ဒီဇင်ဘာ ၁၂၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3490 – 3550
ဥရောပယူရို 3670 – 3760
ဗြိတိသျှစတာလင်ပေါင် 4270 – 4400
သြစတြေးလျဒေါ်လာ 2220 – 2290
ဂျပန်ယန်း 23.40 – 23.90
တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.80 – 41.90
စင်ကာပူဒေါ်လာ 2540 – 2600
မလေးရှားရင်းဂစ် 725 – 750
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 96.10 – 97.80
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3695,000 – 3700,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3490,000 ကျပ်ခန့် ရှိနေသည်။
ယမန်နေ့က ကမ္ဘာ့ရွှေဈေး ဒေါ်လာ 2000 အောက် စတင် ကျဆင်းခဲ့သည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းလည်း တစ်ကျပ်သားလျှင် ကျပ် 3680,000 – 3690,000 သို့ ကျခဲ့ပြီး ဈေးပိတ်ချိန်တွင် 3705,000 ကျပ် ရှိခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3546,500 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1985 ဒေါ်လာခန့် ဖြစ်သည်။
YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် ဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသဖြင့် ကျပ် 35 သိန်းအပေါ် ရောက်လာသည်။