News

ယနေ့ သောကြာနေ့ (၂၂.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၂၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3450 – 3490
ဥရောပယူရို 3680 – 3750
ဗြိတိသျှစတာလင်ပေါင် 4320 – 4420

သြစတြေးလျဒေါ်လာ 2270 – 2360
ဂျပန်ယန်း 23.60 – 24.30

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.20 – 41.60
စင်ကာပူဒေါ်လာ 2570 – 2620

မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 450 – 480
ထိုင်းဘတ် 98.00 – 99.10

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3685,000 – 3695,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3480,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့က ရွှေဈေးသည် 3680,000 – 3690,000 ကျပ်ဝန်းကျင်ဖြင့် စဖွင့်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ကျပ် 3670,000 – 3680,000 ကျပ်သို့ ဆက်လက် ကျဆင်းကာ ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3695,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2050 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် ဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်သည်ဟု ထုတ်ပြန်ထားသည်။