Knowledge

“မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်”

“မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ်မပြုအပ်”

တကယ်တော့ အဲ့တာက တနင်္ဂနွေသားသမီးတွေ အတွက် သတ်မှတ်ထားတဲ့ မွေးနေ့ ၊ အညွှန့်နေ့ နဲ့ ဆပွတ်နေ့ အတွက်ပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။အဲ့ဒီ့လို လူတိုင်းအတွက်သာဆို ဆံပင်ညှပ်ဆိုင်တွေ တစ်ပါတ်မှာ( ၃)ရက်လောက် အလုပ်ပိတ်ရမလို ဖြစ်နေပါပြီ။

အဓိပ္ပါယ်ကောက်လွဲကြတဲ့သူတေဒုနဲ့ဒေးရှင်းပြဦးမှပါလေ

အတိုကောက်…

မွေးနေ့ ? မိမိမွေးသည့်နေ့နံ

သောကြာ? အညွှန့်နေ့

တနင်္လာ ? ဆပွတ်နေ့

အညွှန့်နေ့နဲ့ ဆပွတ်နေ့ မိမိမွေးနေ့တွေမှာ ညှပ်မိတဲ့ ဆံပင်တွေကို မကောင်းတဲ့ အောက်လမ်း၊ စုန်း၊ ကဝေ အစီအရင်တွေမှာ သုံးတဲ့အခါ ထိခိုက်မှုပိုများနိုင်လို့ပါ ။

အကြမ်းဖျင်းအားဖြင့်တော့ အဲ့ဒီ့နေ့တွေမှာ ဆံပင်ညှပ်မိရင် ဘုန်းကံနိမ့်နိုင်တာ ၊ ခိုက်တာ(မိသားစုအဆင်မပြေတာ၊ စီးပွားရေး ၊ ကျန်းမာရေး ထိခိုက်ခြင်း) စတာတွေဖြစ်တတ်ပါတယ်။ ။

စာကြွင်း (ယုံကြည်မှ ယုံပါ သူတစ်ပါးစီးပွား ထိခိုက်ပျက်စီးလိုစိတ်မရှိသည်မှာ မှန်ကန်သော စကားပင်ဖြစ်သည်)။

ဆက်ပြီးတော့ ရရက်သားသမီး နေ့နံတွေနဲ့တကွ အညွှန့်နေ့ ၊ ဆပွတ်နေ့တွေကို ပြောပြပါဦးမယ်။

၁။ တနင်္ဂနွေ သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? တနင်္ဂနွေ

အညွှန့်နေ့? သောကြာ

ဆပွတ်နေ့? တနင်္လာ

၂။ တနင်္လာ သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? တနင်္လာ

အညွှန့်နေ့? စနေ

ဆပွတ်နေ့? အင်္ဂါ

၃။ အင်္ဂါ သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? အင်္ဂါ

အညွှန့်နေ့? တနင်္ဂနွေ

ဆပွတ်နေ့? ဗုဒ္ဓဟူး

၄။ ဗုဒ္ဓဟူး သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? ဗုဒ္ဓဟူး

အညွှန့်နေ့? တနင်္လာ

ဆပွတ်နေ့ ? ကြာသပတေး

၅။ ကြာသပတေး သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? ကြာသပတေး

အညွှန့်နေ့ ? အင်္ဂါ

ဆပွတ်နေ့ ? သောကြာ

၆။ သောကြာ သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? သောကြာ

အညွှန့်နေ့ ? ဗုဒ္ဓဟူး

ဆပွတ်နေ့ ? စနေ

၇။ စနေ သားသမီးများအတွက် ရှောင်ရန်

မွေးနေ့. ? စနေ

အညွှန့်နေ့ ? ကြာသပတေး

ဆပွတ်နေ့? တနင်္ဂနွေ

အထက်ဖော်ပြပါ နေ့နံတွေကတော့ ဗေဒင် အယူနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တချို့သော လူကြီးသူမများ ပြောပြချက် တချို့အား ဖော်ပြချင်ပါသေးတယ်။ ယခုဖော်ပြချက်မှာ (ဗုဒ္ဓဘာသာဝင် လူမျိုးများအတွက်သာ)။

မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ရှေးလူကြီးသူမများ ဆိုလိုသည်မှာ….

ဤ ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ပွင့်တော်မူပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ဥရုဝေဠတော၌ ဒုက္ကရစရိယာကျင့်တော်မူရန် တနင်္လာနေ့တွင် တောထွက်တော်မူပြီးနောက် အနော်မာသောင်ယံ၌ ဆံကေသာအား ပါယ်တော်မူခဲ့လေသည်။

ရှင်းလင်းချက် ။ ။

အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့ (သောကြာနေ့)

ဆံကေသာ ပါယ်ဖြတ်သည့်နေ့ (တနင်္လာနေ့)

“ထို့ကြောင့် (သောကြာနေ့)တွင် မွေးဖွားသော အမျိုးသား၊ အမျိုးသမီးတို့သည် (တနင်္လာနေ့တွင်) ဆံပင်ညှပ်မည်ဆိုပါက ဘုရားအလောင်းတော်နှင့် အတုယူနှိုင်းယှဉ်ရာ ကျမည်ဖြစ်၍ သောကြာသားသမီးတို့သည် တနင်္လာနေ့တွင် ဆံပင်ညှပ်ခြင်းအမှု မပြုသင့်” ဟု ရှေးလူကြီးများ သတ်မှတ်ခဲ့ခြင်းသာ ဖြစ်ပါသည် ။