အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခတွေ အရှိန်အဟုန် ပြင်းထန်လာတဲ့အတွက် ကမ္ဘာ့ရွှေဈေးဟာ ဒီအပတ်မှာ သုံးပတ်မြောက် မြင့်တက်လာပြီး တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ဈေးတန်းအထက် ပြန် ရောက်လာပါတယ်
မနေ့က ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၂၀၀၉ ဒေါ်လာကျော်အထိ ရောက်ရှိလာတာကြောင့် မေလလယ်နောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။
အလားတူ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁၉၉၈.၅၀ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပြီး ဝ.၁ % မြင့်တက်ခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေးက ပြောခွင့်ရသူက ဂါဇာဒေသမှာ မြေပြင်သာမက ဝေဟင်စစ်ဆင်ရေးတွေကို အရှိန် မြှင့်တင်တော့မယ်လို့ ပြောဆိုအပြီးမှာ ကမ္ဘာ့ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုပမာဏ တဟုန်ထိုး မြင့်တက်သွားခဲ့ပါတယ်။
ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးဟာ ၈ % ဝန်းကျင် မြင့်တက်ခဲ့ပြီး အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ခဲ့တဲ့ ဒီလ ၇ ရက်နေ့နောက်ပိုင်း ရွှေဈေးက ဒေါ်လာ ၁၄၀ ကျော်အထိ ဆက်တိုက် မြင့်မားလာခဲ့ပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး ဆက်တိုက် တက်ပြီး တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက် ရောက်လာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ၇ သောင်းအထိ မြင့်တက်လာပါတယ်။
အရင်ရက်တွေက ပြည်တွင်းရွှေဈေးဟာ ကျပ် ၃၄ သိန်းခွဲပတ်လည်မှာပဲ အတက်အကျ ဖြစ်နေရာက အခု ကျပ် ၃၄ သိန်း ၇ သောင်းအထိ တက်လာတာ ဖြစ်ပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်