News

ကမ္ဘာ့ရွှေဈေး၊ မြန်မာ့ရွှေဈေးတွေ အမြင့်တန်းမှာ တည်ရှိ…

ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမူဝါဒအပေါ် လွှမ်းမိုးနိုင်တဲ့ အလုပ်အကိုင်ဈေးကွက် အစီရင်ခံစာကို စောင့်မျှော်နေစဉ်အတွင်း

ဒေါ်လာတန်ဖိုး ကျပြီး ကမ္ဘာ့ရွှေဈေးက အမြင့်မှာ တည်ရှိနေပါတယ်။

ဒီနေ့ လက်ရှိ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၃၃ ဒေါ်လာကျော် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ကလည်း ၂၀၅၀.၆၀ ဒေါ်လာနဲ့ ဈေးမြင့်လာပါတယ်။

(Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)

တချိန်တည်းမှာ ထိပ်တန်းငွေကြေးတွေနဲ့ ဖလှယ်ရာမှာ တိုင်းတာတဲ့ ဒေါ်လာညွှန်းကိန်းက ဝ.၃ % ကျနေပြီး ငွေတိုက်စာချုပ်တန်ဖိုးတွေကလည်း သုံးလအတွင်း အနိမ့်ဆုံးနားမှာ ရောက်နေပါတယ်။

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀၀၀ အထက်မှာ ဆက်လက် ရပ်တည်နေစဉ်အတွင်း မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ၃၇ သိန်းခွဲပတ်လည်မှာ အခိုင်အမာ တည်ရှိနေပါတယ်။

မကြာသေးခင်က ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်း ဖြေလျှော့မှုကြောင့် ပြင်ပငွေလဲဈေးကွက်မှာ ဒေါ်လာကို ဝယ်လိုအား များလာပြီး ဒေါ်လာဈေးအတက်မှာ ပြည်တွင်းရွှေဈေးလည်း မြင့်လာတယ်လို့ သုံးသပ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ အကယ်ဒမီ မီးလင်းရွှေဈေးက တစ်ကျပ်သားကို ၃၇၅၅,၀၀၀ ခန့် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးကတော့ ၃၅၄၀,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ရင္းႏွီးျမႇဳပ္ႏွံသူေတြက အေမရိကန္ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္းမူဝါဒအေပၚ လႊမ္းမိုးႏိုင္တဲ့ အလုပ္အကိုင္ေဈးကြက္ အစီရင္ခံစာကို ေစာင့္ေမွ်ာ္ေနစဥ္အတြင္း

ေဒၚလာတန္ဖိုး က်ၿပီး ကမာၻ႔ေ႐ႊေဈးက အျမင့္မွာ တည္ရွိေနပါတယ္။

ဒီေန႔ လက္ရွိ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ၂၀၃၃ ေဒၚလာေက်ာ္ ရွိေနၿပီး အေမရိကန္ေ႐ႊႀကိဳပြိဳင့္ကလည္း ၂၀၅၀.၆၀ ေဒၚလာနဲ႔ ေဈးျမင့္လာပါတယ္။

(Current Content က တင္ျပတဲ့သတင္း ျဖစ္ပါတယ္)

တခ်ိန္တည္းမွာ ထိပ္တန္းေငြေၾကးေတြနဲ႔ ဖလွယ္ရာမွာ တိုင္းတာတဲ့ ေဒၚလာၫႊန္းကိန္းက ဝ.၃ % က်ေနၿပီး ေငြတိုက္စာခ်ဳပ္တန္ဖိုးေတြကလည္း သုံးလအတြင္း အနိမ့္ဆုံးနားမွာ ေရာက္ေနပါတယ္။

ကမာၻ႔ေ႐ႊေဈး ေဒၚလာ ၂၀၀၀ အထက္မွာ ဆက္လက္ ရပ္တည္ေနစဥ္အတြင္း ျမန္မာျပည္တြင္းေ႐ႊေဈးကလည္း တစ္က်ပ္သားကို ၃၇ သိန္းခြဲပတ္လည္မွာ အခိုင္အမာ တည္ရွိေနပါတယ္။

မၾကာေသးခင္က ဗဟိုဘဏ္ရဲ႕ ေငြလဲႏႈန္း ေျဖေလွ်ာ့မႈေၾကာင့္ ျပင္ပေငြလဲေဈးကြက္မွာ ေဒၚလာကို ဝယ္လိုအား မ်ားလာၿပီး ေဒၚလာေဈးအတက္မွာ ျပည္တြင္းေ႐ႊေဈးလည္း ျမင့္လာတယ္လို႔ သုံးသပ္ပါတယ္။

ဒီေန႔ ဒီဇင္ဘာ ၇ ရက္မွာ အကယ္ဒမီ မီးလင္းေ႐ႊေဈးက တစ္က်ပ္သားကို ၃၇၅၅,၀၀၀ ခန႔္ ရွိေနၿပီး ၁၅ ပဲရည္ ေ႐ႊေဈးကေတာ့ ၃၅၄၀,၀၀၀ ဝန္းက်င္ ရွိေနတယ္လို႔ သိရပါတယ္။