နိုဝင်ဘာ လ က သိန်း(၁၅၀၀၀)ပေါက်သွား ခဲ့ တဲ့ အဘွား ကပြန်လည်မျှဝေပေးလို က်တဲ့ ထီပေါက်စေတဲ့ဂါထာတော်
အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာကို ထီပေါက်တဲ့အဖွားပေးခဲ့တဲ့ မင်္ဂလာပါသူဌေးမင်း ထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါတယ်။
အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်း တစ်စောင်မှာဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာဖြစ်ပါတယ်။
ဂါထာ ရဲ့ အဓိပ္ပါယ် အတိုချုပ်ကဗုဒ္ဓမြတ်စွာ ဘုရား ရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည် ပထမစာရေးတံမဲကို အမြဲတမ်းပေါက်ခဲ့၏။
ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်းဟု ဆိုထားပါတယ်’
ရှေးဟောင်း ပေစာတစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်း ထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
အခု ဂါထာကို မိတ်ဆွေတွေ အတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက် ရပါတယ်။
ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ ကိုးကွယ်ရာဘာသာရဲ့သီလကို ဆောက်တည်ရပါ လိမ့်မယ်။
ဂါထာ မန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှု အစွမ်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့ အပေါ်မှာ မူတည်ပြီး အစွမ်း ထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။
ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။ လိုက်နာရမယ့် ၃ ချက်က-
၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာ ဖြစ်ပါတယ်။
၂။ ပုတီးမစိပ်မှီမှာ မြတ်စွာဘုရားသခင် ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ၃။ နောက်ဆုံး အချက်ကတော့ ဒီဂါထာ ကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ်ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။
အဖိုးထိုက်တန်သော ထီပေါက်ဂါထာ
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍ ဓာနောဧတေနသ စ္စ ဝဇ္ဆေ ဧဝံမေဟောတု”
ရှားပါးပြီ အဖိုးမဖြတ် နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ။
အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူး နိုင်ကြပါစေ သိန်းဆုတွေ ပေါက်ကြပါစေ ။ အမျိုးတစ်ယောက် ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆု အမှန် တကယ် ပေါက်သွားတာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ်။
Writer-Jeep too lay