Knowledge

ဆံပင္ေျဖာင့္စက္သံုးတဲ့အခါ သိထားသင့္တဲ့ အခ်က္ (၆) ခ်က္

ဆိုင္မွာ ေခါင္းေလွ်ာ္ၿပီး ပံုသြင္းတာနဲ႔ အိမ္မွာကိုယ့္ဘာသာကိုယ္ ေျဖာင့္စက္နဲ႔ ဆြဲတဲ့အခါ ဘာလို႔မတူတာလဲ၊

အိမ္မွာဆို ဘာေၾကာင့္ အဆင္မေျပျဖစ္ရတာလဲ ဆိုၿပီး ေတြးမိတဲ့သူေတြအတြက္ ကိုယ့္ဘာသာကိုယ္ ဆံပင္ေျဖာင့္စက္သံုးၿပီး

ဆံပင္ေျဖာင့္တဲ့အခါ ျပင္ဆင္ရမယ့္ အမွားေလးေတြကို ေထာက္ျပေပးခ်င္ပါတယ္။

၁။ေျဖာင့္စက္မဆြဲခင္ ဆံသားကို အပူခံႏိုင္ေအာင္ အပူခံစပေရးဖ်န္းေပးပါ။

ဒီအဆင့္က လြန္စြာကို အေရးႀကီးပါတယ္။ ဆံပင္သား မပ်က္စီးဖုိ႔အတြက္ ကာကြယ္ရာ ေရာက္တာမို႔လုိ႔ပါ။

ေခါင္းေလွ်ာ္ၿပီး သန္႔ရွင္းေနတဲ့ ဆံပင္မ်ိဳးကို စေပေရးဖ်န္းၿပီး စက္ဆြဲတာဟာ အသင့္ေတာ္ဆံုးပါပဲ။

၂။အပူခ်ိန္ အနိမ့္ဆံုးအဆင့္ထားၿပီး စက္ဆြဲျခင္းဟာ ဆံပင္သားကို မထိေစဘူး၊ မပ်က္ေစဘူးဆိုတာဟာ မွားတဲ့အယူအဆပါ။

စဥ္းစားရမယ့္အခ်က္က ကိုယ့္ဆံပင္က နည္းတယ္၊ ပါးတယ္ဆုိရင္ အပူခ်ိန္နိမ့္နိမ့္သံုးၿပီး စက္ဆြဲလိုက္တာ ကိစၥမရွိေပမယ့္

ကိုယ့္ဆံပင္က ထူတယ္ဆုိရင္ေတာ့ အပူခ်ိန္ျမင့္ျမင့္နဲ႔ တန္းၿပီးစက္ဆြဲတာ ေကာင္းပါတယ္။

တစ္ခ်က္တည္းနဲ႔ ေျဖာင့္စင္းသြားမယ့္ကိစၥမ်ိဳးကို ဘာ့ေၾကာင့္ အပူခ်ိန္အနိမ့္သံုးၿပီး ဆံသားကိုု ႏွစ္ခါဒုကၡေပးမွာလဲေနာ္။

၃။ဆံပင္ေျဖာင့္ရင္ ေျဖာင့္စက္ကို ေအာက္ဘက္ဖိဆြဲခ်တာမ်ိဳးကို ေရွာင္ပါ။

ဒီနည္းသံုးၿပီး စက္ဆြဲရင္ သင့္ဆံပင္ႀကီးက ျပားျပားကပ္ကပ္ႀကီး ျဖစ္ေနမွာပါ။ အဲ့ဒီနည္းအစား ဆံပင္ရင္းနားကစ၊

စက္ဆြဲၿပီး အေပၚဘက္ကို လွန္ဆြဲသြားလို္က္ပါ။ ေအာက္ကိုဖိခ်ဆြဲမသြားပါနဲ႔။

၄။စက္မဆြဲခင္ ဆံပင္ကို ဘရက္ရွပ္သံုးၿပီး အရင္ဆံုး ရွင္းဖို႔လိုပါတယ္။

ရႈပ္ေထြးေနတဲ့ ဆံပင္ေတြကို မရွင္းပဲ တန္းၿပီး ေျဖာင့္စက္နဲ႔ဆဲြတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဒါဟာ ဆံပင္သားကို ပ်က္စီးေစပါတယ္။

ဆံပင္ကို ဘရက္ရွ္နဲ႔ အရင္ရွင္းၿပီးမွ က်န္တာဆက္လုပ္ပါ။

၅။စက္ဆြဲၿပီးၿပီးခ်င္း ဆံပင္ကို ထံုးတာ၊ စည္းတာမ်ိဳးေတြ မလုပ္ပါနဲ႔။

ေျဖာင့္စက္ဆြဲထားလို႔ ပူေနတဲ့ ဆံပင္သားကို ေအးသြားေအာင္ ထားၿပီးမွသာ ဆံပင္စည္းတာ၊ ခ်ည္ေႏွာင္တာေတြ လုပ္ပါ။

အပူေပးထားတဲ့ ဆံပင္ကို ခ်ည္ေႏွာင္လိုက္တာဟာ ဆံသားက်ိဳးေက်တာ ပုံမက်တာ ျဖစ္တတ္ပါတယ္။

၆။ကိုယ္အၿမဲတမ္း အသံုးျပဳေနတဲ့ စက္ကို သန္႔ရွင္းေရးလုပ္ေပးဖုိ႔ မေမ့ပါနဲ႔။

ဆံပင္ကို စပေရးဖ်န္းၿပီးမွ စက္ဆြဲတဲ့သူေတြဆိုရင္ ပိုလို႔ေတာင္ လုပ္သင့္ပါေသးတယ္။ စက္ကို ပုံမွန္သန႔္ရွင္းေရး လုပ္ေပးဖို႔ မေမ့ပါနဲ႔။

