မေတာ္တဆ ဖုန္းေရထဲ က်သြားတဲ့အခါ၊ ဖုန္းေရစိုသြား တဲ့အခါ ကြၽန္ေတာ္တို႔အမ်ားစု ဒီျပႆနာကိုေျဖရွင္းတဲ့နည္းက ဆန္ထဲ ထည့္ထားလိုက္ၾကတာပါပဲ။ဒီနည္းလမ္းကို ကြၽန္ေတာ္တို႔စြဲၿမဲစြာ
မွတ္သားထားၾကတာပါ၊ တကယ္ေတာ့ ဒီနည္းက အသုံးမဝင္ပါဘူး။သင့္ဖုန္းကို ေနာက္ထပ္ပ်က္စီးမႈေတြ ျဖစ္ေစႏိုင္ပါတယ္။ဖုန္းေရစိုတာကို ေျခာက္သြားဖို႔အတြက္ ဆန္အိုးထဲ၊ ဆန္ထဲထည့္ၿပီး
ေျဖရွင္းတဲ့နည္းက ယုံတမ္း စကားျဖစ္ပါတယ္။ ဆန္က သင့္ဖုန္းမွာရွိေန တဲ့ေရေတြကို ျမန္ျမန္ ဆန္ဆန္ေျခာက္သြား ဖို႔အတြက္ စုပ္ယူမေပးႏိုင္ ပါဘူး။ဆန္က အမႈန႔္အမႊားေတြက ဖုန္းထဲစိမ့္ဝင္ၿပီး
ဖုန္းရဲ႕အတြင္းထဲက အစိတ္အပိုင္းေတြကိုလည္း ပ်က္စီးသြားေစႏိုင္ ပါတယ္။
ဖုန္းေရစိုတာ ေျခာက္သြားဖို ႔အတြက္ အျခားသူေတြ မထိႏိုင္တဲ့ေနရာမွာ တင္ ထားၿပီး
သဘာဝေလနဲံ ေျခာက္သြားေအာင္ထား လိုက္တာက အထိေရာက္ ဆုံးနည္းပါပဲ။သဘာဝေလနဲ႔ ျမန္ျမန္ဆန္ဆန္ ေျခာက္သြား ပါလိမ့္မယ္၊ဖုန္းေရစိုသြားရင္ ဆန္ထဲမထည့္ဘဲေနာက္ထပ္
ဘယ္လိုလုပ္ရမလဲဆိုတာ မွ်ေဝေပးလိုက္ရပါတယ္။သင့္ဖုန္းကို ခ်က္ခ်င္းပဲ Power ပိတ္ထားလိုက္ပါ ။
ဖုန္းေရစိုသြားတဲ့အခါ ဖုန္းရဲ႕လွ်ပ္စီးပတ္လမ္းကို မပ်က္စီးသြားဖို႔အတြက္ ခ်က္ခ်င္း ဖုန္းPower ကို ပိတ္လိုက္ပါ။
လွ်ပ္စစ္ပတ္ လမ္းကို ေရစိုသြားမယ္ဆိုရင္ မေကာင္းႏိုင္ ပါဘူး။ဒါေပမဲ့ Power ပိတ္ထားတဲ့ လွ်ပ္စီးပတ္လမ္းေရ စိုသြားတာက ဖုန္းဖြင့္ထားၿပီး ေရစိုသြား တာထက္မ်ားမ်ားစားစားမပ်က္ စီးႏိုင္ပါဘူး။
ဖုန္း Power ကို ျမန္ျမန္ပိတ္ႏိုင္ေလ ဖုန္းရဲ႕ လွ်ပ္စီးပတ္လမ္း ပ်က္စီးႏိုင္မယ့္အခြင့္အေရး နည္းသြားေလေလပါပဲ။ ဒါေၾကာင့္ ဖုန္းPower ပိတ္ဖို႔က အေရးႀကီးဆုံး အဆင့္ဆိုတာ မွတ္ထားသင့္ပါတယ္။
ဖုန္းကို တစ္ရႈးနဲ႔ အရင္ဆုံးသုတ္လိုက္ပါ။ ဖုန္း Power ပိတ္ၿပီးသြားရင္ အရင္ဆုံး တစ္ရႈးနဲ႔ သင့္ဖုန္းကို ေျခာက္သြားဖို႔ သုတ္လိုက္ပါ။သုတ္တဲ့အခါ ေရေတြကို ဖုန္းထဲအထိ ဝင္သြားေအာင္ တြန္းပို႔သလို မျဖစ္ဖို႔အတြက္
ျဖည္းျဖည္း သာသာေလး ဂ႐ုတစိုက္နဲ႔ သုတ္ေပးဖို႔ေတာ့ လိုပါတယ္။ဖယ္ရွားလို႔ရတဲ့အစိတ္အပိုင္းေတြကိုျဖဳတ္ ထားလိုက္ပါ – Sim Card၊ ဘတ္တၱရီလိုဖုန္းရဲ႕ဖယ္ရွားထားလို႔ရတဲ့အစိတ္
