စိတ်အနှောင့်အယှက်ဖြစ်စရာ အရေပြား ပြဿနာတွေထဲမှာ ကြွက်နို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကြွက်နို့က အန္တရာယ်တော့ မရှိပါဘူး။ ခြေချောင်း လက်ချောင်းလေးတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ခန္ဓာကိုယ်ပေါ်က ကြွက်နို့တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။ ၁။ ပျားရည် ပျားရည်ကို ကြွက်နို့အပေါ် လိမ်းပေးတဲ့အခါ တဖြည်းဖြည်း ပါးလာပါတယ်။ – ဆေးဖက်ဝင်တဲ့ပျားရည်အစစ်ကို အသုံးပြုပါ။ – ကြွက်နို့ပေါ်မှာ ပျားရည်ကို ထူထူလိမ်းပြီး ပျားရည်တွေ ပြုတ်မကျသွားအောင် အဝတ်စနဲ့ တစ်ညတာ ပတ်ထားပါ။ – မကြာခဏ လုပ်ပေးတဲ့အခါ သိသာတဲ့ ရလဒ်ကို ရရှိလာပါလိမ့်မယ်။ ၂။ ရေနွေးနှင့် ပင်လယ်ဆား ဒီနည်းလမ်းကတော့ အလွယ်ဆုံး ပါပဲ။ အရမ်းလည်း ထိရောက်ပါတယ်။ […]
Author: Achawlaymyar
KTV မှာ သီချင်းအကျယ်ကြီးအော်ဆိုလို့ ရိုက်ခံလိုက်ရသူနှစ်ယောက်
သီချင်းဆိုခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်လေး နှစ်ယောက်ကတော့ သူတို့ သီချင်းဆိုသံက တခြားသူတွေ အတွက် အနှောင့်အယှက် ဖြစ်သွားလို့ အရိုက်ခံခဲ့ ရပါတယ်။ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံ Heilongjiang မြို့က ကာရာအိုကေခန်း တစ်ခုမှာ ဖြစ်ခဲ့တာပါ။ သူငယ်ချင်း နှစ်ယောက်က ကာရာအိုကေခန်းထဲမှာ သီချင်းဆိုနေတုန်း သူတို့ထဲက တစ်ယောက်က ကာရာအိုကေစက်ကြီးကို အသံအကျယ်ကြီး ဖွင့်ပြီး သီချင်းဆို ပါတယ်။ အဲဒီအချိန်မှာ သူစိမ်းတစ်ယောက်က အခန်းထဲ ဝင်လာပြီး သီချင်းဆိုသံကို နားမခံနိုင်ကြောင်း ရန်စသလို အမူအရာနဲ့ လုပ်ပြပါတယ်။ ကိုယ်ထိလက်ရောက် ပြုမူတာတော့ မရှိလိုက်ပါဘူး။ လူစိမ်း အမျိုးသားက ကာရာအိုကေခန်း ထဲကနေ ပြန်ထွက်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ စိန်ခေါ်ခံလိုက်ရသလို […]
ယုံစားလွယ်တဲ့ မိန်းကလေးများ ဖတ်ထားသင့်သော ပုံပြင်
တခါတုန်းက ကောင်မလေး တယောက်ဟာ သူ့အဘွားအိမ်ကို သွားဖို့ ဆိုပြီး တောင်တက်လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ် ။ ခြေထောက်နားမှာ မြွေ တစ်ကောင် ၊ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား ။ အဲ့ဒီအချိန်မှာ ကောင်မလေး ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ် ။ ” ငါတော့ သေရတော့မယ် ထင်တယ်.. အရမ်းလည်း ချမ်းနေတယ်.. ဒီနေရာမှာ အရမ်းအေးတာပဲ.. အခုထိလည်း ဘာမှ မစားရသေးဘူး.. ဖြစ်နိုင်ရင် ငါ့ကို နင့်ရဲ့ အင်္ကျီထဲထည့်ပြီး အတူ ခေါ်သွားပါလား ” လို့မြွေက ပြောပါတယ် ။ ကောင်မလေးက ပြန်ပြောတယ် ။ ” မဖြစ်ဘူး.. မဖြစ်ဘူး.. […]
အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်းများ
အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်းများ လက်ထပ်ထားတာကြာလာတဲ့အခါ တချို့သူတွေက အရင်အတိုင်းချစ်မြဲချစ်ဆဲဆိုပေမယ့် တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့သွားသလို၊ စိမ်းသွားသလိုဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမှာ ဒီအချက်တွေဖြစ်နေရင် အမျိုးသမီးတွေက သူတို့ခင်ပွန်းကို မုန်းတဲ့အထိတောင်ဖြစ်သွားတတ်ပါတယ်။ (၁) မိသားစုအတွက်အချိန်မပေးတာ အိမ်ထောင်သည်တစ်ယောက်အတွက် မိသားစုကပထမဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ဇနီးမယားကို အချိန်မပေးဘဲ အလုပ်များတာကိုအကြောင်းပြပြီး အပေါင်းအသင်းတွေနဲ့ပဲအချိန်ကုန်နေတာ၊ အိမ်မှာထက်အပြင်မှာပဲ ပျော်မွေ့နေတာက ဇနီးတစ်ယောက်ရဲ့ စိတ်ထဲမှာ နာကျင်စေပါတယ်။ ကိုယ့်မိသားစုကိုအချိန်မပေးဘဲ အပြင်မှာပဲပျော်မွေ့နေတာမျိုးကို မိန်းမတွေက စိတ်ပျက်၊မုန်းတီးတတ်ပါတယ်။ (၂) ဆုံးဖြတ်ချက်ချဖို့မတိုင်ပင်တာ မိသားစုဆိုတာက တစ်ခုခုအတွက်ဆုံးဖြတ်ချက်ချတဲ့အခါ အားလုံးတိုင်ပင်ပြီး အတူတကွဆုံးဖြတ်ကြရမှာပါ။ တစ်ယောက်တည်းသဘောနဲ့ ဆုံးဖြတ်ချက်ချတာက တစ်ကိုယ်ကောင်းဆန်တာဖြစ်ပြီး မိသားစုကိုစိတ်ဝမ်းကွဲစေပါတယ်။ မတိုင်ပင်ဘဲ တစ်ယောက်တည်းသဘောနဲ့ဆုံးဖြတ်တာမျိုးက ဇနီးတွေကို စိတ်ပျက်စေပါတယ်။ (၃) ကတိမတည်တာ စကားတစ်ခွန်းကိုအလွယ်ပြောပြီး ကတိတွေကို လွယ်လွယ်ပေးပြီးမတည်တာကလည်း တစ်ဖက်လူကိုစိတ်ပျက်စေပါတယ်။ ကတိပျက်တာများတဲ့ယောကျာ်းကို မိန်းမဖြစ်သူက တဖြည်းဖြည်းစိတ်ပျက်၊စိတ်ကုန်လာတာမဆန်းပါဘူး။ […]
လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ ထက်ထက်မိုးဦး ရဲ့နောက်ကွယ်ကအကြောင်းအရာ….
လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ ထက်ထက်မိုးဦး ရဲ့နောက်ကွယ်ကအကြောင်းအရာ အကယ်ဒမီမင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကို အရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမက တစ်ချိန်ကကြောငြာဘုရင်မလို့တောင်တင်စားရတဲ့အထိအောင်မြင်ခဲ့တဲ့မင်းသမီးကြီးထက်ထက်မိုးဦးကတော့ကိုဗစ်ကာလမှာတန်ဖိုးကြီးပစ္စည်းတွေ ကိုlive လွှင့်ြပီးရောင်းချရာမှာစံချိန်တင်ရောင်းချနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ထက်ထက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလူထုလှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲအချိန်အတော်ကြာပျောက်နေခဲ့တာဘဲဖြစ်ပါတယ်။ မငြာခင်ရက်ပိုင်းလေးတုန်းကတော့ သူမက အခုဖြစ်နေတာတွေကနောင်ပျက်စီးဖို့အတွက်စတင်နေတာဖြစ်သလိုအခုပျက်နေတာတွေကလည်းနောင်ဖြစ်တည်နိုင်ဖို့အတွက်ပေးဆပ်နေခြင်းသာ၊ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စကားတိုင်းဖြစ်တည်နေချိန်ဘဝကြီးကိုအကောင်းဆုံးပျော်ရွှင်ဖြတ်သန်းရသလို၊ပျက်ဆီးဆုံးရှူံးနေရချိန်မှာလည်းကံကြမ္မာကိုအပြစ်မပုံနိုင်ပဲအကောင်းဆုံးခံနိုင်ရည်ရှိ အောင်ပဲထက်ကြိုးစားနေပါတယ်ဆိုပြီးရေးသားလာခဲ့ချိန်မှာတော့ သူမကိုဝေဖန်ပြောဆိုမှုတွေလည်း အတန်အသင့်ရှိလာခဲ့ပါသေးတယ်..