News

ငွေလဲနှုန်း ၃၄၇၂ ကျပ်ဖြင့် ဩဂုတ်လထဲ ဒေါ်လာ သန်း ၂၀၀ ရောင်းထုတ်ခဲ့ပြီ

ဩဂုတ်လ ၂၈ရက်မှာ ဗဟိုဘဏ် ၊ AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာပါ။

ဩဂုတ်လ ၂၈ရက်နေ့ တစ်ရက်တည်းမှာ ဗဟိုဘဏ်ရဲ့ ရောင်းချပေးတာအပါအဝင် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် အတွက်

လွှဲပြောင်းမှု အကြိမ် ၁၁၀ ရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ စာရင်းအချက်အလက် တွေ အရ သိရပါတယ်။

ဒီအပြင် ဩဂုတ်လ ၂၈ရက်မှာ အမေရိကန်ဒေါ်လာ အပြင် ငွေလဲနှုန်း၄၉၂ ဒသမ ၈၀ ကျပ် နဲ့ တရုတ်ယွမ် ၂သန်းကျော် နဲ့ ငွေလဲနှုန်း ၁၀၅ဒသမ ၆၀ကျပ် နဲ့

ထိုင်းဘတ် ၅၁ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ရောင်းချပေးမှုဟာ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *