News

ယနေ့ ဗုဒ္ဓဟူးနေ့ (၂၇.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၇၊ ၂၀၂၃ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3445 – 3475
ဥရောပယူရို 3690 – 3820
ဗြိတိသျှစတာလင်ပေါင် 4260 – 4410

သြစတြေးလျဒေါ်လာ 2320 – 2380
ဂျပန်ယန်း 23.50 – 24.40

တောင်ကိုရီးယားဝမ် 2.60 – 2.68
အိန္ဒိယရူပီး 40.25 – 41.70
စင်ကာပူဒေါ်လာ 2560 – 2600

မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 460 – 480
ထိုင်းဘတ် 98.50 – 99.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3700,000 – 3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့က ရွှေဈေးနှုန်းသည် 3705,000 – 3715,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် နေ့ခင်းပိုင်းတွင် ကျပ် 3695,000 – 3705,000 သို့ ကျသွားသော်လည်း ညနေပိုင်းတွင် 3710,000 ခန့်ဖြင့် ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3724,300 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2066 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်နောက် ပြင်ပရွှေဈေးနှင့် ထပ်တူ (သို့) ကျော်လွန်လာသည်ကို တွေ့ရသည်။