အပိုင္းေတြကို ျဖတ္ထားဖို႔လည္း အေရးႀကီးပါတယ္။အားသြင္းတဲ့အေပါက္ထဲကို တစ္ရႈး၊ အဝတ္စေတြထည့္ၿပီး ေရမသုတ္ပါနဲ႔အားသြင္းေပါက္ကိုေရေျခာက္သြားဖို႔အတြက္ ဘယ္လိုအရာမ်ိဳးနဲ႔မွ
ထည့္ၿပီးမသုတ္ဖို႔လည္း အေရးႀကီးပါတယ္။ေရထဲ အားသြင္းေပါက္ကေန ဝင္မသြားဖို႔အတြက္ ဖုန္းကို မလႈပ္ပါနဲ႔၊ ဘယ္ခလုတ္မွာလည္း မႏွိပ္ပါနဲ႔ေနာ္။ေျခာက္ေသြ႕တဲ့ မ်က္ႏွာသုတ္ပုဝါေပၚတင္ထားၿပီး အေျခာက္ခံလိုက္ပါ။
အထက္မွာေျပာ ထားတဲ့ အဆင့္အတိုင္းလုပ္ၿပီးသြားတဲ့ေနာက္မွာသင့္ဖုန္းကို ေျခာက္ေသြ႕တဲ့ မ်က္ႏွာသုတ္ပုဝါေပၚမွာ ထားၿပီး သဘာဝေလနဲ႔ပဲ
အေျခာက္ခံ ထားလိုက္ပါ ။ေရေျခာက္မသြားခင္ဖုန္းPowerကိုမဖြင့္လိုက္ပါနဲ႔။(၂၄) နာရီကေန(၃၆ )နာရီ အထိ ေစာင့္ဆိုင္းဖို႔ လိုပါ တယ္ ။
ဖုန္းေရစိုသြားလို ႔အခုမွ်ေဝထားတဲ့ အတိုင္း မလုပ္ရဲ ဘူး၊ မလုပ္တတ္ဘူး ဆိုရင္ေတာ့ဖုန္းPowerကိုခ်က္ခ်င္း ပိတ္ပစ္ၿပီး ကြၽမ္းက်င္တဲ့ ဖုန္းျပင္ဆရာနဲ႔ ျပၾကည့္ တာအေကာင္းဆုံးပါပဲ။
unicode
မတော်တဆ ဖုန်းရေထဲ ကျသွားတဲ့အခါ၊ ဖုန်းရေစိုသွား တဲ့အခါ ကျွန်တော်တို့အများစု ဒီပြဿနာကိုဖြေရှင်းတဲ့နည်းက ဆန်ထဲ ထည့်ထားလိုက်ကြတာပါပဲ။ဒီနည်းလမ်းကို ကျွန်တော်တို့စွဲမြဲစွာ
မှတ်သားထားကြတာပါ၊ တကယ်တော့ ဒီနည်းက အသုံးမဝင်ပါဘူး။သင့်ဖုန်းကို နောက်ထပ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ဖုန်းရေစိုတာကို ခြောက်သွားဖို့အတွက် ဆန်အိုးထဲ၊ ဆန်ထဲထည့်ပြီး
ဖြေရှင်းတဲ့နည်းက ယုံတမ်း စကားဖြစ်ပါတယ်။ ဆန်က သင့်ဖုန်းမှာရှိနေ တဲ့ရေတွေကို မြန်မြန် ဆန်ဆန်ခြောက်သွား ဖို့အတွက် စုပ်ယူမပေးနိုင် ပါဘူး။ဆန်က အမှုန့်အမွှားတွေက ဖုန်းထဲစိမ့်ဝင်ပြီး
ဖုန်းရဲ့အတွင်းထဲက အစိတ်အပိုင်းတွေကိုလည်း ပျက်စီးသွားစေနိုင် ပါတယ်။
ဖုန်းရေစိုတာ ခြောက်သွားဖို့အတွက် အခြားသူတွေ မထိနိုင်တဲ့နေရာမှာ တင် ထားပြီး
သဘာဝလေနဲံ ခြောက်သွားအောင်ထား လိုက်တာက အထိရောက် ဆုံးနည်းပါပဲ။သဘာဝလေနဲ့ မြန်မြန်ဆန်ဆန် ခြောက်သွား ပါလိမ့်မယ်၊ဖုန်းရေစိုသွားရင် ဆန်ထဲမထည့်ဘဲနောက်ထပ်
ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။သင့်ဖုန်းကို ချက်ချင်းပဲ Power ပိတ်ထားလိုက်ပါ ။
