News

ပြင်ပရွှေဈေး ပြန်ကျလာချိန်မှာ ရွှေလုပ်ငန်းရှင်များအသင်းဈေးက မြင့်

သြဂုတ်လကုန်ပိုင်း ဒေါ်လာဈေး ပြန်ကျလာချိန်မှာ ပြင်ပလေပတ်ကား ရွှေဈေးလည်း ပြန်ကျလာပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ရွှေဈေးကတော့ ဆက်တိုက် တက်လာပါတယ်။

ဒီလဆန်းပိုင်းက ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၄၇ သိန်းဝန်းကျင်သာ ရှိခဲ့ပေမဲ့ အခု လကုန်ပိုင်းမှာတော့

ကျပ် ၄၉ သိန်းကနေ သိန်း ၅၀ ကျော်အထိ ဖြစ်လာပြီး တရိပ်ရိပ် မြင့်တက်နေပါတယ်။ (ဒီနေ့ ရွှေအသင်းဈေး – ၅၀၀၆,၇၉၃)

ရန်ကုန်ရွှေအသင်းရဲ့သတ်မှတ်ဈေးက မြင့်လာပေမဲ့ ပြင်ပအခေါက်ရွှေဈေးကတော့ ပြန်ကျနေပြီး ဒီလလယ်က ရောက်ခဲ့တဲ့ အမြင့်ဆုံး ကျပ် ၈၅ သိန်းကနေ အခုဆို

ကျပ် သိန်း ၇၀ ပတ်လည်သာ ရှိတော့တယ်လို့ သိရပါတယ်။

ပြင်ပရွှေဈေးဟာ ဒေါ်လာဈေးနဲ့အတူ ပြန်ကျလာတာ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်တင်ခဲ့ချိန်မှာတောင် လိုက်မတက်တော့ဘဲ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒီလလယ်လောက်က ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်အထိ ဖြစ်ခဲ့ပြီး အခုတော့ ကျပ် ၅၄၀၀ – ၅၆၀၀ လောက်သာ ရှိတော့တာကြောင့် ဒေါ်လာပြန်အကျမှာ ပြင်ပရွှေဈေးတွေလည်း ကျပ် ၁၅ သိန်းဝန်းကျင်အထိ ပြန်ကျနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *