News

ဘိုးဘွားတွေ အသုံးပြုခဲ့တဲ့ ဆံပင်ပြန်ပေါက်စေမည့် အိမ်တွင်းနည်း…

(ကြက်သံ အထွက်မြန်တာ ဆံကေသာ )ယခင်က မိတ်ဆွေသူငယ်ချင်းများက ကျွန်တော်ကိုတွေ့ပါလျှင်ပြောင်ကြီးတဲ့။

အချို့ကပြောင်ပြောင်တဲ့လူကြားသူကြားလည်းမရှောင်တော့။ယခုကျွန်တော်ကို ပြောင်ကြီးလို့မခေါ်ကြတော့ပါ။

ဆေးနည်း

ကြက်သွန်နီနဲ့သံပုရာသီးပဲလိုပါတယ်။ဒီနည်းကို အဘိုးသံပေးခဲ့တယ်လို့ ဆေးနည်းပေးသူကပြောပါတယ်။ကျွန်တော်မယုံကြည်ခဲ့ဲပါ။ ခုတော့ကျွန်တော်ယုံခဲ့ပါပြီ။

(၁)ကြက်သွန်နီ အခွံနွာပြီး ထုထောင်း၍ သတ္တုရည်ယူပါ။(၂) သံပုရာရည်ကို ယူပါ။

ထိုသတ္တုရည်နှစ်မျိုးကို စတီးဇွန်း(၃)ဇွန်းဆီလောက်အရည်သန့်သန့်ရစေရန် အဝတ်သန့်သန့်ဖြင့် စစ်ပါ။နေ့စဉ် အိပ်ရာ ဝင်တိုင်း ပြောင်နေသောဦးခေါင်းကိုလိမ်းပြီးအိပ်ပါ။စလုပ်စဉ် ကြက်သွန်နံ့ နံသော်လည်းနောက်ပိုင်းကျင့်ရ

သွား ပါလိမ့်မယ်။(၁၀)ရက်လောက်မှာပင် ထူးခြားခြင်းကြုံပါလိမ့်မည်။ပြောင်နေသောဦးခေါင်းအရည်ပြားတွင် ဆံပင် လေးများ ပေါက်လာ မည်က ဧကန်အမှန်ပင်ဖြစ် ပါလိမ့်မည်။ကြက်သွန်နီနှင့်သံပုရာက အိမ်တိုင်းဆောင် ထားတတ်သော အိမ်တွင်းအသုံးအဆောင်ဖြစ်၍ လုပ်ဆောင်လိုသူတို့အတွက် အခက်အခဲရှိ မည်မထင်ပါ။

ကြက်သွန်နီ၏ အနောက်တိုင်းတွေ့ရှိချက်(၁) ကြက်သွန်ဖြူသည် ဆာလ်ဖာဓာတ်ကြွယ်ဝပါသည်။

(၂)ကြက်သွန်နီသည် ကိုလာဂျင် ပရိုတိန်းထုတ်လုပ်မှုကောင်းစေသဖြင့် မွေးညှင်းပေါက်လေးများကို ပွင့်စေပြီး သွေးလည်ပတ်မှုကောင်းစေကာ ဆံပင်မွေးကို ခိုင်မာစေပါသည်။

(၃)ထိပ်ပြောင်သူများနှင့်နေရာကွက်ပြီးဆံပင်မပေါက်သူများ၊ ဦးရေပြား(ဘောက်)ထသူတို့ကို ကောင်းစွာအကျိုးပြုပါသည်။

(၄)ကြက်သွန်နီ သတ္တုရည်ကို မိနစ်(၄၀)ခန့် လိမ်းထားပြီးခေါင်းလျှော်ရည်ပျော့ ပျော့ဖြင့် ဆေးကြောပေးပါက ထိပ်ပြောင် သူများ ဆံပင် ပေါက်နှုန်းမြန်ဆန် လာသည်ကိုတွေ့ရကြောင်း ၊အီရတ်သုတေသီတို့ အကြံပြုထားပြီး ထို

အဆိုကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဌာန ( FDA ) ကထောက်ခံခဲ့ပါသည်။ထိုကြောင့် ကြက်သွန်နီနှင့်သံပုရာရည်ကိုရောစပ်လိမ်းလူး ပေးခြင်းဖြင့် ထိပ်ပြောင်သူများ ဆံပင်အမြန်ပြန် ပေါက်စေရေး နည်းလမ်းလေးရေးလိုက်ပါသည်။

ဆေးမှတ်စု