ထိုင်းကိုသွားရင် ဒါလေးတွေတော့ သတိထားစေချင်တယ်
မဲဆောက်၊ မယ်ဆိုင် ကနေဗန်ကောက်ကို တက်လာရင် ဟိုင်းဝေးပြေးတဲ့
ဘတ်စ်ကားယာဉ်ကြီးတွေ ဂိတ်ဆုံးတဲ့နေရာက မော်ချစ်ဂိတ် (ဗန်ကောက်) ဖြစ်ပါတယ်။
ဘတ်စ်ကား ရပ်နားတဲ့နေရာတွေမှာဆိုင်ကယ်၊ ကား အငှားယာဉ်မောင်းသူတွေက ဘယ်သွားမလဲ? ဘယ်လာမလဲ?
ကားရှိတယ်၊ ဆိုင်ကယ်ရှိတယ်၊ ဆိုပြီး အလုအယက် လာခေါ်လေ့ရှိတဲ့နေရာမှာ သတိထားဖို့ လိုပါတယ်။
အဲဒီလိုကားရပ်ပြီဆို အလုအယက်လာခေါ်တဲ့ လူအုပ်စုထဲမှာ မှန်မှန်ကန်ကန်နဲ့ လုပ်စားနေတဲ့သူထက် ဝိသမလောဘသမားတွေက ပိုများပါတယ်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ထဲ
ခရီးသွားနေရင် ပိုဆိုးပါတယ်။ ဆိုင်ကယ်သမားတွေက အိတ်ကို အလုအယက်ဆွဲယူတတ်ပြီး ဆိုင်ကယ်ပေါ်အတင်းလိုက်ခိုင်းအောင် ခေါ်ယူလေ့ရှိပါတယ်။
ဆိုင်ကယ် ကယ်ရီသမားတွေထဲမှာ အငှားဆိုင်ကယ်အင်္ကျီ ဝတ်ထားတဲ့သူတွေရှိသလို၊ အငှားဆိုင်ကယ်အင်္ကျီ မဝတ်တဲ့သူတွေ ရှိပါတယ်။ သူတို့ခေါ်ရာနောက် လိုက်သွားမိပြီးဆိုရင် မီတာ ၁၀၀ လောက်ရှိတဲ့ခရီးကို ပတ်မောင်းပြီး
မတန်မရာ တောင်းလေ့ရှိပါတယ်။ မော်ချစ်ဂိတ် (ဗန်ကောက်) ဟိုင်းဝေးပြေးတဲ့ ဘတ်စ်ကားယာဉ်ကြီးတွေရပ်တဲ့နေရာက ဗန်ကောက်မြို့ပြင်မှာ ဖြစ်နေပေမယ့်၊ ဗန်ကောက်မြို့ရဲ့ နေရာအစုံကို သွားလို့ရတဲ့
အများပြည်သူစီး ဘတ်စ်ကားဝင်း ရှိတယ်။ ဗင်ကားဂိတ်ရှိတယ်။ ဘယ်သူကိုမှ မေးစရာ မလိုအောင် ကားဆင်းတဲ့နေရာနဲ့ အနီးတဝိုက်မှာပဲ ရှိပါတယ်။ မဲဆောက်ကလာတဲ့ ဘတ်စ်ကားထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပါလာတတ်မြဲဖြစ်တာကြောင့်
အဲဒီဆိုင်ကယ်၊ ကား ကယ်ရီသမားတွေက လူအနေအထားကိုကြည့်ပြီး ခေါ်ယူပါတယ်။ မြန်မာမှန်းသေချာ သိပြီးဆိုရင် ခြိမ်းခြောက်ခေါ်တာမျိုးလဲ ရှိပါတယ်။ ကားကယ်ရီသမားတွေဆိုရင်လဲ မီတာနဲ့မဟုတ်ဘဲ အကြောင်းမျိုးစုံပြောပြီး ပုတ်ပြတ် ငှားခိုင်းတာတွေ လုပ်တတ်ပါတယ်။
