အောက်တိုဘာ ၁၄ ၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော
အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3300 – 3350
ဥရောပယူရို 3500 – 3560
ဗြိတိသျှစတာလင်ပေါင် 3950 – 4040
သြစတြေးလျဒေါ်လာ 2070 – 2110
ဂျပန်ယန်း 22.00 – 22.50
တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 39.50 – 40.30
စင်ကာပူဒေါ်လာ 2380 – 2440
မလေးရှားရင်းဂစ် 705 – 720
တရုတ်ယွမ် 445 – 460
ထိုင်းဘတ် 90.90 – 92.60
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3435,000 – 3445,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3240,000 ကျပ်ခန့် ရှိနေသည်
ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3420,000 – 3430,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ရွှေဈေးသည် အမြင့်ဆုံး ကျပ် 39 သိန်းကျော်အထိ ရောက်ခဲ့ပြီးနောက် 34 သိန်း အထက်အောက်တွင် ရက်အတော်ကြာ လည်ပတ်နေခဲ့ပြီး ယခုအခါ ကျပ် 34 သိန်းအထက် ရောက်လာသည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 3022,600 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1933 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး တဟုန်ထိုး တက်သွားပြီး ရွှေအသင်းကလည်း ဗဟိုဘဏ်လေလံဈေးဖြင့် ၎င်း၏ ရည်ညွှန်းရွှေဈေးကို တွက်ချက်ထားသည်)