News

Myanmar’s gold price rose quite a bit this week

လကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံသူတွေ အာရုံစိုက် စောင့်ကြည့်နေတာကြောင့် ကမ္ဘာ့ရွှေဈေးက သောကြာနေ့ ဈေးပိတ်ချိန်မှာ တည်ငြိမ်နေခဲ့ပါတယ်။

ဈေးပိတ်ရက် သောကြာနေ့က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၀၁၈ ဒေါ်လာဝန်းကျင်မှာ ဆက် ရှိနေခဲ့ပြီး တစ်ပတ်အတွင်း ဝ.၆ % ကျဆင်းခဲ့ပါတယ်။

ရွှေကုန်သည်တွေ၊ လက်ကြီးသမား ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီလကုန် ဇန်နဝါရီ ၃၀ ၊ ၃၁ ရက်တွေမှာ ကျင်းပမယ့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးကနေ အတိုးနှုန်းကိစ္စ ဘာသံတွေ ထွက်လာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေလို့ ရွှေရောင်းအဝယ် အေးပြီး ဈေးငြိမ်နေတာပါ။

ကမ္ဘာ့ရွှေဈေးက ငြိမ်သက်နေပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ လိုက်ငြိမ်မနေဘဲ ဒီအပတ်ထဲမှာ သိသာမြင်သာကို မြင့်တက်လာပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

ဈေးဖွင့်ရက် တနင်္လာနေ့က ၁၆ ပဲရည် ရွှေဈေးဟာ တစ်ကျပ်သားကို ၃၈ သိန်းအထိ ရောက်ရှိလာခဲ့ပြီး ဒီနေ့ (စနေနေ့) မှာ ၃၈ သိန်း ၇ သောင်းခွဲ ဝန်းကျင်အထိ ဖြစ်လာတဲ့အတွက် ဒီတစ်ပတ်တာအတွင်းမှာ ကျပ် ၇၀၀,၀၀ ကျော်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

ရွှေဈေးနဲ့အပြိုင် ပြင်ပငွေကြေးဈေးကွက်က ဒေါ်လာဈေးကလည်း အရင်အပတ်တွေမှာ တစ်ဒေါ်လာ ၃၄၅၀ ကျပ်နဲ့ အတော်ကြာ ငြိမ်နေခဲ့ရာက ဒီအပတ်မှာ ၃၅၀၀ အထက် မြင့်တက်လာပါတယ်။

တရုတ်နှစ်သစ်ကူးကာလ နီးလာတာ၊ စပါးပေါ် ပဲပေါ်ချိန်မှာ ရွှေကို ဝယ်ယူစုဆောင်းမှု များလာတာ စတဲ့အကြောင်းပြချက်တွေနဲ့ ရွှေဈေး သိသိသာသာ မြင့်လာတာ ဖြစ်ပြီး ရွှေဈေး အတက်ကြမ်းနေလို့ ရန်ကုန်ရွှေအသင်း YGEA ကနေ ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြဖို့ ဆော်သြခဲ့ရပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်