“ကိုချစ် ဇွဲကပင်မြေ” ကွင်းဆင်း စုံစမ်းတော့ မော်ချစ် (ဗန်ကောက်) ကားဝင်းရှိ ဆဲဗင်းရှေ့မှာ အလိမ်ခံထိထားတဲ့ အမျိုးသမီးငယ်လေး ၅-၆ ဦးကိုတွေ့ရတယ်။ မီတာ ၁၀၀ လောက်သာရှိတဲ့ခရီးကို တစ်ယောက် ဆိုင်ကယ်ခ ၂၀၀၊ တစ်ယောက်က ၁၀၀၊ တစ်ယောက်က ၈၀ ဘတ်ဖြင့် ဆိုင်ကယ်သမားလိမ်ပြီးယူသွားကြတယ်။
“ကျမကားစီးလာပြီး မော်ချစ်မှာ ဆင်းတယ်။ ဘတ်စ်ကားပေါ်ကဆင်းတော့ တက္ကစီကား၊ ဆိုင်ကယ် ကယ်ရီသမားတွေက ဘယ်သွားမလဲ၊ ဘယ်သွားမလဲ လာမေးကြတယ်။ ကျမက ဖလန်ဆောင်သွားမယ်လို့ပြောတယ်။
အဲဒါနဲ့ ဗင်ကားသမားအယောင်ဆောင်ပြီး ဆိုင်ကယ် ကယ်ရီသမားက လာလာ ဗင်ကားရှိတဲ့နေရာကို ဆိုင်ကယ်နဲ့သွားရမယ်လို့ပြောပြီး၊ ကျမအိတ်ကိုအတင်းဆွဲယူသွားပြီး သူ့ဆိုင်ကယ်အရှေ့မှာတင်လိုက်တယ်။
အဲဒီနောက် ဟိုပတ်မောင်း ဒီပတ်မောင်းနဲ့ မဖွင့်သေးတဲ့ ဗင်ကားဂိတ်ကားသွားရပ်ပေးတယ်။ သူရပ်ပေးတဲ့နေရာက ဆဲဗင်းရှိတယ်။ အဲဒီဆဲဗင်းရှေ့မှာလဲ လူ ၄-၅ ယောက်က ကျမလိုပဲ အလိမ်ခံထိတဲ့သူတွေကို တွေ့ရတယ်” လို့ ပြောပါတယ်။
ဗန်ကောက်ကို တက်လာပြီဆိုရင် မဖြစ်မနေ ဆိုင်ကယ်စီးရမယ်ဆိုရင် မော်ချစ်ဂိတ်ရဲ့ အဝင်ပေါက်၊ အထွက်ပေါက်တိုင်းမှာ ဆိုင်ကယ် ကယ်ရီဂိတ် ရှိပါတယ်။ လာခေါ်တဲ့ အုပ်စုထဲမှာ အငှားယာဉ်အက်ျီဝတ်ထားရင်လဲ မယုံကြပါနဲ့၊
နောက်တချက် သတိထားလို့ရတာက… ကိုယ်စီးတဲ့ ကား၊ ဆိုင်ကယ် နံပါတ်ပြားကို သေချာကြည့်ပါ။ လိုင်စင်ရ လူပို့ ဆိုင်ကယ်၊ ကား နံပါတ်ပြားတွေက အဝါရောင်ဖြစ်ရပါမယ်။ အဖြူရောင် နံပါတ်ပြားဆိုရင် အိမ်သုံးအတွက်ပါ။
———————–
ထိုင္းကိုသြားရင္ ဒါေလးေတြေတာ့ သတိထားေစခ်င္တယ္
မဲေဆာက္၊ မယ္ဆိုင္ ကေနဗန္ေကာက္ကို တက္လာရင္ ဟိုင္းေဝးေျပးတဲ့
ဘတ္စ္ကားယာဥ္ႀကီးေတြ ဂိတ္ဆုံးတဲ့ေနရာက ေမာ္ခ်စ္ဂိတ္ (ဗန္ေကာက္) ျဖစ္ပါတယ္။
ဘတ္စ္ကား ရပ္နားတဲ့ေနရာေတြမွာဆိုင္ကယ္၊ ကား အငွားယာဥ္ေမာင္းသူေတြက ဘယ္သြားမလဲ? ဘယ္လာမလဲ?
