News

Dollar price for today Saturday 3.2.2024 Gold prices and foreign exchange rates

ဖေဖော်ဝါရီ ၃၊ ၂၀၂၄ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး

အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3500 – 3540
ဥရောပယူရို 3760 – 3850
ဗြိတိသျှစတာလင်ပေါင် 4450 – 4550

သြစတြေးလျဒေါ်လာ 2270 – 2320
ဂျပန်ယန်း 23.30 – 23.90

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 42.25 – 43.00
စင်ကာပူဒေါ်လာ 2575 – 2630

မလေးရှားရင်းဂစ် 735 – 760
တရုတ်ယွမ် 480 – 490
ထိုင်းဘတ် 98.00 – 100.00

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3800,000 – 3810,000 နှင့် စဖွင့်ပြီး နောက်ပိုင်းတွင် 3795,000 – 3805,000 သို့ ကျလာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 3575,000 ခန့် ရှိနေသည်။

ယမန်နေ့က ရွှေဈေးသည် 3860,000 – 3870,000 ကျပ်ဖြင့် ဈေးစဖွင့်ခဲ့သော်လည်း နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင် ကျပ် 3850,000 မှ ကျပ် 3820,000 – 3830,000 အထိ ထိုးကျသွားခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3672,000 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2040 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။