လတ်တလော ကမ္ဘာ့ရွှေဈေးကွက်ဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒအပြောင်းအလဲပေါ် မူတည်ပြီး လှုပ်ရှားပြောင်းလဲမယ့်အနေအထား ရှိနေပါတယ်
အမေရိကန်ဗဟိုဘဏ်အနေနဲ့ ရှေ့နှစ်မှာ ငွေကြေးမူဝါဒကို ပြန်ဖြေလျှော့မယ် ဆိုတဲ့ မျှော်မှန်းချက်တွေ အရမ်း မြင့်မားနေတာကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။
ပြည်တွင်းရွှေဈေးအနေနဲ့ကတော့ (အကယ်ဒမီမီးလင်းရွှေ) တစ်ကျပ်သားကို ကျပ် ၃၇ သိန်းဝန်းကျင်မှာ ဆက် ငြိမ်နိုင်ပြီး အကျဘက်ကို ပြန်ဆင်းမယ့်အလားအလာတော့ နည်းပါးတယ်လို့ ရွှေဈေးနှုန်း ခန့်မှန်းချက်တစ်ခုမှာ ဆိုထားပါတယ်။
ရွှေဈေးကွက်ဟာ နှစ်ကုန်ပိုင်း ရောက်ခါနီးတာနဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ပေမယ့် လက်ရှိဈေးတန်းကလည်း အမြင့်တန်းမှာပဲ ဆက်ရှိနေတဲ့အတွက် ငွေလိုတဲ့သူတွေဆိုရင် လိုသလောက်လေးသာ ထုတ်ရောင်းသင့်တယ် လို့ အကြံပြုထားပါတယ်။
ရွှေအဝယ်သမားတွေအနေနဲ့ကတော့ တကယ်လို့များ ရွှေဈေးက အကျဘက် ပြန်လှည့်ဆင်းလာရင် ၃၆ သိန်း ဝန်းကျင်မှာ အဝယ် ဝင်သင့်ပြီး အဲဒီဈေးတန်းက အဝယ်ဝင်သင့်တဲ့ဈေးမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ၃၇ သိန်းပတ်လည် ဈေးတန်းမှာ ဝယ်မယ်ဆိုရင်တော့ တစ်ဝက်ခွဲ ဝယ်တာမျိုးက ပိုအဆင်ပြေမယ်လို့ ရွှေဈေးကွက်လေ့လာအကဲခတ်သူတွေက အကြံပြုထားပါတယ်။ ဒါ့အပြင် ရွှေဟာ ရေရှည်ဝယ်စုထားရမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့လည်း တိုက်တွန်းထားကြောင်းပါ။
ဒါကတော့ လတ်တလော ကမ္ဘာ့ရွှေဈေးကွက်အခြေအနေနဲ့ မြန်မာ့ရွှေ ရောင်းလို၊ ဝယ်လိုသူတွေအတွက် ရှုထောင့်တစ်ခုကို တင်ပြပေးတာ ဖြစ်ပြီး ရောင်းဖို့ ဝယ်ဖို့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင်သာ ချမှတ်ကြစေလိုပါတယ်။ Source-ကိုကြည်စိုးထွန်း (Your Gold Trade) , Gold News