ကားရွိတယ္၊ ဆိုင္ကယ္ရွိတယ္၊ ဆိုၿပီး အလုအယက္ လာေခၚေလ့ရွိတဲ့ေနရာမွာ သတိထားဖို႔ လိုပါတယ္။
အဲဒီလိုကားရပ္ၿပီဆို အလုအယက္လာေခၚတဲ့ လူအုပ္စုထဲမွာ မွန္မွန္ကန္ကန္နဲ႔ လုပ္စားေနတဲ့သူထက္ ဝိသမေလာဘသမားေတြက ပိုမ်ားပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးတစ္ေယာက္ထဲ
ခရီးသြားေနရင္ ပိုဆိုးပါတယ္။ ဆိုင္ကယ္သမားေတြက အိတ္ကို အလုအယက္ဆြဲယူတတ္ၿပီး ဆိုင္ကယ္ေပၚအတင္းလိုက္ခိုင္းေအာင္ ေခၚယူေလ့ရွိပါတယ္။
ဆိုင္ကယ္ ကယ္ရီသမားေတြထဲမွာ အငွားဆိုင္ကယ္အကၤ်ီ ဝတ္ထားတဲ့သူေတြရွိသလို၊ အငွားဆိုင္ကယ္အကၤ်ီ မဝတ္တဲ့သူေတြ ရွိပါတယ္။ သူတို႔ေခၚရာေနာက္ လိုက္သြားမိၿပီးဆိုရင္ မီတာ ၁၀၀ ေလာက္ရွိတဲ့ခရီးကို ပတ္ေမာင္းၿပီး
မတန္မရာ ေတာင္းေလ့ရွိပါတယ္။ ေမာ္ခ်စ္ဂိတ္ (ဗန္ေကာက္) ဟိုင္းေဝးေျပးတဲ့ ဘတ္စ္ကားယာဥ္ႀကီးေတြရပ္တဲ့ေနရာက ဗန္ေကာက္ၿမိဳ႕ျပင္မွာ ျဖစ္ေနေပမယ့္၊ ဗန္ေကာက္ၿမိဳ႕ရဲ့ ေနရာအစုံကို သြားလို႔ရတဲ့
အမ်ားျပည္သူစီး ဘတ္စ္ကားဝင္း ရွိတယ္။ ဗင္ကားဂိတ္ရွိတယ္။ ဘယ္သူကိုမွ ေမးစရာ မလိုေအာင္ ကားဆင္းတဲ့ေနရာနဲ႔ အနီးတဝိုက္မွာပဲ ရွိပါတယ္။ မဲေဆာက္ကလာတဲ့ ဘတ္စ္ကားထဲမွာ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ပါလာတတ္ျမဲျဖစ္တာေၾကာင့္
အဲဒီဆိုင္ကယ္၊ ကား ကယ္ရီသမားေတြက လူအေနအထားကိုၾကည့္ၿပီး ေခၚယူပါတယ္။ ျမန္မာမွန္းေသခ်ာ သိၿပီးဆိုရင္ ၿခိမ္းေျခာက္ေခၚတာမ်ိဳးလဲ ရွိပါတယ္။ ကားကယ္ရီသမားေတြဆိုရင္လဲ မီတာနဲ႔မဟုတ္ဘဲ အေၾကာင္းမ်ိဳးစုံေျပာၿပီး ပုတ္ျပတ္ ငွားခိုင္းတာေတြ လုပ္တတ္ပါတယ္။