စက္ကို ပုံမွန္သန္႔ရွင္းေရးမလုပ္တဲ့အခါ ဗက္တီးရီးယားပိုးေတြ ေပါက္ဖြားႏိုင္သလို

ဆံပင္သားနဲ႔ ဦးေရျပားအတြက္ပါ ဆိုးက်ိဳးမ်ားတာေၾကာင့္ ပုံမွန္သန္႔ရွင္းေရးလုပ္ဖို႔ အႀကံျပဳလိုပါတယ္။

———————

ဆိုင်မှာ ခေါင်းလျှော်ပြီး ပုံသွင်းတာနဲ့ အိမ်မှာကိုယ့်ဘာသာကိုယ် ဖြောင့်စက်နဲ့ ဆွဲတဲ့အခါ ဘာလို့မတူတာလဲ၊

အိမ်မှာဆို ဘာကြောင့် အဆင်မပြေဖြစ်ရတာလဲ ဆိုပြီး တွေးမိတဲ့သူတွေအတွက် ကိုယ့်ဘာသာကိုယ် ဆံပင်ဖြောင့်စက်သုံးပြီး

ဆံပင်ဖြောင့်တဲ့အခါ ပြင်ဆင်ရမယ့် အမှားလေးတွေကို ထောက်ပြပေးချင်ပါတယ်။

၁။ဖြောင့်စက်မဆွဲခင် ဆံသားကို အပူခံနိုင်အောင် အပူခံစပရေးဖျန်းပေးပါ။

ဒီအဆင့်က လွန်စွာကို အရေးကြီးပါတယ်။ ဆံပင်သား မပျက်စီးဖို့အတွက် ကာကွယ်ရာ ရောက်တာမို့လို့ပါ။

ခေါင်းလျှော်ပြီး သန့်ရှင်းနေတဲ့ ဆံပင်မျိုးကို စပေရေးဖျန်းပြီး စက်ဆွဲတာဟာ အသင့်တော်ဆုံးပါပဲ။

၂။အပူချိန် အနိမ့်ဆုံးအဆင့်ထားပြီး စက်ဆွဲခြင်းဟာ ဆံပင်သားကို မထိစေဘူး၊ မပျက်စေဘူးဆိုတာဟာ မှားတဲ့အယူအဆပါ။

စဉ်းစားရမယ့်အချက်က ကိုယ့်ဆံပင်က နည်းတယ်၊ ပါးတယ်ဆိုရင် အပူချိန်နိမ့်နိမ့်သုံးပြီး စက်ဆွဲလိုက်တာ ကိစ္စမရှိပေမယ့်

ကိုယ့်ဆံပင်က ထူတယ်ဆိုရင်တော့ အပူချိန်မြင့်မြင့်နဲ့ တန်းပြီးစက်ဆွဲတာ ကောင်းပါတယ်။

တစ်ချက်တည်းနဲ့ ဖြောင့်စင်းသွားမယ့်ကိစ္စမျိုးကို ဘာ့ကြောင့် အပူချိန်အနိမ့်သုံးပြီး ဆံသားကိုု နှစ်ခါဒုက္ခပေးမှာလဲနော်။

၃။ဆံပင်ဖြောင့်ရင် ဖြောင့်စက်ကို အောက်ဘက်ဖိဆွဲချတာမျိုးကို ရှောင်ပါ။

ဒီနည်းသုံးပြီး စက်ဆွဲရင် သင့်ဆံပင်ကြီးက ပြားပြားကပ်ကပ်ကြီး ဖြစ်နေမှာပါ။ အဲ့ဒီနည်းအစား ဆံပင်ရင်းနားကစ၊

စက်ဆွဲပြီး အပေါ်ဘက်ကို လှန်ဆွဲသွားလို်က်ပါ။ အောက်ကိုဖိချဆွဲမသွားပါနဲ့။

၄။စက်မဆွဲခင် ဆံပင်ကို ဘရက်ရှပ်သုံးပြီး အရင်ဆုံး ရှင်းဖို့လိုပါတယ်။

ရှုပ်ထွေးနေတဲ့ ဆံပင်တွေကို မရှင်းပဲ တန်းပြီး ဖြောင့်စက်နဲ့ဆွဲတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ ဆံပင်သားကို ပျက်စီးစေပါတယ်။

ဆံပင်ကို ဘရက်ရှ်နဲ့ အရင်ရှင်းပြီးမှ ကျန်တာဆက်လုပ်ပါ။

၅။စက်ဆွဲပြီးပြီးချင်း ဆံပင်ကို ထုံးတာ၊ စည်းတာမျိုးတွေ မလုပ်ပါနဲ့။

ဖြောင့်စက်ဆွဲထားလို့ ပူနေတဲ့ ဆံပင်သားကို အေးသွားအောင် ထားပြီးမှသာ ဆံပင်စည်းတာ၊ ချည်နှောင်တာတွေ လုပ်ပါ။

အပူပေးထားတဲ့ ဆံပင်ကို ချည်နှောင်လိုက်တာဟာ ဆံသားကျိုးကျေတာ ပုံမကျတာ ဖြစ်တတ်ပါတယ်။

၆။ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့ စက်ကို သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။

ဆံပင်ကို စပရေးဖျန်းပြီးမှ စက်ဆွဲတဲ့သူတွေဆိုရင် ပိုလို့တောင် လုပ်သင့်ပါသေးတယ်။ စက်ကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့ပါနဲ့။

စက်ကို ပုံမှန်သန့်ရှင်းရေးမလုပ်တဲ့အခါ ဗက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်သလို

ဆံပင်သားနဲ့ ဦးရေပြားအတွက်ပါ ဆိုးကျိုးများတာကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ အကြံပြုလိုပါတယ်။