Knowledge

အေရျပားကို ၾကည္လင္သန႔္စင္ေစမယ့္ ဆန္ေဆးရည္….

အေရျပားကို ၾကည္လင္သန႔္စင္ေစမယ့္ ဆန္ေဆးရည္

အခုေခတ္မွာ အသားအေရကို ထိန္းသိမ္းဖို႔အတြက္ အလွကုန္ပစၥည္းမ်ိဳးစုံ ေျပာင္းလဲအသုံးျပဳလာၾကပါတယ္။ တစ္ခါတစ္ရံကိုယ္သုံးတဲ့ပစၥည္းေၾကာင့္ ကိုယ့္အသားအေရ ပ်က္စီးထိခိုက္တာမ်ိဳးကိုလည္း ၾကားဖူး၊ ႀကဳံဖူးၾကပါရဲ႕

ဘယ္လိုပဲမဆို အလွကုန္ပစၥည္းေတြအားလုံးက သဘာဝပစၥည္းေတြကို အေျခခံၿပီးထုတ္လုပ္တာမို႔ သဘာဝက ေျပးမလြတ္ပါဘူး။

ေရွးအခါက အမ်ိဳးသမီးေတြဆိုရင္ သဘာဝကိုပဲအားကိုးၿပီး အလွအပေတြကို ရယူၾကရတယ္။

အခုလည္း ေရွးေခတ္အာရွအမ်ိဳးသမီးေတြရဲ႕ အလွအပလွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ေတြ႕ရွိခဲ့ၾကပါၿပီ။ အဲ့ဒါဘာလဲဆိုရင္ေတာ့ ဆန္ေဆးရည္နဲ႔ အေရျပားသန႔္စင္ျခင္းပါပဲ။

ဆန္ေဆးရည္မွာ ဗီတာမင္ B1, C, E အျပင္ သတၱဳဓာတ္ေတြပါဝင္တာေၾကာင့္ ေခြၽးေပါက္က်ဥ္းေစၿပီး၊ အသားအေရကို တင္းရင္းေတာက္ပ ေခ်ာမြတ္လာေစပါတယ္။

အဲ့ဒီ့အျပင္ ဆန္ေဆးရည္က ေနေရာင္ျခည္ဒဏ္ကေန ကာကြယ္‌ေပးတယ္လို႔ေတာင္ သိလာရပါတယ္။

ဆန္ေဆးရည္လုပ္မယ္ဆိုလြယ္လြယ္ေလးပါ။ ဆန္ႏို႔ဆီခြက္ တစ္ဝက္ေလာက္ကို ဇလုံတစ္ခုထဲထည့္ၿပီး ေရေလာင္းထည့္ပါ။

၁၅မိနစ္ေလာက္စိမ္ထားလိုက္တဲ့အခါမွာေတာ့ ဆန္ထဲက ဗီတာမင္ဓာတ္ေတြနဲ႔ သတၱဳဓာတ္ေတြက ေရထဲစိမ့္ဝင္သြားၿပီမို႔ သဘာဝအေရျပားသန႔္စင္ေဆးရည္ကို လြယ္လြယ္နဲ႔ပဲ ရရွိသြားပါၿပီ။ ဆန္ေဆးရည္ကို စစ္ယူလိုက္ပါ။

အသုံးျပဳပုံကလည္း လြယ္လြယ္ေလးပါ။ ဆန္ေဆးရည္နဲ႔ မ်က္ႏွာကို ပက္ဖ်န္းေဆးလိုက္႐ုံနဲ႔ အသားအရည္ေလးကို ၾကည္ဝင္းၿပီး ႏူးညံ့လာေစမွာပါ။

လိုသေလာက္သုံၿပီးတာနဲ႔ ပိုလွ်ံတဲ့ဆန္ေဆးရည္ကို ေလလုံတဲ့ ပုလင္း(သို႔)ဘူးထဲထည့္ၿပီး အဖုံအလုံပိတ္ကာ ေရခဲေသတၱာထဲထည့္သုံးလို႔ရပါတယ္။ (၅)ရက္ထက္ေတာ့ပိုမသုံးပါနဲ႔။

မ်က္ႏွာသစ္တဲ့အခါတိုင္း ေရအစား ဆန္ေဆးရည္သုံးေပးလည္းရပါတယ္။

ဒီ့အျပင္ ဆံပင္ေပ်ာ့စင္းေစဖို႔အတြက္လည္း ဆန္ေဆးရည္ကို အသုံးျပဳၿပီးေခါင္းေလွ်ာ္လို႔ရပါေသးတယ္။