“ကိုခ်စ္ ဇြဲကပင္ေျမ” ကြင္းဆင္း စုံစမ္းေတာ့ ေမာ္ခ်စ္ (ဗန္ေကာက္) ကားဝင္းရွိ ဆဲဗင္းေရွ႕မွာ အလိမ္ခံထိထားတဲ့ အမ်ိဳးသမီးငယ္ေလး ၅-၆ ဦးကိုေတြ႕ရတယ္။ မီတာ ၁၀၀ ေလာက္သာရွိတဲ့ခရီးကို တစ္ေယာက္ ဆိုင္ကယ္ခ ၂၀၀၊ တစ္ေယာက္က ၁၀၀၊ တစ္ေယာက္က ၈၀ ဘတ္ျဖင့္ ဆိုင္ကယ္သမားလိမ္ၿပီးယူသြားၾကတယ္။
“က်မကားစီးလာၿပီး ေမာ္ခ်စ္မွာ ဆင္းတယ္။ ဘတ္စ္ကားေပၚကဆင္းေတာ့ တကၠစီကား၊ ဆိုင္ကယ္ ကယ္ရီသမားေတြက ဘယ္သြားမလဲ၊ ဘယ္သြားမလဲ လာေမးၾကတယ္။ က်မက ဖလန္ေဆာင္သြားမယ္လို႔ေျပာတယ္။
အဲဒါနဲ႔ ဗင္ကားသမားအေယာင္ေဆာင္ၿပီး ဆိုင္ကယ္ ကယ္ရီသမားက လာလာ ဗင္ကားရွိတဲ့ေနရာကို ဆိုင္ကယ္နဲ႔သြားရမယ္လို႔ေျပာၿပီး၊ က်မအိတ္ကိုအတင္းဆြဲယူသြားၿပီး သူ႔ဆိုင္ကယ္အေရွ႕မွာတင္လိုက္တယ္။
အဲဒီေနာက္ ဟိုပတ္ေမာင္း ဒီပတ္ေမာင္းနဲ႔ မဖြင့္ေသးတဲ့ ဗင္ကားဂိတ္ကားသြားရပ္ေပးတယ္။ သူရပ္ေပးတဲ့ေနရာက ဆဲဗင္းရွိတယ္။ အဲဒီဆဲဗင္းေရွ႕မွာလဲ လူ ၄-၅ ေယာက္က က်မလိုပဲ အလိမ္ခံထိတဲ့သူေတြကို ေတြ႕ရတယ္” လို႔ ေျပာပါတယ္။
ဗန္ေကာက္ကို တက္လာၿပီဆိုရင္ မျဖစ္မေန ဆိုင္ကယ္စီးရမယ္ဆိုရင္ ေမာ္ခ်စ္ဂိတ္ရဲ့ အဝင္ေပါက္၊ အထြက္ေပါက္တိုင္းမွာ ဆိုင္ကယ္ ကယ္ရီဂိတ္ ရွိပါတယ္။ လာေခၚတဲ့ အုပ္စုထဲမွာ အငွားယာဥ္အက္်ီဝတ္ထားရင္လဲ မယုံၾကပါနဲ႔၊
ေနာက္တခ်က္ သတိထားလို႔ရတာက… ကိုယ္စီးတဲ့ ကား၊ ဆိုင္ကယ္ နံပါတ္ျပားကို ေသခ်ာၾကည့္ပါ။ လိုင္စင္ရ လူပို႔ ဆိုင္ကယ္၊ ကား နံပါတ္ျပားေတြက အဝါေရာင္ျဖစ္ရပါမယ္။ အျဖဴေရာင္ နံပါတ္ျပားဆိုရင္ အိမ္သုံးအတြက္ပါ။