မကြာခဏဆိုသလို ထက်ထက်က တောရွာလေးမှာ တရားအားထုတ်ရင်းဥပုတ်စောင့်နေတယ်ဆိုတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာပါသေးတယ်နော်.. အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်ထက်ထက်မိုးဦးကလွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသတင်းတွေထွက်ရှိနေခဲ့ပါတယ်၊သူမကတော့ တောတောင်လေးတွေကို ပြပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပြောဆိုခဲ့ပေမဲ့ သူမရောက်ရှိနေတာ ဘယ်နေရာ ဆိုတာတော့ ထူတ်ဖော်မပြောသွားပါဘူး .. . ပရိသတ်တွေကလည်း ထက်ထက်ရဲ့နောက်ကွယ်က ရှုခင်းတွေကြောင့် လွတ်မြောက်နယ်မြေလား ဘာလားဆိုပြီး ထင်မြင်ချက်ပေးနေကြတာ ဖြစ်မှာပါနော်…Cele World ပရိသတ်ကြီးရော ထက်ထက်တစ်ယောက် လွှတ်မြောက်နယ်မြေကို တကယ်ပဲ ရောက်နေတာလား မရောက်ဘူးလားဆိုတာကို ထင်မြင်ချက်လေးကို ရေးပေးသွားကြပါအုံးနော်… […]
ယနေ့မြန်မာပြည်ကြီး၏ အခြေအနေနှင့် သွေးထွက်အောင် မှန်ကန်နေတဲ့ နိမိတ်တဘောင်
သွေး ထွက်အောင် မှန်ကန်နေ တဲ့ နိမိတ်တဘောင်နှင့် ယနေ့မြန်မာပြည်ကြီး၏ အခြေအနေကို စာဖတ်သူ ချစ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော် တဘောင်တစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်”မှာ (၁) ဟင်္သာ မင်း အင်းကို ဆင်းမည်။ (၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ (၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ (၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။ (၅) သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ (၆) ဧရာဝတီ ခမ်းလိမ့်မည်။(၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မတွန်လို့ မိုးလင်း မည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း။ တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ။။ (၁) ဟင်္သာမင်း အင်းကိုဆင်းမည် -ဟံသာဝတီမွန်တို့ အင်း […]
ဘယ်တော့မှ ဖွင့်မပြောတတ်ကြပေမယ့် အမျိုးသား ၉၀%ကြောက်ကြတဲ့ လျှို့ဝှက်ချက် (၁၀)ခု
ဘယ်တော့မှ ဖွင့်မပြောတတ်ကြပေမယ့် အမျိုးသား ၉၀%ကြောက်ကြတဲ့ လျှို့ဝှက်ချက် (၁၀)ခု အမျိုးသားတွေမှာ လျှို့ဝှက်ထားတဲ့ ကြောက်ရွံ့မှုတွေ ရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါသလား? သူတို့ဟာ သန်မာပြီး ပြတ်သားတတ်ပုံပေါက်ပါတယ်။ “နည်းလမ်းမရှိဘူး” “ဘယ်လိုမှမဖြစ်နိုင်ဘူး”ဆိုတဲ့ စကားလုံးတွေဟာ မိန်းကလေးများစွာ ပြောခဲ့ဖူးလိမ့်မယ့် အရာတွေပါ။ သို့သော် ဒါက လူ့အဖွဲ့အစည်းက ချမှတ်လက်ခံထားတဲ့ သမားရိုးကျပုံစံသာ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသားတွေမှာ သူတို့ရဲ့ စိုးရိမ်မှုနှင့် ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောတတ်ကြတဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသားအများစု တကယ်စိုးရိမ်တတ်ကြတဲ့ အရာ(၁၀)ခုကို မျှဝေပေးလိုက်ပါတယ်။ ၁။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံ အမျိုးသမီးတွေဟာ ငယ်စဉ်ကစပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို အချိန်တိုင်း ဘယ်လို ထိန်းသိမ်းထားရမယ်၊ ဘယ်လိုပုံစံလေး ဖြစ်နေရမယ်လို့ သွန်သင်ထားခံရပါတယ်။ ဒါ့ကြောင့် သူတို့ဟာ […]