ဆန္ေဆးရည္ရဲ႕အာနိသင္က မနည္းတဲ့အျပင္ အိမ္မွာပဲလြယ္လြယ္ကူကူလုပ္လို႔ရတာမို႔ အိမ္တြင္းသဘာဝအသားၾကည္ေဆးရည္ကို ကိုယ္တိုင္အသုံးျပဳၿပီး လွပႏိုင္ၾကပါေစ။

Unicode
အရေပြားကို ကြည်လင်သန့်စင်စေမယ့် ဆန်ဆေးရည်

အခုခေတ်မှာ အသားအရေကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းမျိုးစုံ ပြောင်းလဲအသုံးပြုလာကြပါတယ်။ တစ်ခါတစ်ရံကိုယ်သုံးတဲ့ပစ္စည်းကြောင့် ကိုယ့်အသားအရေ ပျက်စီးထိခိုက်တာမျိုးကိုလည်း ကြားဖူး၊ ကြုံဖူးကြပါရဲ့။

ဘယ်လိုပဲမဆို အလှကုန်ပစ္စည်းတွေအားလုံးက သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်တာမို့ သဘာဝက ပြေးမလွတ်ပါဘူး။

ရှေးအခါက အမျိုးသမီးတွေဆိုရင် သဘာဝကိုပဲအားကိုးပြီး အလှအပတွေကို ရယူကြရတယ်။

အခုလည်း ရှေးခေတ်အာရှအမျိုးသမီးတွေရဲ့ အလှအပလျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့ကြပါပြီ။ အဲ့ဒါဘာလဲဆိုရင်တော့ ဆန်ဆေးရည်နဲ့ အရေပြားသန့်စင်ခြင်းပါပဲ။

ဆန်ဆေးရည်မှာ ဗီတာမင် B1, C, E အပြင် သတ္တုဓာတ်တွေပါဝင်တာကြောင့် ချွေးပေါက်ကျဉ်းစေပြီး၊ အသားအရေကို တင်းရင်းတောက်ပ ချောမွတ်လာစေပါတယ်။

အဲ့ဒီ့အပြင် ဆန်ဆေးရည်က နေရောင်ခြည်ဒဏ်ကနေ ကာကွယ်‌ပေးတယ်လို့တောင် သိလာရပါတယ်။

ဆန်ဆေးရည်လုပ်မယ်ဆိုလွယ်လွယ်လေးပါ။ ဆန်နို့ဆီခွက် တစ်ဝက်လောက်ကို ဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းထည့်ပါ။

၁၅မိနစ်လောက်စိမ်ထားလိုက်တဲ့အခါမှာတော့ ဆန်ထဲက ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေက ရေထဲစိမ့်ဝင်သွားပြီမို့ သဘာဝအရေပြားသန့်စင်ဆေးရည်ကို လွယ်လွယ်နဲ့ပဲ ရရှိသွားပါပြီ။ ဆန်ဆေးရည်ကို စစ်ယူလိုက်ပါ။

အသုံးပြုပုံကလည်း လွယ်လွယ်လေးပါ။ ဆန်ဆေးရည်နဲ့ မျက်နှာကို ပက်ဖျန်းဆေးလိုက်ရုံနဲ့ အသားအရည်လေးကို ကြည်ဝင်းပြီး နူးညံ့လာစေမှာပါ။

လိုသလောက်သုံပြီးတာနဲ့ ပိုလျှံတဲ့ဆန်ဆေးရည်ကို လေလုံတဲ့ ပုလင်း(သို့)ဘူးထဲထည့်ပြီး အဖုံအလုံပိတ်ကာ ရေခဲသေတ္တာထဲထည့်သုံးလို့ရပါတယ်။ (၅)ရက်ထက်တော့ပိုမသုံးပါနဲ့။

မျက်နှာသစ်တဲ့အခါတိုင်း ရေအစား ဆန်ဆေးရည်သုံးပေးလည်းရပါတယ်။

ဒီ့အပြင် ဆံပင်ပျော့စင်းစေဖို့အတွက်လည်း ဆန်ဆေးရည်ကို အသုံးပြုပြီးခေါင်းလျှော်လို့ရပါသေးတယ်။

ဆန်ဆေးရည်ရဲ့အာနိသင်က မနည်းတဲ့အပြင် အိမ်မှာပဲလွယ်လွယ်ကူကူလုပ်လို့ရတာမို့ အိမ်တွင်းသဘာဝအသားကြည်ဆေးရည်ကို ကိုယ်တိုင်အသုံးပြုပြီး လှပနိုင်ကြပါစေ။