားကြဖူးတာပေါ့။

ဒါပေမယ့် မသုံးမဖြစ်ဆိုတဲ့ အသုံးစရိတ်တွေ အတွက်ရော ၊ဆန္ဒကို မထိန်းနိုင်တဲ့ ဝယ်ချင်ခြမ်းချင်စိတ်

တွေကြောင့်ရော ပိုက်ဆံ စုဖို့ အိပ်မက်လေးတွေ အကောင်အထည်မပေါ်တတ်ပါဘူး။

အမေရိကန် နိုင်ငံက ကလေးနှစ်ယောက်မိခင် မေရီဖရန်ကလင်လည်း အဖြစ်တူပါပဲ။

ကလေးနှစ်ယောက်ကျောင်းစရိတ်နဲ့ အိမ်စရိတ် တွေကို သေချာလိုက်မမှတ်တော့ဘဲ သုံးမိနေရာက ပိုက်ဆံ စုဖို့ အဖတ်မတင် ဖြစ်နေခဲ့တဲ့ သူမကတော့ တစ်နေ့မှာ အိုင်ဒီယာတစ်ခု ရခဲ့ပါတယ်။

(၅) ဒေါ်လာ နည်းလမ်း

သူမရဲ့နည်းလမ်း ကတော့ ရှင်းပါတယ်။ အကြွေ (၅) ဒေါ်လာလောက် ရတိုင်း အမြဲ သိမ်းထားလိုက်တာပါ။

သုံးစွဲဝယ်ယူမှုတွေကနေ ရလာတဲ့ အကြွေ (၅) ဒေါ်လာစီကို နေ့စဉ် စုစုထားခဲ့ရင်း သူမရဲ့ ကလေးတွေအတွက် ပိုက်ဆံစုတာ ခရီးရောက်လာခဲ့ ပါတယ်။

တစ်ခုခုဝယ်ပြီးလို့ (၅)ဒေါ်လာ ပြန်အအမ်းခံရတိုင်း အဲဒီ့ပိုက်ဆံကို ဘယ်အတွက်မှ မသုံးမိတော့အောင် သူမရဲ့ ပိုက်ဆံအိတ် အကန့်တစ်ခုထဲမှာ ဖွက်ထားလိုက်ပါတယ်။

ပိုက်ဆံအိတ်ထဲကနေ စာအိတ် အထိ ဖြစ်လာပြီး ဘဏ်အကောင့်ထဲကို ထည့်ရတဲ့အထိ ဖြည်းဖြည်းချင်း များလာ ခဲ့ပါတယ်။

အစပိုင်းမှာ ဒေါ်လာ ရာကျော်ကနေ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ဒေါ်လာ (၂၀၀၀) ဖြစ်လာခဲ့ပြီး (၁၃) နှစ်ကြာ စုပြီးနောက်မှာတော့ ကန်ဒေါ်လာ (၅) သောင်းကျော် ရနေခဲ့ပါပြီ။

သူမရဲ့နည်းလမ်းကို ဘယ်လို လိုက်လုပ်မလဲ

သူမရဲ့ ပိုက်ဆံစုနည်း ဘယ်လို အောင်မြင်ခဲ့လဲဆိုတာကို ကျွန်တော်တို့ အားလုံးအတွက် မေရီက ဝေမျှ ခဲ့ပါတယ်။

တစ်ပတ်စာ သုံးလို့လောက်မယ့် ငွေပမာဏကို ဆောင်ထားပါ။ ပြီးရင် တစ်ပတ်အတွင်း အဲဒီ့ ထဲက အတန်ကြီး (ဥပမာ… ဒီမှာဆို ငါးထောင်တန်လောက်လည်း ဖြစ်ပါတယ်) တွေကို ဘာဝယ်ဝယ် ထုတ်သုံးပါ။

ပြန်အမ်းမယ့် တစ်ထောင်တန်တွေနဲ့ ငါးရာတန် လေးတွေကို သူမ ပြောသလို ပြန် မသုံးမိအောင် စုထားပါ။ ဒီလိုနဲ့ ပိုက်ဆံ အဝင်အထွက်တွေကပဲ သင့် ပိုက်ဆံစုခြင်းကို ရုပ်လုံးပေါ်လာစေ ပါလိမ့်မယ်။

အခြား ပိုက်ဆံစုနည်းတွေလည်း ရှိပါတယ်။ ဥပမာ… ပထမဆုံး တစ်ပတ်မှာ အနည်းဆုံးက စပြီး တဖြည်းဖြည်း တိုးတိုးသွားတဲ့ နည်းပါ။

အဲဒီ့ နည်းကတော့ ကြာလာတာနဲ့အမျှ ဝန်ပိုလာစေလို့ မေရီကတော့ အားသိပ်မပေးကြောင်း ဆိုပါ တယ်။

အခု ပိုက်ဆံစုနည်းကို သိသွားပြီဆိုတော့ လိုက်လုပ်ဖို့ အကျင့်ဖြစ်အောင် လုပ်ကြ ရပါမယ်။ သူမရဲ့နည်လမ်းကို လိုက်လုပ်ရာမှာလည်း နှစ်လ အနည်းဆုံး လုပ်ပါ။

လူတစ်ယောက် က အကျင့်တစ်ခုဖြစ်ဖို့ အနည်းဆုံး (၆၆)ရက် ကြာတာ ကြောင့်ပါ။ အဲဒီ့နောက်ပိုင် းမှာတော့ သင့်အတွက် ပိုက်ဆံ ဆက်စုဖို့ လွယ်ကူသွားပါ လိမ့်မယ်။