News

ရွှေအသင်း YGEA ရဲ့ ပေါက်ဈေးနဲ့ ပြင်ပရွှေဈေးကြား ကျပ်လေးသိန်းခွဲကျော် ကွာဟနေ…

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က နေ့စဉ် ထုတ်ပြန်နေကျ ရွှေဈေးကို မကြာသေးခင်က ဗဟိုဘဏ် လေလံဈေးနဲ့ ပြောင်းလဲ တွက်ချက်လာပေမဲ့

ပြင်ပရွှေဈေးနဲ့ ယှဉ်ရင် ကျပ်လေးသိန်းကျော် ကွာဟနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အရင်က YGEA အသင်းဟာ သူ့ရဲ့ရွှေဈေးကို ဗဟိုဘဏ် သတ်မှတ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ တွက်ချက် ထုတ်ပြန်ခဲ့ပေမဲ့ မကြာသေးခင်က စပြီး

ဗဟိုဘဏ်လေလံဈေး တစ်ဒေါ်လာ ၂၉၉၀ ကျော်နဲ့ ပြောင်းလဲ တွက်ချက်လာတဲ့အပြင် ရည်ညွှန်းဈေးနှုန်းကနေ ဈေးကွက်ဈေးနှုန်းအဖြစ် အသုံးအနှုန်းပါ ပြောင်းလဲပစ်ခဲ့ပါတယ်။

အဲဒီလို ငွေလဲနှုန်း ပြောင်းလဲ တွက်ချက်မှုအရ YGEA အသင်းရဲ့ ဈေးကွက်ဈေးနှုန်းဟာ အကယ်ဒမီ မီးလင်းရွှေဈေး တစ်ကျပ်သားကို သိန်း ၃၀ ကျော်ကျော် ဖြစ်လာပေမဲ့ ပြင်ပဈေးကွက် ရွှေဈေး ကျပ် ၃၄ သိန်းခွဲနဲ့ ယှဉ်ရင် ကျပ်လေးသိန်းကျော် ကွာဟနေဆဲ ဖြစ်ပါတယ်။

လတ်တလောမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၉၀၀ အထက် မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးလည်း ကျပ် ၃၄ သိန်း ၆ သောင်းခန့်ကို ရောက်နေပါတယ်။ Ref: YGEA စာရေးသူ – ငွေကြယ်