ဒီဇင်ဘာ ၉၊ ၂၀၂၃ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့်
ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 3490 – 3570
ဥရောပယူရို 3690 – 3770
ဗြိတိသျှစတာလင်ပေါင် 4340 – 4430
သြစတြေးလျဒေါ်လာ 2220 – 2270
ဂျပန်ယန်း 23.40 – 23.90
တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.50 – 41.70
စင်ကာပူဒေါ်လာ 2520 – 2590
မလေးရှားရင်းဂစ် 730 – 760
တရုတ်ယွမ် 465 – 485
ထိုင်းဘတ် 95.70 – 97.90
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3690,000 – 3700,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3490,000 ကျပ်ခန့် ရှိနေသည်။
ယမန်နေ့က ရွှေဈေးနှုန်းသည် အမျိုးမျိုး ကွဲပြားနေခဲ့ပြီး ဈေးအဖွင့်တွင် ကျပ် 3755,000 ဝန်းကျင် ရှိခဲ့ရာမှ နောက်ပိုင်းတွင် ကျပ် 3700,000 နှင့် 3730,000 ပတ်လည်တွင် ဈေးအမျိုးမျိုး ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3527,000 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2004 ဒေါ်လာခန့် ဖြစ်သည်။
YGEA က ဖော်ပြလာသော ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် သိသာစွာ မြင့်လာပြီး ယခင်က ကျပ် 32 သိန်းဝန်းကျင်သာ ရှိရာမှ ယခု 35 သိန်းအပေါ် ရောက်လာသည်။