ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3570 – 3620
ဥရောပယူရို 3800 – 3890
ဗြိတိသျှစတာလင်ပေါင် 4480 – 4650
သြစတြေးလျဒေါ်လာ 2300 – 2370
ဂျပန်ယန်း 23.50 – 24.20
တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 42.60 – 43.50
စင်ကာပူဒေါ်လာ 2620 – 2680
မလေးရှားရင်းဂစ် 740 – 760
တရုတ်ယွမ် 480 – 500
ထိုင်းဘတ် 99.00 – 101.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3890,000 – 3910,000 ကျပ်ဝန်းကျင်နှင့် ဈေးဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 3920,000 – 3925,000 သို့ မြင့်လာသည်။၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3690,000 ခန့် ရှိနေသည်။
ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3885,000 – 3895,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 3910,000 မှ 3920,000 အထိ ဆက်တိုက် မြင့်တက်ကာ ဈေးပိတ်ခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3648,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2027 ဒေါ်လာခန့် ဖြစ်သည်။
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။