ကိုယ်သဘောမကျတဲ့သူကို ပါးနပ်စွာ ငြင်းပယ်နည်း(၇)နည်း…
ကိုယ်သဘောမကျတဲ့သူကို ပါးနပ်စွာ ငြင်းပယ်နည်း(၇)နည်း… လူတစ်ယောက်ကို ငြင်းပယ်ရတာ ပျော်စရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အငြင်းမတော်ရင် တခြားလူတစ်ယောက်အတွက် နာကျင်စရာတွေဖြစ်သွားနိုင်တာကိုလည်း ဆင်ခြင်ရပါတယ်။ ဒီနည်းလမ်းတွေကတော့ ယဉ်ကျေးစွာနဲ့ လူတစ်ယောက်ကို မနှစ်သက်ဘူးဆိုတာကို ပြနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ နောက်မကျပါစေနဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်ပေးထားတာက သူ့ရဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။ ပိုပြီး ခံစားရစေပါတယ်။ ဒါကြောင့် ကိုယ်သဘောမကျဘူးဆိုရင် မကျတဲ့အကြောင်း ပြသတာက သူ့ကိုကူညီရာရောက်ပါတယ်။ သီးသန့်ပြောပါ မချစ်နိုင်ပါဘူးဆိုတာကို အများရှေ့မှာ ငြင်းလိုက်တာထက် သီးသန့်ပြောဆိုပါ။ လူအများရှေ့မှာ ငြင်းပယ်ခံရတာထက် ဘယ်သူမှမရှိတာက ပိုပြီးစိတ်သက်သာရရစေပါလိမ့်မယ်။ မက်ဆင်ဂျာကနေ မပြောပါနဲ့ လက်မခံနိုင်တဲ့အကြောင်းကို မက်ဆင်ဂျာကနေ မက်ဆေ့ပို့ပြီး မပြောပါနဲ့။ ဒါက အဆင့်အတန်းမရှိသလိုဖြစ်စေပြီး ရိုင်းတယ်လို့ထင်ခံရနိုင်ပါတယ်။ ဒါကြောင့် လေးစားမှုရှိပါ။ သူတို့ရဲ့တုန့်ပြန်မှုကိုလေးစားပါ ကိုယ်ငြင်းပယ်လိုက်တဲ့အခါ သူတို့ရဲ့တုန့်ပြန်မှုကို လေးစားမှုရှိသင့်ပါတယ်။ တချို့လူတွေက လုံးဝစိတ်ဓာတ်ကျသွားတာမျိုး၊ […]
ယနေ့မိုးလေဝသ သတင်းထုတ်ပြန်ချက်
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]
ချဲထီပေါက်စေတယ်ဆိုပြီး ထိုင်းမှာ ပူဇော်ပသခံနေရတဲ့ ခေါင်းနှစ်လုံးနဲ့ ဝက်ကလေး
လူတွေဟာ သူတို့တစ်တွေ အားကိုးအားထား ပြုထိုက်တယ်လို့ စိတ်ထဲမှာခံယူလိုက်တာနဲ့ အဲဒီအရာကို ကိုးကွယ်ကြတော့တာ ဟိုးရှေးယခင်ကတည်းက အရိုးစွဲလာခဲ့တဲ့ အစဉ်အလာဖြစ်ပါတယ်။ ကမ္ဘာဦးအစက နေမင်း လမင်းတွေကို ကိုးကွယ်ကြတယ်။ နောက်တော့ ကံဆိုးကံကောင်းကို စီမံတယ်ဆိုတဲ့ နတ်တွေကို ကိုးကွယ်ကြတယ်။ နောက် နေရာဒေသအလိုက် မတူညီတဲ့ ကိုးကွယ်မှုတွေ ပေါ်ထွက်လာကြပါတယ်။ ဒါကြောင့် လူတစ်ယောက် ဘာကိုကိုးကွယ်တယ်ဆိုတာ သူ့အပြစ်မဟုတ်ပါဘူး။ သူ ယုံကြည်ရာကို ကိုးကွယ်ဆည်းကပ်မယ် ပူဇော်ပသမယ်ဆိုတာ သူရဲ့လုပ်ပိုင်ခွင့်နဲ့ ယုံကြည်ချက်ဖြစ်နေလို့ပါ။ ဒီလိုပဲ ကိုယ်ဘာကို ကိုးကွယ်တယ်ဆိုတာကိုလည်း သူများနဲ့ စံထိုးစရာမလိုပါဘူး။ အကြောင်းကတော့ ကိုယ်ယုံကြည်ရာအတိုင်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုးကွယ်ယုံကြည်ခွင့် ရှိနေလို့ ဖြစ်ပါတယ်။ အခုလည်း ထိုင်းမှာ ချဲထီပေါက်စေတယ်ဆိုပြီး ခေါင်းနှစ်လုံးပါ ဝက်ကလေးတစ်ကောင်ကို ကိုးကွယ်ပူဇော် ပသနေကြပါတယ်။ အဆိုပါ ဝက်ကလေးက သူတို့ကို […]









