ဆီးချို၊ သွေးချို ၊သွေးတိုး၊သွေးပြစ် ရောဂါဝေဒနာအတွက် အစွမ်းထက်တဲ့ ဟင်းရည်
သွေးတိုး၊သွေးပြစ်၊ဆီးချို၊သွေးချိုအတွက်အမြဲသောက်သုံးသင့်သည့်ဆေးတော်ကြီး – ဟင်းရည် -၁။တကယ်ကိုဆေးစွမ်းထက်တဲ့ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ခေါ်ပါတယ်၊ ပါဝင်တဲ့ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီးနှစ်ဦးလို့ဆိုသင့်ပါတယ်။ကျွန်တော့်ဆရာတွေကတော့”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။
ကန်စွန်းရိုးနီကသွေးအပြစ်ပြုတာတွေရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့သွေးတွင်းပိတ်ဆို့တာကိုရှင်းပေးပြီးဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်းရင်းကိုအတိုချုပ်ရှင်းပြဖူးပါတယ်။ဆရာတွေပြောခဲ့သလိုတင်စားပြီးပြောပါ့မယ်။
ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကိုစားကောင်းသလိုချဉ်ရည်ဟင်းချက်ပြီးထမင်းမစားမီဆယ့်ငါးမိနစ်ခန့်ကြိုတင်ပြီးဟင်းရည်တစ်ပန်းကန်ကြိုသောက်ထားရင်ဝမ်းထဲမှာပြည့်တင်းနေတဲ့လေတွေ ပြိုကဲပြီးအစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်။
ထမင်းစားနေစဉ်နဲ့စားအပြီးမှာသောက်ရင် လည်းသွေးပြစ်သွေးတိုးခြင်းနဲ့ဆီးချိုသွေးချိုတက်ခြင်းကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေပါတယ်။ မှတ်ချက်။ သွေးပြစ်သွေးတိုး၊ဆီချိုသွေးချိုတက်ခြင်း၏အဓိကအကြောင်းရင်းတစ်ခုမှာအစာမကြေခြင်းဝမ်းချုပ်စမြင်းခံခြင်းများကြောင့်ဖြစ်လေ့ရှိပါသည်။
ဝမ်းချုပ်စမြင်းခံခြင်းကိုဖြစ်စေသည့်အစာစား နေစဉ်နှင့်စားပြီးပြီးခြင်းရိုးရိုးရေအေး၊ရေခဲရည် စသည်တို့ကိုလုံးဝမသောက်ပဲရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။အစားစားနေစဉ်ရေနွေးသင့်ရုံနှင့်ဟင်းရည်တဝသောက်၍ရပါသည်၊အစာစားပြီး ပါကအစာကြေစေရန်အညာထန်းလျက်အညို တစ်ခဲနှစ်ခဲကိုရေနွေးဖြင့်သောက်သုံးပေး ကြပါ။
ရေအေးကိုမူထမင်းစားပြီးတစ်နာရီကျော်မှသာနည်းနည်းခြင်းသာသောက်ပါရန်။ ၂။ဤသို့ဆင်ခြင်ညဏ်ရှေ့သွားစားသောက်နေ ထိုင်ပြီးဝိဇ္ဇာညီနောင်ဟင်းရည်ကိုမှီဝဲသောက်သုံးသွားပါကသွေးပြစ်၊သွေးတိုး၊ဆီးချိုသွေးချိုဝေဒနာများနှင့်
အဆစ်အမြစ်ကိုက်ခဲဝေဒနာများအတွက်ဆေးတိုးကာကျန်းမာလာနိုင်မည်ဖြစ်၍လယ်ကန်စွန်းရိုးနီကင်ပွန်းချဉ်ဆေးတော်ကြီးဟင်းရည်ခေါ်ဝိဇ္ဇာညီနောင်ဟင်းရည်ကိုသောက်သုံးသင့်ကြောင်းပါဗျာ။ကျန်းမာချမ်းသာကြပါစေ။
