News

ယနေ့ အင်္ဂါနေ့(၁၄.၁၁.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၁၄၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး

အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3330 – 3370
ဥရောပယူရို 3520 – 3590

ဗြိတိသျှစတာလင်ပေါင် 4000 – 4090
သြစတြေးလျဒေါ်လာ 2090 – 2140

ဂျပန်ယန်း 21.60 – 22.10

တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 39.30 – 40.20
စင်ကာပူဒေါ်လာ 2420 – 2460

မလေးရှားရင်းဂစ် 700 – 720
တရုတ်ယွမ် 450 – 460
ထိုင်းဘတ် 91.65 – 92.90

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3570,000 – 3590,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3370,000 ကျပ်ခန့် ရှိနေသည်

ကမ္ဘာ့ရွှေဈေး အကျမှ ပြန်ဦးမော့လာသဖြင့် နဂိုတည်းက တက်ရိပ်ရှိနေသော မြန်မာ့ရွှေလည်း ဈေးမြင့်လာသည်။ ယမန်နေ့ (တနင်္လာနေ့) က ရွှေဈေးသည် ကျပ် 35 သိန်းနှင့် စဖွင့်ပြီးနောက် ကျပ် 3535,000 ခန့်အထိ မြင့်တက်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3049,700 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1945 ဒေါ်လာခန့် ဖြစ်သည်။