Knowledge

ခရမ်းသီးကိုတပိုင်တနိုင် အိုးလေးနဲ့စီးပွားဖြစ် စိုက်ပျိုးနိုင်သည့်နည်းလမ်းများ

ခရမ်းသီးကိုတပိုင်တနိုင် အိုးလေးနဲ့စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်နည်းလမ်းများ

ခရမ်းပင်အသီးကောင်းအောင် ပြုစုစိုက်ပျိုးနည်ခရမ်းပင်စိုက်ပျိုးရန် မြေကောင်းရန်လိုပါသည်။

မြေဩဇာကောင်းရမည်သဲနှုန်းမြေဖြစ်လျှင် ကောင်းသည်ခရမ်းပင်ဟာအဟာရဓာတ်များများစားတဲ့သီးနှံဖြစ်ပါတယ်။

မြေဩဇာတွေမှာအထူးသဖြင့် အပင်ကြီးထွားသန်တဲ့နိုက်ထရိုဂျင်မျာများပါတဲ့

ဓာတ်မြေဩဇာတွေကျွေးပြီးပွင့်သီးတဲ့ ဖော့စဖိတ်နဲ့အဓိကဖြစ်တဲ့ပိုတက်စီယမ်တွေမကျွေးရင်အပင်ကဟုန်ပြီးကြီးမယ်အပွင့်အသီးနည်းမယ်ယူရီးယားကစိုက်ချိန်မှာ-

၅၀ကီလိုတစ်အိပ်ထည့်သလိုစိုက်ပြီးတစ်လ နှစ်လကြာရင်တစ်အိပ်ထပ်ထည့်ရမယ်တီစူပါနဲ့ပိုတက်စီယမ်က မြေပြင်တုန်း နှစ်အိပ်ထည့်ရမယ်စိုက်ရာမှာစိုက်ဘောင်နဲ့တန်းကြား၃ ပေပင်ကြား၂ ပေကိုယ်စိုက်မယ့်ခရမ်းမျိုး

လိုက်ပြီးစိုက်ပါသိသိသာသာအေးတဲ့ရာသီ၁၃Cထက်နည်းရင်ဖြစ်စေ၊ညအပူချိန် ၂၁C အောက်ရောက်ရင်ဖြစ်စေအသီးမတင်နိုင်ပါအသင့်တော်ဆုံးက၂၁မှ၂၈C ဖြစ်ပါတယ်။ကျော်ရင် အသီးဖြစ်မှုနည်းတယ်အပင်နဲ့ကိုင်းတွေများပြီး

အသီးမသီးရင်ကိုင်းတွေဖြတ်တောက်ပြီး ပေါင်းရှင်း၊ မြေဆွ၊ မြေကြီးအစိုဓာတ်ရအောင် တစ်ပတ်တစ်ကြိမ်ရေဖျန်းပေးရပါမယ်။အပင်ရွှေ့စိုက်ချိန်အပင်ငယ်ဘဝအပူဒဏ်ခံရရင်အပင်ကြီးမှုအသီးအရှိန်ကျသွား

နိုင်တယ်စိုက်တာကိုညနေရွှေ့စိုက်ရတာအပင်ငယ်စဉ်ပူပြင်းမှုများရင် နေဒဏ်ကာပေးရတယ်အမြစ်စွဲအပင်လန်းချိန်မှအရိပ်ဖယ်ပေးရတယ် ခေါင်ညွှန့်ထိုးပိုးနဲ့ပင်ညှိုးရောဂါကျရင်လဲအသီးနည်းသွားမယ်စိုက်ပြီး၁၅ရက်

လောက်မှာ ပေါင်းရှင်း မြေဆွ၊အစိုဓာတ်ရှိအောင်လုပ်ပြီးပုလဲဓာတ်မြေဩဇာဟက်းစားဇွန်းတစ်ဇွန်းလောက်တစ်ပင်ထည့်ပါအပင်နဲ့တစ်ထွာခွါပြီးအပင်ပတ်လည်ထည့်ပါအကိုင်းတွေ ထောင်မထွက်ပဲခွထွက်အောင်ထိပ်ညွှန့်တွေ

ချိုးဖြတ်ပေးပါပန်းပွင့်ချိန် မြေဆွ မြေဩဇာထပ်ကျွေး၊တစ်ပင်တစ်ဇွန်းပဲပဲဖတ်၊ နှမ်းဖတ်ရေ လောင်းထည့်ရတယ်တစ်ပင်ကိုနို့ဆီဗူးတစ်ဝက်ပဲအသီးကင်းတွေကိုအသီးစထွက်ချိန်မှာ ခေါင်ညွှန့်ထိုးပိုးနဲ့သီးလုံးဖောက်ပိုးကျမယ်။

အသီးကင်းလေးတွေအိပ်စွတ်ပေးရင်ရတယ်တေကိုင်းတွေအညွန့်တွေဖြတ်ပြီးရင်မြေဩဇာတော့ ကျွေးရပါမယ်မြေဩဇာကျွေးရင် ရေလဲ နည်းနည်းစိုအောင်ပေးရမယ်အပင်က ကျွေးလိုက်တဲ့ မြေဩဇာကို အရည်ပျော်မှစားနိုင်တာဖြစ်ပါတယ်သဘာဝမြေဆွေး နောက်ချေးရောထည့်ပါ မြေသန်ရင် ဖော့စဖိတ်နဲ့ပိုတက်စီယမ်တော့ထည့်ရပါမယ်။#knowledge