ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး
အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3600 – 3650
ဥရောပယူရို 3840 – 3950
ဗြိတိသျှစတာလင်ပေါင် 4500 – 4650
သြစတြေးလျဒေါ်လာ 2310 – 2390
ဂျပန်ယန်း 24.20 – 24.90
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.75 – 44.10
စင်ကာပူဒေါ်လာ 2650 – 2700
မလေးရှားရင်းဂစ် 740 – 770
တရုတ်ယွမ် 480 – 510
ထိုင်းဘတ် 99.80 – 101.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3920,000 – 3940,000 ကျပ်ဝန်းကျင်နှင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 3945,000 – 3955,000 သို့ ဆက်လက် မြင့်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3725,000 ခန့် ရှိနေသည်။
ယမန်နေ့ (သောကြာနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3910,000 – 3920,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 3930,000 မှ 3938,000 အထိ ဆက်တိုက် မြင့်တက်ကာ ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3663,000 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2035 ဒေါ်လာခန့် ဖြစ်သည်။
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။