Zawgyi
ဆီးခ်ိဳ၊ ေသြးခ်ိဳ ၊ေသြးတိုး၊ေသြးျပစ္ ေရာဂါေဝဒနာအတြက္ အစြမ္းထက္တဲ့ ဟင္းရည္
ေသြးတိုး၊ေသြးျပစ္၊ဆီးခ်ိဳ၊ေသြးခ်ိဳအတြက္အၿမဲေသာက္သုံးသင့္သည့္ေဆးေတာ္ႀကီး – ဟင္းရည္ -၁။တကယ္ကိုေဆးစြမ္းထက္တဲ့ဟင္းရည္မလို႔ ေဆးေတာ္ႀကီးဟင္းရည္လို႔ေခၚပါတယ္၊ ပါဝင္တဲ့ေဆးအမယ္ေတြက လယ္ကန္စြန္း႐ိုးနီနဲ႔ ကင္ပြန္းခ်ဥ္႐ြက္ပဲျဖစ္ပါတယ္။ သူတို႔ကို သမားေတာ္ႀကီးႏွစ္ဦးလို႔ဆိုသင့္ပါတယ္။ကြၽန္ေတာ့္ဆရာေတြကေတာ့”ဝိဇၨာညီေနာင္”လို႔ တင္စားခဲ့ၾကပါတယ္။
ကန္စြန္း႐ိုးနီကေသြးအျပစ္ျပဳတာေတြရွင္းလင္းကုသေပးၿပီး ကင္ပြန္းခ်ဥ္ကေတာ့ေသြးတြင္းပိတ္ဆို႔တာကိုရွင္းေပးၿပီးဝမ္းကိုအက်ိဳးျပဳတယ္လို႔ အဓိကအေၾကာင္းရင္းကိုအတိုခ်ဳပ္ရွင္းျပဖူးပါတယ္။ဆရာေတြေျပာခဲ့သလိုတင္စားၿပီးေျပာပါ့မယ္။
ဒီေဆးဝိဇၨာညီေနာင္ဟင္းရည္ကိုစားေကာင္းသလိုခ်ဥ္ရည္ဟင္းခ်က္ၿပီးထမင္းမစားမီဆယ့္ငါးမိနစ္ခန႔္ႀကိဳတင္ၿပီးဟင္းရည္တစ္ပန္းကန္ႀကိဳေသာက္ထားရင္ဝမ္းထဲမွာျပည့္တင္းေနတဲ့ေလေတြ ၿပိဳကဲၿပီးအစာစားျခင္းစိတ္ကိုျဖစ္ေပၚေစပါတယ္။
ထမင္းစားေနစဥ္နဲ႔စားအၿပီးမွာေသာက္ရင္ လည္းေသြးျပစ္ေသြးတိုးျခင္းနဲ႔ဆီးခ်ိဳေသြးခ်ိဳတက္ျခင္းကင္းေဝးကာ စိတ္ၾကည္လန္းဆန္းေစပါတယ္။ မွတ္ခ်က္။ ေသြးျပစ္ေသြးတိုး၊ဆီခ်ိဳေသြးခ်ိဳတက္ျခင္း၏အဓိကအေၾကာင္းရင္းတစ္ခုမွာအစာမေၾကျခင္းဝမ္းခ်ဳပ္စျမင္းခံျခင္းမ်ားေၾကာင့္ျဖစ္ေလ့ရွိပါသည္။
ဝမ္းခ်ဳပ္စျမင္းခံျခင္းကိုျဖစ္ေစသည့္အစာစား ေနစဥ္ႏွင့္စားၿပီးၿပီးျခင္း႐ိုး႐ိုးေရေအး၊ေရခဲရည္ စသည္တို႔ကိုလုံးဝမေသာက္ပဲေရွာင္ၾကဥ္ၾကပါရန္ အႀကံျပဳပါ၏။အစားစားေနစဥ္ေရေႏြးသင့္႐ုံႏွင့္ဟင္းရည္တဝေသာက္၍ရပါသည္၊အစာစားၿပီး ပါကအစာေၾကေစရန္အညာထန္းလ်က္အညိဳ တစ္ခဲႏွစ္ခဲကိုေရေႏြးျဖင့္ေသာက္သုံးေပး ၾကပါ။
ေရေအးကိုမူထမင္းစားၿပီးတစ္နာရီေက်ာ္မွသာနည္းနည္းျခင္းသာေသာက္ပါရန္။ ၂။ဤသို႔ဆင္ျခင္ညဏ္ေရွ႕သြားစားေသာက္ေန ထိုင္ၿပီးဝိဇၨာညီေနာင္ဟင္းရည္ကိုမွီဝဲေသာက္သုံးသြားပါကေသြးျပစ္၊ေသြးတိုး၊ဆီးခ်ိဳေသြးခ်ိဳေဝဒနာမ်ားႏွင့္
အဆစ္အျမစ္ကိုက္ခဲေဝဒနာမ်ားအတြက္ေဆးတိုးကာက်န္းမာလာႏိုင္မည္ျဖစ္၍လယ္ကန္စြန္း႐ိုးနီကင္ပြန္းခ်ဥ္ေဆးေတာ္ႀကီးဟင္းရည္ေခၚဝိဇၨာညီေနာင္ဟင္းရည္ကိုေသာက္သုံးသင့္ေၾကာင္းပါဗ်ာ။က်န္းမာခ်မ္းသာၾကပါေစ။Knowledge