ဖုန်းရေစိုသွားတဲ့အခါ ဖုန်းရဲ့လျှပ်စီးပတ်လမ်းကို မပျက်စီးသွားဖို့အတွက် ချက်ချင်း ဖုန်းPower ကို ပိတ်လိုက်ပါ။
လျှပ်စစ်ပတ် လမ်းကို ရေစိုသွားမယ်ဆိုရင် မကောင်းနိုင် ပါဘူး။ဒါပေမဲ့ Power ပိတ်ထားတဲ့ လျှပ်စီးပတ်လမ်းရေ စိုသွားတာက ဖုန်းဖွင့်ထားပြီး ရေစိုသွား တာထက်များများစားစားမပျက် စီးနိုင်ပါဘူး။
ဖုန်း Power ကို မြန်မြန်ပိတ်နိုင်လေ ဖုန်းရဲ့ လျှပ်စီးပတ်လမ်း ပျက်စီးနိုင်မယ့်အခွင့်အရေး နည်းသွားလေလေပါပဲ။ ဒါကြောင့် ဖုန်းPower ပိတ်ဖို့က အရေးကြီးဆုံး အဆင့်ဆိုတာ မှတ်ထားသင့်ပါတယ်။
ဖုန်းကို တစ်ရှုးနဲ့ အရင်ဆုံးသုတ်လိုက်ပါ။ ဖုန်း Power ပိတ်ပြီးသွားရင် အရင်ဆုံး တစ်ရှုးနဲ့ သင့်ဖုန်းကို ခြောက်သွားဖို့ သုတ်လိုက်ပါ။သုတ်တဲ့အခါ ရေတွေကို ဖုန်းထဲအထိ ဝင်သွားအောင် တွန်းပို့သလို မဖြစ်ဖို့အတွက်
ဖြည်းဖြည်း သာသာလေး ဂရုတစိုက်နဲ့ သုတ်ပေးဖို့တော့ လိုပါတယ်။ဖယ်ရှားလို့ရတဲ့အစိတ်အပိုင်းတွေကိုဖြုတ် ထားလိုက်ပါ – Sim Card၊ ဘတ်တ္တရီလိုဖုန်းရဲ့ဖယ်ရှားထားလို့ရတဲ့အစိတ်
အပိုင်းတွေကို ဖြတ်ထားဖို့လည်း အရေးကြီးပါတယ်။အားသွင်းတဲ့အပေါက်ထဲကို တစ်ရှုး၊ အဝတ်စတွေထည့်ပြီး ရေမသုတ်ပါနဲ့အားသွင်းပေါက်ကိုရေခြောက်သွားဖို့အတွက် ဘယ်လိုအရာမျိုးနဲ့မှ
ထည့်ပြီးမသုတ်ဖို့လည်း အရေးကြီးပါတယ်။ရေထဲ အားသွင်းပေါက်ကနေ ဝင်မသွားဖို့အတွက် ဖုန်းကို မလှုပ်ပါနဲ့၊ ဘယ်ခလုတ်မှာလည်း မနှိပ်ပါနဲ့နော်။ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်တင်ထားပြီး အခြောက်ခံလိုက်ပါ။
အထက်မှာပြော ထားတဲ့ အဆင့်အတိုင်းလုပ်ပြီးသွားတဲ့နောက်မှာသင့်ဖုန်းကို ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်မှာ ထားပြီး သဘာဝလေနဲ့ပဲ
အခြောက်ခံ ထားလိုက်ပါ ။ရေခြောက်မသွားခင်ဖုန်းPowerကိုမဖွင့်လိုက်ပါနဲ့။(၂၄) နာရီကနေ(၃၆ )နာရီ အထိ စောင့်ဆိုင်းဖို့ လိုပါ တယ် ။
ဖုန်းရေစိုသွားလို့အခုမျှဝေထားတဲ့ အတိုင်း မလုပ်ရဲ ဘူး၊ မလုပ်တတ်ဘူး ဆိုရင်တော့ဖုန်းPowerကိုချက်ချင်း ပိတ်ပစ်ပြီး ကျွမ်းကျင်တဲ့ ဖုန်းပြင်ဆရာနဲ့ ပြကြည့် တာအကောင်းဆုံးပါပဲ။



